သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းလူ႔အခြင့္အေရးလႈပ္ရွားသူတခ်ဳိ႕  Pegasus spyware နဲ႔ေထာက္လွမ္းခံရ


လက္ကိုင္ဖံုးေတြထဲထည့္ထားၿပီး ေထာက္လွမ္းတဲ့ Pegasus အစၥေရးလုပ္ေထာက္လွမ္းေရး spyware စကားလံုးနဲ႔ သေကၤတကုဒ္။  

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံက အစိုးရဆန္႔က်င္ဆႏၵျပသူဒါဇင္နဲ႔ခ်ီရဲ႕ လက္ကိုင္ဖုန္းေတြထဲကို အစၥေရးလုပ္ Pegasus ေထာက္လွမ္းေရး spyware ထည့္ေထာက္လွမ္းခံရတယ္လု႔ိ ႏိုင္ငံတကာ ဒစ္ဂ်စ္တယ္အခြင့္အေရးလႈပ္ရွားတဲ့အဖဲြ႕က အစီရင္ခံစာ ထုတ္ျပန္လိုက္ပါတယ္။

ဘုရင္မိသားစုအေပၚ ေဝဖန္လို႔မရတဲ့ တင္းၾကပ္တဲ့ဥပေဒကို ေလွ်ာ့ခ်ေပးဖို႔ အပါအဝင္ လြန္ခဲ့တဲ့ ၂ ႏွစ္က ထိုင္းမွာေထာင္နဲ႔ခ်ီတဲ့ ျပည္သူေတြ လူ႔အခြင့္အေရးေတာင္းဆို ဆႏၵျပမႈေတြ အရွိန္ျမင့္ေနစဥ္ကာလက ဆႏၵျပသူေတြကို Pegasus ေထာက္လွမ္းေရး spyware သံုး ေထာက္လွမ္းခံရတယ္လို႔ ကေနဒါအေျခစိုက္ Citizen Lab နဲ႔ ထိုင္းက iLaw နဲ႔ DigitalReach တို႔က ပူးတဲြအစီရင္ခံထုတ္ျပန္ခဲ့တာပါ။ သူတို႔ စံုစမ္းေတ႔ြရွိခ်က္အရ တက္ႂကြလႈပ္ရွားသူ ၃၀ ေလာက္အျပင္ ပညာရွင္ေတြ၊ ေရွ႕ေနေတြ၊ NGO ေတြစတဲ့ ႏိုင္ငံသားအခြင့္အေရးလႈပ္ရွားတဲ့အဖဲြ႕ေတြန႔ဲ ဆက္ႏြယ္ေနသူေတြရဲ႕ လက္ကိုင္မိုဘိုင္းဖုန္းေတြထဲမွာ ေထာက္လွမ္းေရး spyware ထည့္ခံရၿပီး ေထာက္လွမ္းခဲ့ရတယ္လို႔ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။

အစၥေရးႏိုင္ငံ NSO Group လုပ္ငန္းက ဖန္တီးတဲ့ Pegasus software လက္ကိုင္ ဖုန္းထဲေရာက္သြားၿပီဆိုရင္ အဲဒီလက္ကိုင္ဖုန္းထဲက အခ်က္အလက္ေတြကို ရယူေပးႏိုင္သလို ဖုန္းကင္မရာနဲ႔ မိုက္က႐ိုဖုန္းေတြကို သံုးသူမသိဘဲ လွ်ဳိ႕ဝွက္ အပိတ္အဖြင့္လုပ္ႏိုင္ပါတယ္။ အဲဒီ ေထာက္လွမ္းေရး Spyware ကို ဘယ္သူက ထည့္ၿပီး ေထာက္လွမ္းသလဲဆိုတာကို အစီရင္ခံစာထဲမွာ ေဖာ္ျပမထားပါဘူး။ ဒါေပမယ့္ အဲဒီ Pegasus ေထာက္လွမ္းေရး Software ကို NSO Group က အစိုးရေတြကိုသာ ေရာင္းခ်တာျဖစ္တယ္ဆိုတာကိုေတာ့ အစီရင္ခံစာက ေထာက္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ထိုင်းလူ့အခွင့်အရေးလှုပ်ရှားသူတချို့ Pegasus spyware နဲ့ထောက်လှမ်းခံရ

ထိုင်းနိုင်ငံက အစိုးရဆန့်ကျင်ဆန္ဒပြသူဒါဇင်နဲ့ချီရဲ့ လက်ကိုင်ဖုန်းတွေထဲကို အစ္စရေးလုပ် Pegasus ထောက်လှမ်းရေး spyware ထည့်ထောက်လှမ်းခံရတယ်လု့ိ နိုင်ငံတကာ ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဘုရင်မိသားစုအပေါ် ဝေဖန်လို့မရတဲ့ တင်းကြပ်တဲ့ဥပဒေကို လျှော့ချပေးဖို့ အပါအဝင် လွန်ခဲ့တဲ့ ၂ နှစ်က ထိုင်းမှာထောင်နဲ့ချီတဲ့ ပြည်သူတွေ လူ့အခွင့်အရေးတောင်းဆို ဆန္ဒပြမှုတွေ အရှိန်မြင့်နေစဉ်ကာလက ဆန္ဒပြသူတွေကို Pegasus ထောက်လှမ်းရေး spyware သုံး ထောက်လှမ်းခံရတယ်လို့ ကနေဒါအခြေစိုက် Citizen Lab နဲ့ ထိုင်းက iLaw နဲ့ DigitalReach တို့က ပူးတွဲအစီရင်ခံထုတ်ပြန်ခဲ့တာပါ။ သူတို့ စုံစမ်းတေ့ွရှိချက်အရ တက်ကြွလှုပ်ရှားသူ ၃၀ လောက်အပြင် ပညာရှင်တွေ၊ ရှေ့နေတွေ၊ NGO တွေစတဲ့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေနဲ့ ဆက်နွယ်နေသူတွေရဲ့ လက်ကိုင်မိုဘိုင်းဖုန်းတွေထဲမှာ ထောက်လှမ်းရေး spyware ထည့်ခံရပြီး ထောက်လှမ်းခဲ့ရတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အစ္စရေးနိုင်ငံ NSO Group လုပ်ငန်းက ဖန်တီးတဲ့ Pegasus software လက်ကိုင် ဖုန်းထဲရောက်သွားပြီဆိုရင် အဲဒီလက်ကိုင်ဖုန်းထဲက အချက်အလက်တွေကို ရယူပေးနိုင်သလို ဖုန်းကင်မရာနဲ့ မိုက်ကရိုဖုန်းတွေကို သုံးသူမသိဘဲ လျှို့ဝှက် အပိတ်အဖွင့်လုပ်နိုင်ပါတယ်။ အဲဒီ ထောက်လှမ်းရေး Spyware ကို ဘယ်သူက ထည့်ပြီး ထောက်လှမ်းသလဲဆိုတာကို အစီရင်ခံစာထဲမှာ ဖော်ပြမထားပါဘူး။ ဒါပေမယ့် အဲဒီ Pegasus ထောက်လှမ်းရေး Software ကို NSO Group က အစိုးရတွေကိုသာ ရောင်းချတာဖြစ်တယ်ဆိုတာကိုတော့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

XS
SM
MD
LG