သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘန႔္ေဘြးေဒသခံ ၇၀ ေက်ာ္ဖမ္းဆီးခံရ 


ပစ္ခတ္ ဖမ္းဆီးမႈမွ ေရွာင္တိမ္းေနေသာ ယင္းမာပင္ ရြာသား တခ်ဳိ႕အား ေတာတြင္းမွာ ေတြ႔ရစဥ္ ။

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ ဘန႔္ေဘြးေက်း႐ြာမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ပ်ဴေစာထီးအဖြဲ႕ေတြက ဘန႔္ေဘြး႐ြာ၊ ဘန႔္ေဘြးထန္းဇဥ္႐ြာနဲ႔ လက္ပံေက်း႐ြာေတြက စစ္ေဘးေရွာင္ ေဒသခံ ၇၀ ေလာက္ကို ဖမ္းဆီးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အမ်ိဳးသမီးေတြ မသန္စြမ္းသူေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြအပါအဝင္ ဖမ္းဆီးခံထားရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဲဒီေဒသဘက္မွာ တိုက္ပြဲျဖစ္ပြားတာမ်ိဳးလည္းမရွိဘဲ ေဒသခံေတြ ဖမ္းဆီးခံထားရတဲ့အေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို မစုျမတ္မြန္က တင္ျပေပးထားပါတယ္။

ဘန႔္ေဘြး႐ြာမွာ လြန္ခဲ့တဲ့ ၅ လေက်ာ္ကတည္းက တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ပ်ဴေစာထီးအဖြဲ႔ေတြက ဘန႔္ေဘြး႐ြာနဲ႔ အနီးဝန္းက်င္ေက်း႐ြာေတြက ေဘးလြတ္ရာ ေျပးေရွာင္ေနၾကရတဲ့ ေဒသခံ ၇၀ ေက်ာ္ကို ဇူလိုင္ ၁၆ ရက္ စေန႔ေန႔က ဖမ္းဆီးေခၚေဆာင္သြားပါတယ္။ အမ်ိဳးသမီးေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြ ပါဝင္တယ္လို႔ ေဒသခံတဦးက ခုလိုေျပာျပပါတယ္။

“ဘန႔္ေဘြးပ်ဴေစာထီး႐ြာမွာ တပ္စြဲထားတဲ့ စစ္တပ္နဲ႔ပ်ဴေစာထီးမ်ားဟာ တည္ပင္ ကုန္း ေတာရေက်ာင္းကေနၿပီးေတာ့ အမ်ိဳးသား ၃၀ ေက်ာ္၊ အမ်ိဳးသမီး ၄၀ ေက်ာ္၊ မသန္စြမ္းသူ ၂ ဦးနဲ႔ အဖိုးအဖြား ၆ ဦးတို႔ကို ဘန႔္ေဘြး႐ြာ ႐ြာဦးေက်ာင္းနဲ႔ စာသင္ေက်ာင္းတို႔မွာ တိုက္ပိတ္ၿပီးေတာ့ ဖမ္းဆီးထားပါတယ္ဗ်ာ။ ဖမ္းထားတာကေတာ့ ၃ ရက္ေလာက္ေတာ့ ရွိၿပီဗ်။ အဲ့ဒီ ႐ြာဦးေက်ာင္းနဲ႔ စာသင္ေက်ာင္းမွာ ဖမ္းဆီးၿပီးေတာ့ တိုက္ပိတ္ထားတာ၊ ၃ ရက္ေလာက္ေတာ့ ရွိၿပီေပါ့ဗ်ာ။ သူတို႔ ေၾကာက္ၿပီး ဖမ္းၾကတာပါ။ ဘာမွတိုက္ပြဲလည္း မရွိပါဘူးဗ်။ တိုက္ပြဲလည္းမရွိဘူး ဘာမွမရွိဘူး။ သူတို႔ကို သူတို႔ လိပ္ျပာမလုံလို႔ ဖမ္းၾကတာေပါ့။”

စစ္တပ္စခန္းခ်ထားတဲ့ ဘန႔္ေဘြးေက်း႐ြာက လူငယ္တစ္ဦးကိုေတာ့ စစ္ေကာင္စီတပ္နဲ႔ ပ်ဴေစာထီးေတြက ေငြ ၅ သိန္းေတာင္းၿပီး ျပန္လြတ္ေပးခဲ့တယ္လို႔ ေဒသခံကေျပာေပမဲ့ ဗီအိုေအက သီးျခားအတည္ျပဳႏိုင္ျခင္း မရွိပါဘူး။ ေဒသခံ ၇၀ ေက်ာ္ ကို ဖမ္းဆီးတဲ့ ဇူလိုင္လ ၁၆ ရက္ေန႔ကပဲ လက္ပံ႐ြာနဲ႔ ဘန႔္ေဘြးထန္းဇဥ္႐ြာေတြမွာ အရင္အႀကိမ္ေတြ မီးရႈိ႕စဥ္က မေလာင္ဘဲ က်န္ေနေသးတဲ့ အိမ္တခ်ိဳ႕ကို ထပ္ၿပီး မီးရွိ႕သြားတယ္လို႔ ေဒသခံက ခုလိုဆက္ေျပာပါတယ္။

“ဘန႔္ေဘြး႐ြာမွာ တပ္စြဲထားတဲ့ ပ်ဴေစာထီးတပ္နဲ႔ စစ္ေကာင္စီတပ္ေတြဟာ အနီးအနားမွာ ရွိၾကတဲ့ ႐ြာေတြျဖစ္တဲ့ လက္ပံ႐ြာက ေနအိမ္ ၁၀ လုံးခန႔္၊ ဘန႔္ေဘြး ထန္းဇဥ္႐ြာက ေနအိမ္ ၃ လုံးခန႔္တို႔အား ဝင္ေရာက္ဖ်က္ဆီးၿပီးေတာ့ ေက်း႐ြာအတြင္းမွာရွိၾကတဲ့ ၾကက္ေတြ ဝက္ေတြကိုလည္းပဲ မတရား အဓမၼဖမ္းဆီးၿပီးေတာ့ သတ္ျဖတ္စားေသာက္ေနၾကတယ္ေပါ့ဗ်ာ။”

အခုလိုေဒသခံေတြ ဖမ္းဆီးမႈနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာ ထုတ္ျပန္တာမ်ိဳးမရွိသလို စစ္ေကာင္စီေျပာခြင့္ရကိုလည္း ဆက္သြယ္လို႔ မရပါဘူး။

ယင္းမာပင္ၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေရး ျပဳလုပ္မႈေတြေၾကာင့္ ဘန႔္ေဘြး႐ြာ၊ လက္ပံ႐ြာနဲ႔ ဘန႔္ေဘြးထန္းဇဥ္႐ြာေတြအပါအဝင္ အနီးဝန္းက်င္ေက်း႐ြာေတြ မီးရႈိ႕ဖ်က္ဆီးခံရတာ၊ ေဒသခံေတြ ဖမ္းဆီးခံရတာေတြကိုလည္း အမ်ားအျပားႀကဳံေနၾကရပါတယ္။ ဘန႔္ေဘြး႐ြာမွာ စစ္တပ္ေတြ တပ္စြဲထားတာ ၅ လေက်ာ္ေနၿပီး အနီးဝန္းက်င္႐ြာေတြကို ဖ်က္ဆီးတာ ေဒသခံေတြကို ဖမ္းဆီးတာေတြ ဆက္တိုက္လုပ္ေနတာေၾကာင့္ ေဘးလြတ္ေအာင္ ပုန္းေရွာင္ေနၾကသူေတြလည္း သူတို႔႐ြာေတြကို မျပန္ရဲၾကေသးပါဘူး။

“ဘန႔္ေဘြး႐ြာမွာ တပ္စြဲထားတာ ၅ လေတာင္ ေက်ာ္ပါၿပီ။ စစ္ေရွာင္ၾကရတာ ၁ ႏွစ္ေတာင္ ျပည့္ခါနီးပါၿပီဗ်ာ။ သူတို႔ ခဏခဏလာတိုင္း ေရွာင္ေနရတာ။ ခုက ၅ လေက်ာ္ေတာင္ ေရွာင္ေနၾကရတာဆိုေတာ့ ဒါက အၾကာဆုံးေပါ့။ ႐ြာထဲကို ဝင္မရဘူး။ ရျပန္ေတာ့လည္း ဒီလိုပဲ လူသားဒိုင္းအျဖစ္ဖမ္းဆီး အသုံးျပဳၿပီး ႐ိုက္ႏွက္ေနၾကေတာ့ ဘယ္သူမွ မဝင္ရဲဘူးျဖစ္ေနတယ္။”

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ထဲမွာလည္း စစ္ေကာင္စီတပ္ေတြရဲ႕ နယ္ေျမရွင္းလင္းေရးေတြေၾကာင့္ ေဒသခံ ေသာင္းခ်ီၿပီး ထြက္ေျပးေနၾကရပါတယ္။ လက္ရွိက မိုးရာသီျဖစ္တဲ့အတြက္ စစ္ေဘးေရွာင္သူေတြအတြက္ အဓိက ေနထိုင္ေရးအတြက္ စိုးရိမ္ရသလို၊ စားေသာက္ေရးအတြက္ ရိကၡာနဲ႔ ေဆးဝါး မလုံေလာက္မႈေတြေၾကာင့္ အခက္အခဲေတြ ျဖစ္ေနရတယ္လို႔ ေဒသခံဒုကၡသည္ေတြက ေျပာၾကပါတယ္။ ဒီလို ေသာင္းနဲ႔ခ်ီတဲ့ စစ္ေရွာင္ေတြအတြက္ လုံေလာက္တဲ့ အကူအညီေတြကေတ့ အခုထိ မရရွိႏိုင္ၾကေသးပါဘူး။

စစ္ကိုင္းတိုင္းအတြင္းမွာေတာ့ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္အေျခစိုက္ရာ မုံ႐ြာၿမိဳ႕ရဲ႕ ပတ္ပတ္လည္ျဖစ္တဲ့ ယင္းမာပင္၊ ပုလဲ၊ ေခ်ာင္းဦး၊ ျမင္းမူ၊ အရာေတာ္၊ ဝက္လက္၊ ေ႐ႊဘို စတဲ့ ေနရာေတြမွာ ေဒသခံကာကြယ္ေရးတပ္ေတြနဲ႔စစ္ေကာင္စီတပ္ေတြအၾကားတိုက္ပြဲျဖစ္ခဲ့တာတႏွစ္ဝန္းက်င္ရွိေနပါၿပီ။ PDF ကာကြယ္ေရးတပ္ေတြဟာ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေနတယ္ ဆိုၿပီး စစ္ေကာင္စီဖက္က နယ္ေျမရွင္းလင္းေရး စစ္ဆင္မႈေတြကို တိုးၿပီးလုပ္လာေနတာျဖစ္ပါတယ္။

ဘန႔္ေဘြးေဒသခံ ၇၀ ေက်ာ္ဖမ္းဆီးခံရ.mp3
please wait

No media source currently available

0:00 0:04:04 0:00
တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ဘန့်ဘွေးဒေသခံ ၇၀ ကျော်ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေက ဘန့်ဘွေးရွာ၊ ဘန့်ဘွေးထန်းဇဉ်ရွာနဲ့ လက်ပံကျေးရွာတွေက စစ်ဘေးရှောင် ဒေသခံ ၇၀ လောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမျိုးသမီးတွေ မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဒေသဘက်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးလည်းမရှိဘဲ ဒေသခံတွေ ဖမ်းဆီးခံထားရတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဘန့်ဘွေးရွာမှာ လွန်ခဲ့တဲ့ ၅ လကျော်ကတည်းက တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေက ဘန့်ဘွေးရွာနဲ့ အနီးဝန်းကျင်ကျေးရွာတွေက ဘေးလွတ်ရာ ပြေးရှောင်နေကြရတဲ့ ဒေသခံ ၇၀ ကျော်ကို ဇူလိုင် ၁၆ ရက် စနေ့နေ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို့ ဒေသခံတဦးက ခုလိုပြောပြပါတယ်။

“ဘန့်ဘွေးပျူစောထီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ပျူစောထီးများဟာ တည်ပင် ကုန်း တောရကျောင်းကနေပြီးတော့ အမျိုးသား ၃၀ ကျော်၊ အမျိုးသမီး ၄၀ ကျော်၊ မသန်စွမ်းသူ ၂ ဦးနဲ့ အဖိုးအဖွား ၆ ဦးတို့ကို ဘန့်ဘွေးရွာ ရွာဦးကျောင်းနဲ့ စာသင်ကျောင်းတို့မှာ တိုက်ပိတ်ပြီးတော့ ဖမ်းဆီးထားပါတယ်ဗျာ။ ဖမ်းထားတာကတော့ ၃ ရက်လောက်တော့ ရှိပြီဗျ။ အဲ့ဒီ ရွာဦးကျောင်းနဲ့ စာသင်ကျောင်းမှာ ဖမ်းဆီးပြီးတော့ တိုက်ပိတ်ထားတာ၊ ၃ ရက်လောက်တော့ ရှိပြီပေါ့ဗျာ။ သူတို့ ကြောက်ပြီး ဖမ်းကြတာပါ။ ဘာမှတိုက်ပွဲလည်း မရှိပါဘူးဗျ။ တိုက်ပွဲလည်းမရှိဘူး ဘာမှမရှိဘူး။ သူတို့ကို သူတို့ လိပ်ပြာမလုံလို့ ဖမ်းကြတာပေါ့။”

စစ်တပ်စခန်းချထားတဲ့ ဘန့်ဘွေးကျေးရွာက လူငယ်တစ်ဦးကိုတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ငွေ ၅ သိန်းတောင်းပြီး ပြန်လွတ်ပေးခဲ့တယ်လို့ ဒေသခံကပြောပေမဲ့ ဗီအိုအေက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ ဒေသခံ ၇၀ ကျော် ကို ဖမ်းဆီးတဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကပဲ လက်ပံရွာနဲ့ ဘန့်ဘွေးထန်းဇဉ်ရွာတွေမှာ အရင်အကြိမ်တွေ မီးရှို့စဉ်က မလောင်ဘဲ ကျန်နေသေးတဲ့ အိမ်တချို့ကို ထပ်ပြီး မီးရှိ့သွားတယ်လို့ ဒေသခံက ခုလိုဆက်ပြောပါတယ်။

“ဘန့်ဘွေးရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးတပ်နဲ့ စစ်ကောင်စီတပ်တွေဟာ အနီးအနားမှာ ရှိကြတဲ့ ရွာတွေဖြစ်တဲ့ လက်ပံရွာက နေအိမ် ၁၀ လုံးခန့်၊ ဘန့်ဘွေး ထန်းဇဉ်ရွာက နေအိမ် ၃ လုံးခန့်တို့အား ဝင်ရောက်ဖျက်ဆီးပြီးတော့ ကျေးရွာအတွင်းမှာရှိကြတဲ့ ကြက်တွေ ဝက်တွေကိုလည်းပဲ မတရား အဓမ္မဖမ်းဆီးပြီးတော့ သတ်ဖြတ်စားသောက်နေကြတယ်ပေါ့ဗျာ။”

အခုလိုဒေသခံတွေ ဖမ်းဆီးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမျိုးမရှိသလို စစ်ကောင်စီပြောခွင့်ရကိုလည်း ဆက်သွယ်လို့ မရပါဘူး။

ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေး ပြုလုပ်မှုတွေကြောင့် ဘန့်ဘွေးရွာ၊ လက်ပံရွာနဲ့ ဘန့်ဘွေးထန်းဇဉ်ရွာတွေအပါအဝင် အနီးဝန်းကျင်ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာ၊ ဒေသခံတွေ ဖမ်းဆီးခံရတာတွေကိုလည်း အများအပြားကြုံနေကြရပါတယ်။ ဘန့်ဘွေးရွာမှာ စစ်တပ်တွေ တပ်စွဲထားတာ ၅ လကျော်နေပြီး အနီးဝန်းကျင်ရွာတွေကို ဖျက်ဆီးတာ ဒေသခံတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေတာကြောင့် ဘေးလွတ်အောင် ပုန်းရှောင်နေကြသူတွေလည်း သူတို့ရွာတွေကို မပြန်ရဲကြသေးပါဘူး။

“ဘန့်ဘွေးရွာမှာ တပ်စွဲထားတာ ၅ လတောင် ကျော်ပါပြီ။ စစ်ရှောင်ကြရတာ ၁ နှစ်တောင် ပြည့်ခါနီးပါပြီဗျာ။ သူတို့ ခဏခဏလာတိုင်း ရှောင်နေရတာ။ ခုက ၅ လကျော်တောင် ရှောင်နေကြရတာဆိုတော့ ဒါက အကြာဆုံးပေါ့။ ရွာထဲကို ဝင်မရဘူး။ ရပြန်တော့လည်း ဒီလိုပဲ လူသားဒိုင်းအဖြစ်ဖမ်းဆီး အသုံးပြုပြီး ရိုက်နှက်နေကြတော့ ဘယ်သူမှ မဝင်ရဲဘူးဖြစ်နေတယ်။”

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် ဒေသခံ သောင်းချီပြီး ထွက်ပြေးနေကြရပါတယ်။ လက်ရှိက မိုးရာသီဖြစ်တဲ့အတွက် စစ်ဘေးရှောင်သူတွေအတွက် အဓိက နေထိုင်ရေးအတွက် စိုးရိမ်ရသလို၊ စားသောက်ရေးအတွက် ရိက္ခာနဲ့ ဆေးဝါး မလုံလောက်မှုတွေကြောင့် အခက်အခဲတွေ ဖြစ်နေရတယ်လို့ ဒေသခံဒုက္ခသည်တွေက ပြောကြပါတယ်။ ဒီလို သောင်းနဲ့ချီတဲ့ စစ်ရှောင်တွေအတွက် လုံလောက်တဲ့ အကူအညီတွေကတေ့ အခုထိ မရရှိနိုင်ကြသေးပါဘူး။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ရဲ့ ပတ်ပတ်လည်ဖြစ်တဲ့ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြင်းမူ၊ အရာတော်၊ ဝက်လက်၊ ရွှေဘို စတဲ့ နေရာတွေမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲဖြစ်ခဲ့တာတနှစ်ဝန်းကျင်ရှိနေပါပြီ။ PDF ကာကွယ်ရေးတပ်တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ် ဆိုပြီး စစ်ကောင်စီဖက်က နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကို တိုးပြီးလုပ်လာနေတာဖြစ်ပါတယ်။
=================

XS
SM
MD
LG