သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အမႈေတြကို ေနျပည္ေတာ္အက်ဥ္းေထာင္မွာ စတင္ စစ္ေဆးေတာ့မည္


ေဒၚေအာင္ဆန္းစုၾကည္ (သတင္းဓာတ္ပံု - Myanmar State Counsellor Office)/ယခင္မွတ္္တမ္းဓာတ္ပံု

[[Zawgyi/Unicode]]

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္အခ်ဳပ္ေထာင္တြင္း တရား႐ုံးမွာ မနက္ျဖန္ကစၿပီး ႐ုံးထုတ္ စစ္ေဆးေတာ့မွာ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈေတြအကုန္လုံးကို ေနျပည္ေတာ္ အခ်ဳပ္ေထာင္တြင္းက အထူးတရား႐ုံးမွာ ေျပာင္းစစ္ေဆးဖို႔ စစ္ေကာင္စီဘက္က စီစဥ္ေနခဲ့တာမွာ မနက္ျဖန္စစ္ေဆးမယ့္ ႏိုင္ငံေတာ္လ်ိဳ႕ဝွက္အက္ဥပေဒ ခ်ိဳးေဖာက္တယ္ဆိုၿပီး စြပ္စြဲထားတဲ့ အမႈကစလို႔ ေနျပည္ေတာ္ အက်ဥ္းေထာင္မွာ စစ္ေဆးသြားမယ္လို႔ သိရပါတယ္။

တခ်ိန္တည္းမွာပဲ ေဒၚေအာင္ဆန္းစုၾကည္ကို ဒီကေန႔ေနလည္ပိုင္းက ေနျပည္ေတာ္ အက်ဥ္းေထာင္ကို ေခၚေဆာင္သြားတယ္လို႔ သိရၿပီး အဲလိုေခၚေဆာင္ၿပီး နာရီပိုင္းအၾကာမွာ လက္ရွိ ထိန္းသိမ္းထားတဲ့ေနရာကို ျပန္လည္ ပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ဒီျဖစ္စဥ္ေတြနဲ႔ ပတ္သက္လို႔ သက္ဆိုင္ရာ စစ္ေကာင္စီတာဝန္ရွိသူေတြနဲ႔ အက်ဥ္းဦးစီးဌာနတို႔ကို ဗြီအိုေအက အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေပမယ့္ ျပန္ေျဖဆိုျခင္း မရွိခဲ့ပါဘူး။

ေဒၚေအာင္ဆန္းစုၾကည္ဟာ သူမႏိုင္ငံေတာ္အၾကံေပးပုဂၢဳိလ္အျဖစ္ တာဝန္ထမ္းေဆာင္ခ်ိန္မွာ ေနခဲ့တဲ့ ေနျပည္ေတာ္၊ ေဇယ်ာသီရိရပ္ကြက္က ေနအိမ္ကေန စစ္ေကာင္စီက ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလထဲမွာ ဖယ္ရွားေ႐ႊ႕ေျပာင္းေ႐ႊ႕ခံခဲ့ရပါတယ္။ ေနျပည္ေတာ္က လွ်ဳိ႕ဝွက္ ေနရာတခုမွာ သူမကို ဆက္ထိန္းသိမ္းထားေပမယ့္ ဘယ္ေနရာျဖစ္တယ္ဆိုတာ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ မသိဘူးလို႔ ဆိုပါတယ္။

သူမကို အမႈေပါင္းမ်ားစြာနဲ႔ စြပ္စြဲအၿပီးမွာ ေနျပည္ေတာ္ ေကာင္စီဝင္းထဲမွာ အထူးတရား႐ုံးျပဳလုပ္ၿပီး တရားရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာ ေနျပည္ေတာ္အခ်ဳပ္ေထာင္တြင္း အေဆာက္အဦးေနရာတခုကို ျပန္လည္ျပင္ဆင္ၿပီး အဲဒီေနရာမွာ အထူးတရား႐ုံးထားၿပီး စစ္ေဆးသြားမယ္လို႔ ကနဦး သိထားရပါတယ္။

ဒီကေန႔မွာေတာ့ NLD အစိုးရလက္ထက္ေနျပည္ေတာ္ ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္နဲ႔ ေနျပည္ေတာ္ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးတို႔ကို စစ္ေကာင္စီက အဂတိမႈေတြနဲ႔ ႏွစ္ရွည္ေထာင္ဒဏ္ေတြ ခ်မွတ္လိုက္ပါတယ္။

ေဒါက္တာမ်ိဳးေအာင္ကို ေထာင္ ၁၅ ႏွစ္နဲ႔ ဦးရဲမင္းဦးကို ေထာင္ ၃ ႏွစ္ စစ္ေကာင္စီ ခ်မွတ္ခဲ့တာပါ။ ေဒါက္တာမ်ိဳးေအာင္ကို စြဲဆိုထားတဲ့ အဂတိမႈ ငါးမႈမွာတမႈကိုသုံးႏွစ္စီနဲ႔ ေထာင္ဒဏ္ စုစုေပါင္း ၁၅ ႏွစ္၊ ဦးရဲမင္းဦးကို အဂတိမႈတမႈအတြက္ ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

ဦးရဲမင္းဦးဟာ ၿပီးခဲ့တဲ့ ဇြန္ ၂၀ ရက္ေန႔တုန္းကလည္း ေနျပည္ေတာ္ ဖြံ႕ၿဖိဳးေရးဘဏ္ ကိစၥနဲ႔ပတ္သက္ၿပီး သူ႔ကိုစြဲဆိုထားတဲ့ အဂတိမႈေတြအတြက္ ေထာင္ ၁၅ ႏွစ္ မွတ္ခံထားရၿပီျဖစ္ၿပီး ခုထပ္မံခ်မွတ္ခံရတဲ့ ေထာင္ ၃ ႏွစ္နဲ႔ဆိုရင္ စုစုေပါင္း ေထာင္ ၁၈ ႏွစ္ ရွိၿပီျဖစ္ကာ အမႈေတြအတြက္ သီးျခားစီက်ခံရမယ္လို႔ တရား႐ုံးက အမိန႔္ခ်ပါတယ္။

ဒီကေန႔ခ်မွတ္လိုက္တဲ့အမႈေတြကေတာ့ ေနျပည္ေတာ္ ေကာင္စီဥကၠ႒ တာဝန္ယူထားခ်ိန္မွာ ေျမေနရာခ်ထားမႈေတြနဲ႔ စီမံကိန္းခ်ထားမႈေတြမွာ အဂတိလိုက္စားခဲ့တယ္လို႔ စြပ္စြဲခ်က္နဲ႔ အခုလိုအမႈစြဲခံရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ကာယကံရွင္ေတြက အျပစ္မရွိေၾကာင္းျငင္းဆိုထားၿပီး အမႈအရ အဂတိလိုက္စားမႈေျမာက္တယ္လို႔ တဘက္တရားစြဲအဖြဲ႕ဘက္က တိတိက်က် တင္ျပႏိုင္တာ မရွိဘူးလို႔ သိရပါတယ္။ ေနာက္တပါတ္ ႐ုံးခ်ိန္းကစၿပီး အထက္တရား႐ုံးအဆင့္ဆင့္ တက္ေရာက္သြားဖို႔ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]


ဒေါ်အောင်ဆန်းစုကြည်အမှုတွေကို နေပြည်တော်အကျဉ်းထောင်မှာ စတင် စစ်ဆေးတော့မည်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးမှာ မနက်ဖြန်ကစပြီး ရုံးထုတ် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေအကုန်လုံးကို နေပြည်တော် အချုပ်ထောင်တွင်းက အထူးတရားရုံးမှာ ပြောင်းစစ်ဆေးဖို့ စစ်ကောင်စီဘက်က စီစဉ်နေခဲ့တာမှာ မနက်ဖြန်စစ်ဆေးမယ့် နိုင်ငံတော်လျို့ဝှက်အက်ဥပဒေ ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲထားတဲ့ အမှုကစလို့ နေပြည်တော် အကျဉ်းထောင်မှာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့နေလည်ပိုင်းက နေပြည်တော် အကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ သိရပြီး အဲလိုခေါ်ဆောင်ပြီး နာရီပိုင်းအကြာမှာ လက်ရှိ ထိန်းသိမ်းထားတဲ့နေရာကို ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ အကျဉ်းဦးစီးဌာနတို့ကို ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ပြန်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမနိုင်ငံတော်အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ နေခဲ့တဲ့ နေပြည်တော်၊ ဇေယျာသီရိရပ်ကွက်က နေအိမ်ကနေ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာ ဖယ်ရှားရွှေ့ပြောင်းရွှေ့ခံခဲ့ရပါတယ်။ နေပြည်တော်က လျှို့ဝှက် နေရာတခုမှာ သူမကို ဆက်ထိန်းသိမ်းထားပေမယ့် ဘယ်နေရာဖြစ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မသိဘူးလို့ ဆိုပါတယ်။

သူမကို အမှုပေါင်းများစွာနဲ့ စွပ်စွဲအပြီးမှာ နေပြည်တော် ကောင်စီဝင်းထဲမှာ အထူးတရားရုံးပြုလုပ်ပြီး တရားရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာ နေပြည်တော်အချုပ်ထောင်တွင်း အဆောက်အဦးနေရာတခုကို ပြန်လည်ပြင်ဆင်ပြီး အဲဒီနေရာမှာ အထူးတရားရုံးထားပြီး စစ်ဆေးသွားမယ်လို့ ကနဦး သိထားရပါတယ်။

ဒီကနေ့မှာတော့ NLD အစိုးရလက်ထက်နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နဲ့ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့ကို စစ်ကောင်စီက အဂတိမှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

ဒေါက်တာမျိုးအောင်ကို ထောင် ၁၅ နှစ်နဲ့ ဦးရဲမင်းဦးကို ထောင် ၃ နှစ် စစ်ကောင်စီ ချမှတ်ခဲ့တာပါ။ ဒေါက်တာမျိုးအောင်ကို စွဲဆိုထားတဲ့ အဂတိမှု ငါးမှုမှာတမှုကိုသုံးနှစ်စီနဲ့ ထောင်ဒဏ် စုစုပေါင်း ၁၅ နှစ်၊ ဦးရဲမင်းဦးကို အဂတိမှုတမှုအတွက် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဦးရဲမင်းဦးဟာ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့တုန်းကလည်း နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် ကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုစွဲဆိုထားတဲ့ အဂတိမှုတွေအတွက် ထောင် ၁၅ နှစ် မှတ်ခံထားရပြီဖြစ်ပြီး ခုထပ်မံချမှတ်ခံရတဲ့ ထောင် ၃ နှစ်နဲ့ဆိုရင် စုစုပေါင်း ထောင် ၁၈ နှစ် ရှိပြီဖြစ်ကာ အမှုတွေအတွက် သီးခြားစီကျခံရမယ်လို့ တရားရုံးက အမိန့်ချပါတယ်။

ဒီကနေ့ချမှတ်လိုက်တဲ့အမှုတွေကတော့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ တာဝန်ယူထားချိန်မှာ မြေနေရာချထားမှုတွေနဲ့ စီမံကိန်းချထားမှုတွေမှာ အဂတိလိုက်စားခဲ့တယ်လို့ စွပ်စွဲချက်နဲ့ အခုလိုအမှုစွဲခံရတာ ဖြစ်ပါတယ်။ ဒါပေမယ့်ကာယကံရှင်တွေက အပြစ်မရှိကြောင်းငြင်းဆိုထားပြီး အမှုအရ အဂတိလိုက်စားမှုမြောက်တယ်လို့ တဘက်တရားစွဲအဖွဲ့ဘက်က တိတိကျကျ တင်ပြနိုင်တာ မရှိဘူးလို့ သိရပါတယ်။ နောက်တပါတ် ရုံးချိန်းကစပြီး အထက်တရားရုံးအဆင့်ဆင့် တက်ရောက်သွားဖို့ ရှိနေပါတယ်။
============

XS
SM
MD
LG