သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေး အမြောက်အများနဲ့ မသင်္ကာသူတွေ ထိုင်းဖမ်းဆီး


ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူရိုရုံးချုပ်မှာ ဇန်နဝါရီလ ၁၇ ရက်၊ အ င်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ထိုင်းမြန်မာနယ်စပ်က တပတ်အတွင်း ဖမ်းမိတဲ့ မူးယစ်စိတ်ကြွဆေးတွေအကြောင်း သတင်းထုတ်ပြန်စဉ်။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူရိုရုံးချုပ်မှာ ဇန်နဝါရီလ ၁၇ ရက်၊ အ င်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ထိုင်းမြန်မာနယ်စပ်က တပတ်အတွင်း ဖမ်းမိတဲ့ မူးယစ်စိတ်ကြွဆေးတွေအကြောင်း သတင်းထုတ်ပြန်စဉ်။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူရိုရုံးချုပ်မှာ မနေ့ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲအတွင်း ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ကနေ တောင်ပေါ် တိုင်းရင်းသား မူးယစ်မှောင်ခိုဂိုဏ်းဝင်တွေနဲ့အတူ စိတ်ကြွဆေးပြား ၁၅ သန်းကို ဇန်နဝါရီလ ၁၅ ရက်နဲ့ ၁၆ ရက်နေတွေမှာဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း ထိုင်းရဲချုပ်က သတင်းထုတ်ပြန်ပါတယ်။ တပတ်အတွင်းဖမ်းမိတဲ့စိတ်ကြွဆေးပြားက အလုံးရေ သန်း ၃၀ လောက်ရှိပြီး ကာလတန်ဖိုးဘတ်ငွေ သန်းပေါင်း ၂,၄၀၀ ရှိပါတယ်။ အခုလို တပတ်အတွင်းမူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိသူတွေထဲမှာ မြန်မာနိုင်ငံသားတွေလည်းပါဝင်နေတာပါ။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်၊

ထိုင်းနိုင်ငံထဲမှာ မူးယစ်ဆေးဝါးတွေ အများအပြားဖမ်းမိနေပြီး တပတ်အတွင်းမှာ စိတ်ကြွဆေးပြားအလုံးရေ သန်း ၃၀ လောက်ဖမ်းမိခဲ့တာပါ။ ဖမ်းမိသူတွေထဲမှာလည်း ထိုင်းနိုင်ငံသားတောင်ပေါ်တိုင်းရင်းသားတွေနဲ့အတူ မြန်မာနိုင်ငံသားတွေလည်းပါဝင်ပါတယ်။

ရဲချုပ် Pol. Gen. Chinnaphat Sarasin (ချီနဖတ် ဆာရစင်) က ဒီရက်ပိုင်းအတွင်း ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လို့အခုလိုပြောသွားပါတယ်။

“မူးယစ်ဆေးဝါးဂိုဏ်းက မှောင်ခိုကူးတဲ့သူတွေနဲ့အတူ မူးယစ်ဆေးဝါးတွေဟာ ထိုင်းနိုင်ငံထဲကို အလုံးအရင်းနဲ့ ဝင်ရောက်နေပါတယ်။ ဒါကို ရဲတပ်ဖွဲ့က နိုင်ငံတွင်း မဝင်ရောက်ခင်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အိမ်နီးနားချင်းနိုင်ငံတွေမှာ ခိုလှုံနေတဲ့ မူးယစ်ဆေးဝါးတွေကို ကြိုးကိုင်နေသူတွေကိုလည်း ကျနော်တို့ ဖော်ထုတ်မှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ မူးယစ်ကုန်ကူးနေတဲ့ကွန်ယက်တခုလုံးကို ဖမ်းဆီးအရေးယူသွားမှာဖြစ်ပါတယ်။” ဆိုပြီး ထိုင်းဘာသာနဲ့ပြောသွားတာပါ။

ထိုင်းနိုင်ငံမှာ တပတ်အတွင်း စိတ်ကြွဆေးပြား အမြောက်အများဖမ်းဆီးမိခဲ့ပြီး မူးယစ်ဆေး ရောင်းဝယ်သယ်ဆောင်မှုဖြစ်စဉ်တွေမှာ မြန်မာနိုင်ငံသားတွေ ပါဝင် တယ်လို့ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲကနေ အယုဒ္ဓယပည်နယ်အထိ ဝင်ရောက်လာတဲ့ မူးယစ်ဆေးအမြောက်အများကို ဒီရက်ပိုင်းမှာပဲ နေရာ (၃) ခုမှာ ဖမ်းဆီးနိုင်ခဲ့ပြီး စိတ်ကြွဆေးပြား ၁၅ သန်းကို ဖမ်းမိတာကတော့ ထိုင်းတောင်ပေါ်တိုင်းရင်းသားလူမျိုးစု မူးယစ်ကွန်ယက်ကဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ထိုင်းမြန်မာနယ်စပ် စံခဘူရီက စိုင်ယို့မြို့နယ် အတွင်းမှာ စိတ်ကြွဆေးပြားတသိန်း သယ်ဆောင်လာတဲ့ကားတစီးကို ဖမ်းမိခဲ့ရာမှာ သယ်ဆောင်လာသူက အသက် ၆၀ အရွယ် မြန်မာနိုင်ငံသူဖြစ်ပြီး ကလေးငယ်နှစ်ဦးလည်းပါဝင်နေခဲ့တာပါ။ ဖမ်းမိတဲ့မူးယစ်ဆေးတွေကို ဘုရားသုံးဆူဘက်က မြန်မာနိုင်ငံသားတဦးက ငွေပေးပြီး သယ်ဆောင်ခိုင်းတာဖြစ်ကြောင်း ကန်ချနဘူရီရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ နောက်ထပ် မြန်မာအမျိုးသားတဦးကိုလည်း ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့အဝေးပြေးလမ်းမမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်။

အခုဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေအပါအဝင် တပတ်အတွင်း ဖမ်းမိတဲ့စိတ်ကြွဆေးပြားပေါင်း သန်း ၃၀ ကျော်ပြီဖြစ်ပါတယ်။ အများစုဟာ ထိုင်းမြန်မာနယ်စပ် ချင်းမိုင်နဲ့ ချင်းရိုင်ပြည်နယ်တွေက ဝင်ရောက်လာတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]










XS
SM
MD
LG