သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဒဏ်ချထားတဲ့အပေါ် ပြန်စဉ်းစားဖို့ အစီအစဉ်မရှိ (စစ်ကောင်စီပြောခွင့်ရ)


 ကိုဖြိုးဇေယျာသော်နဲ့၈၈ငြိမ်းပွင့် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ (ယခင်မှတ်တမ်းဓါတ်ပုံ)
ကိုဖြိုးဇေယျာသော်နဲ့၈၈ငြိမ်းပွင့် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ (ယခင်မှတ်တမ်းဓါတ်ပုံ)

[[Zawgyi/Unicode]]

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ရဲ့ သေဒဏ်အမိန့်နဲ့ပတ်သက်လို့ နိုင်ငံတကာက ဝေဖန်ဖိအား ပေးမှုတွေကြောင့် သေဒဏ်ချမှတ်တဲ့အပေါ် ပြန်လည်စဉ်းစားဖို့ အစီအစဉ်မရှိဘူးလို့ ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း စစ်ကောင်စီက ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့အတွင်းမှာ ပေါက်ကွဲမှုတွေ စိပ်လာတာတွေနဲ့ပတ်သက်လို့လည်း ထိရောက်စွာ ကိုင်တွယ်သွားဖို့ လုံခြုံရေး တိုးမြင့်သွားမယ် လို့ ပြောကြားခဲ့ပါတယ်။ ဒီသတင်း အပြည့်အစုံ ရန်ကုန်က ပေးပို့တာကိုတောံ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အကြမ်းဖက်မှုဥပဒေပုဒ်မတွေနဲ့ တရားစွဲထားတဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ကို ဇန်နဝါရီ ၂၁ ရက်ကတည်းက စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့တာပါ။ အမိန့်ချတဲ့ တရားရုံးဘက်ကတင်ပြလာတဲ့ သေဒဏ်အမိန့်ကို အထက်တရားရုံးအဆင့်ဆင့် အပါအဝင် စစ်ကောင်စီဘက်ကပါ အတည်ပြုခဲ့တဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အစိုးရတွေအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက ဒီကြိုးပေးတဲ့ အစီစဉ်အပေါ် ဝေဖန်မှုတွေရှိခဲ့တာပါ။

နိုင်ငံတကာက အဲဒီလို ဝေဖန် ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံရဲ့အချုပ်အခြာအရနဲ့ နိုင်ငံလုံခြုံရေးအရ ဆုံးဖြတ်တာဖြစ်တယ်လို့ ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုန့်ပြန် ပြောကြားလိုက်တာပါ။

“ကျနော်တို့ တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ နောင်မှာ အလားတူဖြစ်စဉ်မျိုးတွေကိုမလုပ်နိုင်အောင်၊ နောင်မှာ အလားတူဖြစ်စဉ်မျိုးတွေကိုမလုပ်ရအောင်..အဲဒီတော့ ဒါကို တရားမမျှတဘူးလို့ ကျနော်တို့ ဘာကိုပြောမလဲ။ ဒီလိုပဲပြောချင်ပါတယ်။ ကျနော်တို့ပြောချင်တာကတော့ မြန်မာနိုင်ငံအနေနဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုဖြစ်ပါတယ်။ အချုပ်အခြာပိုင်နိုင်ငံတခုမှာ ကျနော်တို့ အချုပ်အခြာအာဏာရဲ့ပြယုဒ်တွေဖြစ်တဲ့ အခုနကပြောတဲ့ မဏ္ဍိုင်ကြီးများနဲ့ပတ်သက်ပြီးတော့ကျ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ဒီမဏ္ဍိုင်တွေကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ လိုအပ်တဲ့အခါမှာ လိုအပ်တဲ့အချိန်အလျှောက် လုပ်ဆောင်ရတာမျိုးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သေဒဏ်စီရင်ချက်ကို ကြိုးမိန့်ပေးတာက ၁၉၈၉ ခုနှစ် မတ်လတုန်းက နောက်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံရေးအတိုက်အခံတွေကို ကြိုးပေး ကွပ်မျက်ခဲ့တာကတော့ ၁၉၇၆ ခုနှစ်တုန်းက ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦးနဲ့ ၁၉၇၇ ခုနှစ်မှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ကို သေဒဏ်ကွပ်မျက်တာ နောက်ဆုံးဖြစ်ပါတယ်။ နောက်ပိုင်း သေဒဏ်ကြိုးမိန့် ပေးခံရသူတွေကို ကွပ်မြက် စီရင်တာမရှိဘဲ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ပြောင်းခဲ့ပါတယ်။

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ၂ ဦးကို ခုချိန်ထိ ဘယ်နေ့မှာ ကြိုးမိန့်ပေးမယ်ဆိုတာကို အတိအကျမပြောသေးဘဲ အကျဉ်းထောင် လုပ်ထုံးလုပ်နည်းတွေအတိုင်း စီရင်မယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာတော့ စစ်တပ်အနေနဲ့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွေမှာ ဘယ်လို အခန်းကဏ္ဍနဲ့ ဆက်ရပ်တည်မလဲ ဆိုတာနဲ့ပတ်သတ်လို့ သတင်းထောက်တဦးက မေးမြန်းတဲ့အပေါ်မှာတော့ မြန်မာ့နိုင်ငံရေးမှာ ဆက်လက်တည်ရှိဖို့ ရှိမရှိဆိုတာ တိတိကျကျ မဖြေခဲ့ပေမယ့် မြန်မာနိုင်ငံမှာ တပ်မတော်လိုလားတဲ့ အခြေအနေဖြစ်လာဖို့ လုပ်ဆောင်သွားမယ်လို့သာ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ဦးတည်သွားနေတာသည် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်ကို ကျနော်တို့ ခိုင်ခိုင်မာမာ အာမခံနေလို့ သွားနေတာဖြစ်တယ်။ပါတီစုံဒီမိုကရေစီစနစ်ဆိုတာထက် ဒီမိုကရေစီစနစ်ရဲ့ကျင့်စဉ်တွေ၊ ဒီမိုကရေစီစနစ်ရဲ့လုပ်ဆောင်ရမယ့်နည်းလမ်းတွေ၊ ဒီမိုကရေစီစနစ်ရဲ့သွားတဲ့လမ်းကြောင်းတွေမှာ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ဘယ်လိုသွားရမယ်ဆိုတာ ပါတီတွေအနေနဲ့ကော၊ ပြည်သူလူထုအနေနဲ့ကော Institution ကျနော်တို့တပ်မတော်အပါအဝင် Institution အသီးသီးအနေနဲ့ ဘယ်လိုသွားရမယ်၊ ဘယ်လိုလာရမယ်ဆိုတာတွေ ရှိပြီးဖြစ်ပါတယ်။ ဒါတွေသည် သူ့နိုင်ငံရဲ့အခြေအနေနဲ့လိုက်လျောညီထွေပြီး ကျနော်တို့ ဒါ- ဆောင်ရွက်နေတာဖြစ်ပါတယ်။ ယခင်ကအခြေအနေများနဲ့ဆက်စပ်ပြီးကြည့်စေလိုတယ်၊ ဒါလောက်ပဲပြောချင်ပါတယ်။”

နောက်ပြီး အခုရက်ပိုင်း ရန်ကုန်မှာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်နေတဲ့ကြားကပဲ ရန်ကုန်နဲ့ အနီးဝန်းကျင်မြို့နယ်တွေမှာ မြေပြင်သပိတ်တွေ၊ ပေါက်ကွဲမှုတွေ ဆက်ရှိနေတဲ့အပေါ် စစ်ကောင်စီ အနေနဲ့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြီး တည်ငြိမ်ရေးအတွက် ဦးတည်လုပ်ဆောင်သွားမယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

“ရန်ကုန်တိုင်းဒေသကြီးမှာတော့ တပ်မတော်ရယ်၊ လုံခြုံရေးတပ်ဖွဲ့တွေ၊ နယ်မြေခံရဲတပ်ဖွဲ့တွေအနေနဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ကျ လှည့်ကင်းတွေ၊ ရပ်ကင်းတွေ၊ ဝပ်ကင်းတွေကို ကျနော်တို့အနေနဲ့ တိုးမြှင့်ဆောင်ရွက်ပေးလျှက်ရှိတယ်။ ပြီးရင်တော့ ကျနော်တို့ရပ်ကွက်အတွင်းမှာ ဧည့်စာရင်းစစ်ဆေးတာရယ်၊ အများသူငါ သွားလာနေတဲ့နေရာတွေမှာ မသင်္ကာတဲ့နေရာတွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းတွေ ဆောင်ရွက်လျှက်ရှိတယ်။ ဒီလိုမျိုး ဖြစ်နိုင်ခြေရှိတဲ့နေရာတွေမှာလည်း လုံခြုံရေးထပ်မံပြီး လုံခြုံရေးအင်အား တိုးမြှင့်ချထားပေးလျှက်ရှိပါတယ်။ ဒီကြားထဲမှာတော့ လုံခြုံရေးနဲ့ပတ်သက်ပြီး တိုးမြှင့်ဆောင်ရွက်တာတို့၊ ပူးပေါင်းဆောင်ရွက်တာတို့တော့ ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရန်ကုန်မြို့မှာ စစ်ဆေးတင်းကျပ်မှုတွေ ပိုလုပ်နေပြီး မြို့နယ်တချို့မှာ ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးတာတွေကြောင့် သပိတ်အဖွဲ့ဝင်လူငယ် ၃၀ ထက်မနည်းဟာလည်း ဖမ်းဆီးခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

=========

[[Unicode]]













=========

XS
SM
MD
LG