သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ၊ ကေမာၻဒီးယားနဲ႔ လာအိုက ေရႊ႕ေျပာင္းအလုပ္သမား ၁၆၀,၀၀၀ ေက်ာ္ ထိုင္းႏိုင္ငံ ထပ္တိုးလက္ခံမည္


ထိုင္းႏိုင္ငံဘက္ အလုပ္အကိုင္ရွာဖို႔သြားၾကတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား။ 

[[Zawgyi/Unicode]]

ကိုဗစ္ကပ္ေဘးေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံေတြက ေရႊ႕ေျပာင္း အလုပ္သမားေတြကို ကန္႔သတ္ထားတဲ့ ထိုင္းႏိုင္ငံမွာ ကပ္ေဘးဆိုင္ရာ ကန္႔သတ္ခ်က္ေတြ ျပန္လည္ ေျဖေလွ်ာ့လာေနတာနဲ႔အမွ် ျမန္မာ၊ ကေမာၻဒီးယားနဲ႔ လာအိုႏိုင္ငံေတြက ေရႊ႕ေျပာင္း အလုပ္သမား ၁ သိန္း ၆ ေသာင္းေက်ာ္ ထပ္တိုး လက္ခံဖို႔ ရွိေၾကာင္း ထိုင္းအစိုးရ အလုပ္အကိုင္ ရွာေဖြေရးဌာနက ေျပာပါတယ္။ အခု အသစ္လက္ခံမယ့္ အထဲမွာ ျမန္မာႏိုင္ငံက ေရႊ႕ေျပာင္းအလုပ္သမားေတြက အမ်ားစု ျဖစ္ပါတယ္။

ျမန္မာအလုပ္သမား ၁ သိန္း ၁ ေသာင္း ၇ ေထာင္ေက်ာ္၊ ကေမာၻဒီးယားႏိုင္ငံက ၃ ေသာင္း ၈ ေထာင္ေက်ာ္နဲ႔ လာအိုႏိုင္ငံက ၁ ေသာင္း ၁ ေထာင္ေက်ာ္ လက္ခံသြားဖို႔ အဲ့ဒီႏိုင္ငံေတြနဲ႔ နားလည္မႈ စာခၽြန္လႊာ လက္မွတ္ေရးထိုးၿပီးျဖစ္ေၾကာင္း ထိုင္း အလုပ္အကိုင္ ရွာေဖြေရးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ Pairoj Chotikasathien က ဒီကေန႔ ေျပာပါတယ္။ ကိုဗစ္ကပ္ေဘးကာလအတြင္း ေနရပ္မျပန္ဘဲ ထိုင္းႏိုင္ငံတြင္းမွာပဲ ဆက္ရွိေနခဲ့ၾကတဲ့ ေရႊ႕ေျပာင္းအလုပ္သမား ၂ သန္း ေက်ာ္ကိုလည္း အလုပ္ဗီဇာ သက္တမ္းတိုးခြင့္ ျပဳထားတယ္လို႔ သူက ေျပာပါတယ္။

ကိုဗစ္ကပ္ေဘးေၾကာင့္ ၂ ႏွစ္ေက်ာ္ ထိခိုက္ခဲ့ရတဲ့ ထိုင္းစီးပြားေရး ျပန္လည္ နာလန္ထူဖို႔ ႀကိဳးစားေနခ်ိန္မွာ အလုပ္သမားလိုအပ္ခ်က္ ႀကီးမားလာတာေၾကာင့္ ခုလို အိမ္နီးခ်င္းႏိုင္ငံေတြက ေရႊ႕ေျပာင္း အလုပ္သမားေတြကို ျပန္လည္ လက္ခံလာတာ ျဖစ္ပါတယ္။ ဒီ့မတိုင္ခင္ကေတာ့ ကိုဗစ္ကပ္ေဘး စိုးရိမ္ရတဲ့အတြက္ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ ေရႊ႕ေျပာင္း အလုပ္သမားေတြကို တင္းတင္းက်ပ္က်ပ္ တားျမစ္ခဲ့တာပါ။ ဒီလို တားျမစ္ထားတဲ့ၾကားမွာကိုပဲ ျမန္မာအပါအဝင္ ႏြမ္းပါးတဲ့ အိမ္နီးခ်င္း ႏိုင္ငံေတြကေန ထိုင္းႏိုင္ငံထဲဝင္ေရာက္ဖို႔ ႀကိဳးစားသူေတြနဲ႔ ေသာင္းနဲ႔ခ်ီ ရွိခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္တြင္း ဖမ္းဆီး ခံရသူေတြ အမ်ားအျပား ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုက ရွှေ့ပြောင်းအလုပ်သမား ၁၆၀,၀၀၀ ကျော် ထိုင်းနိုင်ငံ ထပ်တိုးလက်ခံမည်

ကိုဗစ်ကပ်ဘေးကြောင့် အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်း အလုပ်သမားတွေကို ကန့်သတ်ထားတဲ့ ထိုင်းနိုင်ငံမှာ ကပ်ဘေးဆိုင်ရာ ကန့်သတ်ချက်တွေ ပြန်လည် ဖြေလျှော့လာနေတာနဲ့အမျှ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက ရွှေ့ပြောင်း အလုပ်သမား ၁ သိန်း ၆ သောင်းကျော် ထပ်တိုး လက်ခံဖို့ ရှိကြောင်း ထိုင်းအစိုးရ အလုပ်အကိုင် ရှာဖွေရေးဌာနက ပြောပါတယ်။ အခု အသစ်လက်ခံမယ့် အထဲမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေက အများစု ဖြစ်ပါတယ်။

မြန်မာအလုပ်သမား ၁ သိန်း ၁ သောင်း ၇ ထောင်ကျော်၊ ကမ္ဘောဒီးယားနိုင်ငံက ၃ သောင်း ၈ ထောင်ကျော်နဲ့ လာအိုနိုင်ငံက ၁ သောင်း ၁ ထောင်ကျော် လက်ခံသွားဖို့ အဲ့ဒီနိုင်ငံတွေနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ထိုင်း အလုပ်အကိုင် ရှာဖွေရေးဌာန ညွှန်ကြားရေးမှူးချုပ် Pairoj Chotikasathien က ဒီကနေ့ ပြောပါတယ်။ ကိုဗစ်ကပ်ဘေးကာလအတွင်း နေရပ်မပြန်ဘဲ ထိုင်းနိုင်ငံတွင်းမှာပဲ ဆက်ရှိနေခဲ့ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂ သန်း ကျော်ကိုလည်း အလုပ်ဗီဇာ သက်တမ်းတိုးခွင့် ပြုထားတယ်လို့ သူက ပြောပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် ၂ နှစ်ကျော် ထိခိုက်ခဲ့ရတဲ့ ထိုင်းစီးပွားရေး ပြန်လည် နာလန်ထူဖို့ ကြိုးစားနေချိန်မှာ အလုပ်သမားလိုအပ်ချက် ကြီးမားလာတာကြောင့် ခုလို အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်း အလုပ်သမားတွေကို ပြန်လည် လက်ခံလာတာ ဖြစ်ပါတယ်။ ဒီ့မတိုင်ခင်ကတော့ ကိုဗစ်ကပ်ဘေး စိုးရိမ်ရတဲ့အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်း အလုပ်သမားတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့တာပါ။ ဒီလို တားမြစ်ထားတဲ့ကြားမှာကိုပဲ မြန်မာအပါအဝင် နွမ်းပါးတဲ့ အိမ်နီးချင်း နိုင်ငံတွေကနေ ထိုင်းနိုင်ငံထဲဝင်ရောက်ဖို့ ကြိုးစားသူတွေနဲ့ သောင်းနဲ့ချီ ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွင်း ဖမ်းဆီး ခံရသူတွေ အများအပြား ရှိခဲ့ပါတယ်။
===============

XS
SM
MD
LG