သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 တရုတ်နဲ့ဆက်ဆံရေးတင်းမာချိန် တောင်တရုတ်ပင်လယ်မှာ ကန်စစ်ရေးလေ့ကျင့်


တရုတ်ထောက်လှမ်းရေးမိုးပျံပူဖောင်းကြီးကိုပစ်ချခဲ့ပြီးနောက် တောင်တရုတ်ပင်လယ်ပြင်အတွင်း စစ်ရေးလေ့ကျင့်ရာမှာဦးဆောင်ခဲ့တဲ့ USS Nimitz  လေယာဉ်တင်သင်္ဘောကြီး (ဖေဖေါ်ဝါရီ ၁၃၊ ၂၀၂၃)
တရုတ်ထောက်လှမ်းရေးမိုးပျံပူဖောင်းကြီးကိုပစ်ချခဲ့ပြီးနောက် တောင်တရုတ်ပင်လယ်ပြင်အတွင်း စစ်ရေးလေ့ကျင့်ရာမှာဦးဆောင်ခဲ့တဲ့ USS Nimitz  လေယာဉ်တင်သင်္ဘောကြီး (ဖေဖေါ်ဝါရီ ၁၃၊ ၂၀၂၃)

[[Zawgyi/Unicode]]

တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီးကိုပစ်ချခဲ့ပြီးနောက် ၂ နိုင်ငံကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ အမေရိကန်ရေတပ်နဲ့ ရေကြောင်းစစ်ဆင်ရေးတပ်ဖွဲ့ ပူးတွဲပြီး တောင်တရုတ်ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်ကြပါတယ်။

USS Nimitz လေယာဉ်တင်သင်္ဘောကြီးဦးဆောင်တဲ့ ရေတပ်အုပ်စုနဲ့ အမှတ် ၁၃ ရေကြောင်းချီတပ်ဖွဲ့တို့ ပူးတွဲစစ်ဆင်ရေးလေ့ကျင့်နေတယ်လို့ ဂျပန်နိုင်ငံမှာ အခြေစိုက်ထားတဲ့ အမှတ် ၇ အမေရိကန်ရေတပ်ဖွဲ့က တနင်္ဂနွေနေ့က ပြောပါတယ်။ စစ်သင်္ဘောတွေ၊ ကမ်းတက်တပ်ဖွဲ့တွေနဲ့ စစ်လေယာဉ်တွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို စနေနေ့က ပြုလုပ်ခဲ့ပေမယ့် ဘယ်အချိန်မှာစတင်ခဲ့ပြီး ဘယ်အချိန်မှာ ပြီးဆုံးခဲ့တယ်ဆိုတာကိုတော့ အသေးစိတ် မပြောခဲ့ပါဘူး။

နှစ်စဉ် ဒေါ်လာသန်းပေါင်း ၅ ထရီလီယံဝန်းကျင် ကုန်ပစ္စည်းတွေကို တင်ပို့ ဖြတ်သန်းနေကြတဲ့ နိုင်ငံတကာရေပိုင်နက်အတွင်း တခြားနိုင်ငံတွေက လာရောက် စစ်ရေးလေ့ကျင့်တာကို တရုတ်နိုင်ငံကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။ ဒါ့ပြင် အဲဒီ တောင်တရုတ်ပင်လယ်ပြင်တခုလုံးကိုလည်း တရုတ်နိုင်ငံက သူပိုင်ဆိုင်ကြောင်း အခိုင်အမာ ကြေညာထားပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ အဲဒီ တောင်တရုတ်ပင်လယ်ပြင် ရေပြင်ပိုင်နက်နဲ့ ထိစပ်မှုမရှိပေမယ့်လည်း လွတ်လပ်စွာရေကြောင်းနဲ့ လေကြောင်း သွားလာခွင့်ကို ထိန်းသိမ်းရမယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

အဲဒီအတွက် တရုတ်နိုင်ငံက သူတို့ပိုင်ဆိုင်တယ်လို့ ကြေညာထားပြီး ကင်းစခန်းတွေပါ တည်ဆောက်ထားတဲ့ Spratly ကျွန်းစုငယ်တွေအနီးကို တနှစ်အတွင်း အကြိမ်ပေါင်းများစွာ အမေရိကန် ရေတပ်စစ်သင်္ဘောတွေ ဖြတ်သန်း ခုတ်မောင်းသွားသွားတာဟာလည်း တရုတ်နိုင်ငံကို ဒေါသထွက်စေပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]







XS
SM
MD
LG