သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မံု႐ြာၿမိဳ႕အဝင္လမ္းေတြ ဖ်က္ဆီးခံရ


စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕အဝင္လမ္းမႀကီးကို ေအာက္တိုဘာ ၄ ရက္ ညေနပိုင္းက ျမန္မာစစ္ တပ္ဘက္က ေျမတူးစက္နဲ႔ တူးဆြဖ်က္ဆီးထားတဲ့ျမင္ကြင္း။ (ဓာတ္ပံု-CJ)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕မွာ မုံ႐ြာၿမိဳ႕အဝင္လမ္းမႀကီးကို ေအာက္တိုဘာ ၄ ရက္ ညေနပိုင္းက ျမန္မာစစ္ တပ္ဘက္က ေျမတူးစက္နဲ႔ တူးဆြဖ်က္ဆီးခဲ့ပါတယ္။ ဒီကေန႔ မနက္ပိုင္းမွာလည္း မုံ႐ြာၿမိဳ႕ကေန လယ္ဇင္၊ သက္ကယ္က်င္း စတဲ့႐ြာေတြကိုသြားတဲ့လမ္းမႀကီးကို ၿဖိဳခ်ဖ်က္ဆီးလိုက္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီလို မုံ႐ြာၿမိဳ႕နဲ႔ ဆက္သြယ္ေရးအတြက္ အဓိကက်တဲ့လမ္းမႀကီးေတြကို ဖ်က္ဆီးလိုက္တာေၾကာင့္ စီးပြားေရးဆက္သြယ္ေရးအရ ေဒသခံေတြအတြက္ ထိခိုက္နစ္နာမႈေတြ အမ်ားႀကီး ရွိသလို စစ္ေရးအေျခအေနေတြ ပိုမိုတင္းမာလာမယ့္လကၡဏာလားဆိုၿပီးေတာ့လည္း စိုးရိမ္မႈေတြရွိေနပါတယ္။ မုံရြာၿမိဳ႕အေျခအေန သတင္းေပးပို႔ခ်က္ကို မဆုမြန္က တင္ျပေပးထားပါတယ္။

စစ္ကိုင္းတုိင္း၊ မံုရြာၿမိဳ႕နယ္ လင္ဇင္နဲ႔သကၠယ္္က်င္းေက်းရြာမ်ား။ (Crd: MIMU)
စစ္ကိုင္းတုိင္း၊ မံုရြာၿမိဳ႕နယ္ လင္ဇင္နဲ႔သကၠယ္္က်င္းေက်းရြာမ်ား။ (Crd: MIMU)


မုံရြာၿမိဳ႕အဝင္ အဓိကလမ္းႀကီးေပၚမွာ ျမန္မာစစ္တပ္ျဖတ္သြားတိုင္း မၾကာခဏ မိုင္းေပါက္ကြဲမႈေတြ ရွိခဲ့ၿပီးတဲ့ေနာက္ ဒီလမ္းမႀကီးကို အာဏာပိုင္ေတြဘက္က ေျမတူးစက္နဲ႔လာေရာက္ဖ်က္ဆီးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လုံျခဳံေရးအရ စစ္တပ္ဘက္ကအသုံးမျပဳေတာ့တဲ့လမ္းျဖစ္တယ္လို႔ မုံရြာ ေဒသခံတဦးျဖစ္တဲ့ ကိုသန္းေက်ာ္ဦးက ခုလိုေျပာပါတယ္။

“အဓိကကေတာ့ အဲ့ဒီ မုံ႐ြာအျမင့္လမ္းက သူတို႔ဖ်က္တာက မုံ႐ြာၿမိဳ႕အဝင္နားေလးမွာ။ လမ္းကို ေျမာင္းပုံစံမ်ိဳးေပါ့ေနာ္။ အဲ့ဒါ ကတၱရာလမ္းႀကီးဗ်။ အဲ့ဒါကို ေျမာင္းပုံစံႀကီးတူးၿပီးေတာ့ ဟိုဘက္နဲ႔ဒီဘက္ကို ဆိုင္ကယ္ေရာ၊ ကားေတြေရာ၊ လူေရာပါသြားလို႔မရေအာင္ သူတို႔က ဖ်က္လိုက္တာဗ်။ အဓိကကေတာ့ သူတို႔က ရွင္းပါတယ္။ အဲ့ဘက္ လမ္းေၾကာေတြမွာက စစ္ေကာင္စီတပ္သားေတြက မဆင္းရဲဘူးဗ်။ အဲ့ဘက္ကို။ ဘာလို႔မဆင္းရဲတာလဲဆိုေတာ့ လမ္းေၾကာတေၾကာလုံးမွာေရာ တခ်ိဳ႕ေနရာေတြမွာက ကာကြယ္ေရးတပ္သားေတြနဲ႔ မိုင္းဆြဲတိုက္ခိုက္မႈေတြရွိတဲ့ခါက်ေတာ့ ကားနဲ႔ဆင္းတိုင္းမွာ သူတို႔ အေသအေပ်ာက္ေတြ မ်ားတာကိုး။ အဲ့ေတာ့ သူတို႔ကားနဲ႔ေရာ လူေရာက ခုေနာက္ပိုင္း မဆင္းၾကေတာ့တာေပါ့။”

မုံ႐ြာအျမင့္လမ္းေဘးတေလ်ာက္ ေက်း႐ြာေတြက မုံ႐ြာၿမိဳ႕ထဲကိုဝင္တဲ့အခါ ဒီလမ္းကိုပဲ အဓိက သုံးရတာပါ။ အခု ဒီလမ္းကိုဖ်က္ဆီးလိုက္တဲ့အတြက္ အဲ့ဒီလမ္းတေလ်ာက္မွာရွိတဲ့ ၁၀ ႐ြာေက်ာ္ေလာက္ ဟာ မုံ႐ြာၿမိဳ႕နဲ႔ ဆက္သြယ္ေရး၊ ေရာင္းဝယ္ေရးေတြခက္ခဲကုန္တာေၾကာင့္ စီးပြားေရးအရ ထိခိုက္မႈေတြလည္း ရွိသလို က်န္းမာေရးအရလည္း သြားလာေရး အခက္အခဲေတြ ရွိႏိုင္တယ္လို႔ မုံရြာၿမိဳ႕ခံ ကိုသန္းေက်ာ္ဦးက ဆက္ေျပာပါတယ္။

“အဲ့ဒီလမ္းက ဘယ္ေလာက္ထိအေရးပါသလဲဆိုေတာ့ အျမင့္ကေန မုံ႐ြာအထိ လမ္းေၾကာတေၾကာ လုံးမွာ ေက်း႐ြာေတြအမ်ားႀကီးရွိတယ္။ ေက်း႐ြာ ၁၀ ႐ြာ ၁၅ ႐ြာေလာက္ေတာ့ရွိမယ္ထင္တယ္။ က်ေနာ့္အေနနဲ႔။ ဆိုေတာ့ အဲ့ဒီ႐ြာေတြအကုန္လုံးက မုံ႐ြာၿမိဳ႕ကို အဲ့ဒီလမ္းေၾကာတေၾကာတည္းကိုပဲ အသုံးျပဳၿပီး ဝင္ရတာကိုးဗ်၊ ၿမိဳ႕ထဲကို။ အဲ့လိုမ်ိဳး လမ္းပိတ္လိုက္တဲ့ခါက်ေတာ့ အဲ့ဘက္မွာရွိတဲ့ ျပည္သူလူထု အေနနဲ႔က ၿမိဳ႕နဲ႔လမ္းခရီး အဆက္အသြယ္ျပတ္သြားတဲ့ အေနအထားမ်ိဳးျဖစ္တယ္။ ေနာက္တခုက ေစ်းေရာင္းတဲ့ ေစ်းသည္ေတြအေနနဲ႔ကေတာ့ ပိုၿပီးတာ့ အခက္အခဲ ျဖစ္တယ္ေပါ့။ သူတို႔အေနနဲ႔ ကေတာ့ ဒီလမ္းေၾကာကို အမွီသဟဲျပဳၿပီးေတာ့ သြားရတာျဖစ္တဲ့အတြက္။ အခုဒီလမ္းေၾကာကို သုံးလို႔မရတဲ့ခါက်ေတာ့ တျခားပတ္လမ္းေတြကေန အေဝးႀကီးပတ္ၿပီးေတာ့ သြားရတဲ့ခါက်ေတာ့ သူတို႔ အတြက္ အခက္အခဲေတြ ပိုမ်ားသြားတယ္ေပါ့။

ေအာက္တိုဘာ ၅ ရက္ ဒီကေန႔မနက္အေစာပိုင္းမွာလည္း လယ္ဇင္႐ြာနဲ႔ သက္ကယ္က်င္းေက်း႐ြာေတြဘက္ကိုသြားတဲ့ မုံ႐ြာၿမိဳ႕နဲ႔ဆက္သြယ္ထားတဲ့ ေနာက္ထပ္လမ္းမႀကီးတခုကို ျမန္မာစစ္တပ္က ထပ္ၿပီး ဖ်က္ဆီးခဲ့ပါတယ္။

“ဒီကေန႔ မနက္ပိုင္းမွာလည္း မုံ႐ြာနဲ႔လယ္ဇင္၊ သက္ကယ္က်င္းဘက္ကိုသြားတဲ့ လမ္းေၾကာတေၾကာရွိေသးတယ္ေပါ့။ ခုအဲ့ဒါကို ျဖတ္လိုက္တယ္ေပါ့။ မုံ႐ြာဆိုရင္ လယ္ဇင္၊ သက္ကယ္က်င္းတို႔ဆိုတာ အမ်ားဆုံး စစ္ေၾကာင္းထိုးခံရတဲ့ ေက်း႐ြာေတြကိုး။ တခုခုဆိုရင္ စစ္ေၾကာင္းေတြကို အဲ့႐ြာေတြကို တက္ၿပီး နယ္ေျမရွင္း၊ မီးရႈိ႕လုပ္ေနတဲ့ ႐ြာေတြကိုး။ အဲ့ဒီ႐ြာေတြကိုသြားတဲ့ မုံ႐ြာနဲ႔ဆက္သြယ္ထားတဲ့ လမ္းေတြကိုလည္း သူတို႔က ဒီေန႔မနက္မွာ ဘူဒိုဇာနဲ႔ ထိုးဖ်က္သြားတယ္ေပါ့ေနာ္။”

မုံ႐ြာနဲ႔ေက်း႐ြာေတြၾကားကလမ္းေတြ ဖ်က္ဆီးခံထာားရတဲ့အတြက္ သြားလာဆက္သြယ္ေရးေတြ ခက္ခဲလာမယ့္အေရးနဲ႔ စစ္တပ္နဲ႔ PDF ၾကား တိုက္ပြဲေတြထပ္တိုးလာမယ့္ အေျခအေနလားဆိုၿပီး ေဒသခံတခ်ဳိ႕ကလည္း စိုးရိမ္ေနပါတယ္။ မုံရြာေဒသခံ ကိုသန္းေက်ာ္ဦးက အခုလို ေျပာပါတယ္။

“အဓိကကေတာ့ ေက်း႐ြာေတြနဲ႔ အဆက္အသြယ္ျဖတ္တာေပါေနာ္။ ပုံမွန္သုံးေနက်လမ္းေတြကို အဲ့လိုမ်ိဳး ျဖတ္ခ်လိုက္တဲ့ ပုံစံမ်ိဳး ျဖစ္ေနတာေပါ။ ဘာရည္႐ြယ္ခ်က္နဲ႔လုပ္တာလဲဆိုတာကေတာ့ က်ေနာ္တို႔လည္း ေကာင္းေကာင္း မသိရဘူးေပါ့။ လုံၿခဳံေရး အေျခအေနကလည္း အျမင့္ဘက္တေၾကာဆိုရင္ ျပည္သူေတြက ဘာပဲျဖစ္ျဖစ္ အထိတ္တလန႔္ေနရတာေပါ့။ အဲ့ဒီဘက္ေတြမွာက စစ္ေရးကလည္း တင္းမာေနတဲ့ခါက်ေတာ့ စစ္ေဘးေရွာင္ၾကရတဲ့ ျပည္သူေတြလည္း ရွိတယ္။

စစ္ကိုင္းအတြင္းမွာေတာ့ အိုးအိမ္စြန႔္ခြာထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္အေရအတြက္ေတြကလည္း ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြဟာ ေက်း႐ြာေတြကိုအေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြလုပ္ေနတယ္ဆိုၿပီး ျမန္မာစစ္တပ္ကစြပ္စြဲထားသလို နယ္ေျမရွင္းလင္းတဲ့ စစ္ဆင္ေရးေတြလည္း ပိုၿပီးတိုးလာေနပါတယ္။

မုံ႐ြာၿမိဳ႕အဝင္လမ္းေတြ ဖ်က္ဆီးခံရ.mp3
please wait

No media source currently available

0:00 0:05:00 0:00
တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မုံရွာမြို့အဝင်လမ်းတွေ ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ မုံရွာမြို့အဝင်လမ်းမကြီးကို အောက်တိုဘာ ၄ ရက် ညနေပိုင်းက မြန်မာစစ် တပ်ဘက်က မြေတူးစက်နဲ့ တူးဆွဖျက်ဆီးခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာလည်း မုံရွာမြို့ကနေ လယ်ဇင်၊ သက်ကယ်ကျင်း စတဲ့ရွာတွေကိုသွားတဲ့လမ်းမကြီးကို ဖြိုချဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို မုံရွာမြို့နဲ့ ဆက်သွယ်ရေးအတွက် အဓိကကျတဲ့လမ်းမကြီးတွေကို ဖျက်ဆီးလိုက်တာကြောင့် စီးပွားရေးဆက်သွယ်ရေးအရ ဒေသခံတွေအတွက် ထိခိုက်နစ်နာမှုတွေ အများကြီး ရှိသလို စစ်ရေးအခြေအနေတွေ ပိုမိုတင်းမာလာမယ့်လက္ခဏာလားဆိုပြီးတော့လည်း စိုးရိမ်မှုတွေရှိနေပါတယ်။ မုံရွာမြို့အခြေအနေ သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

မုံရွာမြို့အဝင် အဓိကလမ်းကြီးပေါ်မှာ မြန်မာစစ်တပ်ဖြတ်သွားတိုင်း မကြာခဏ မိုင်းပေါက်ကွဲမှုတွေ ရှိခဲ့ပြီးတဲ့နောက် ဒီလမ်းမကြီးကို အာဏာပိုင်တွေဘက်က မြေတူးစက်နဲ့လာရောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လုံခြုံရေးအရ စစ်တပ်ဘက်ကအသုံးမပြုတော့တဲ့လမ်းဖြစ်တယ်လို့ မုံရွာ ဒေသခံတဦးဖြစ်တဲ့ ကိုသန်းကျော်ဦးက ခုလိုပြောပါတယ်။

“အဓိကကတော့ အဲ့ဒီ မုံရွာအမြင့်လမ်းက သူတို့ဖျက်တာက မုံရွာမြို့အဝင်နားလေးမှာ။ လမ်းကို မြောင်းပုံစံမျိုးပေါ့နော်။ အဲ့ဒါ ကတ္တရာလမ်းကြီးဗျ။ အဲ့ဒါကို မြောင်းပုံစံကြီးတူးပြီးတော့ ဟိုဘက်နဲ့ဒီဘက်ကို ဆိုင်ကယ်ရော၊ ကားတွေရော၊ လူရောပါသွားလို့မရအောင် သူတို့က ဖျက်လိုက်တာဗျ။ အဓိကကတော့ သူတို့က ရှင်းပါတယ်။ အဲ့ဘက် လမ်းကြောတွေမှာက စစ်ကောင်စီတပ်သားတွေက မဆင်းရဲဘူးဗျ။ အဲ့ဘက်ကို။ ဘာလို့မဆင်းရဲတာလဲဆိုတော့ လမ်းကြောတကြောလုံးမှာရော တချို့နေရာတွေမှာက ကာကွယ်ရေးတပ်သားတွေနဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေရှိတဲ့ခါကျတော့ ကားနဲ့ဆင်းတိုင်းမှာ သူတို့ အသေအပျောက်တွေ များတာကိုး။ အဲ့တော့ သူတို့ကားနဲ့ရော လူရောက ခုနောက်ပိုင်း မဆင်းကြတော့တာပေါ့။”

မုံရွာအမြင့်လမ်းဘေးတလျောက် ကျေးရွာတွေက မုံရွာမြို့ထဲကိုဝင်တဲ့အခါ ဒီလမ်းကိုပဲ အဓိက သုံးရတာပါ။ အခု ဒီလမ်းကိုဖျက်ဆီးလိုက်တဲ့အတွက် အဲ့ဒီလမ်းတလျောက်မှာရှိတဲ့ ၁၀ ရွာကျော်လောက် ဟာ မုံရွာမြို့နဲ့ ဆက်သွယ်ရေး၊ ရောင်းဝယ်ရေးတွေခက်ခဲကုန်တာကြောင့် စီးပွားရေးအရ ထိခိုက်မှုတွေလည်း ရှိသလို ကျန်းမာရေးအရလည်း သွားလာရေး အခက်အခဲတွေ ရှိနိုင်တယ်လို့ မုံရွာမြို့ခံ ကိုသန်းကျော်ဦးက ဆက်ပြောပါတယ်။

“အဲ့ဒီလမ်းက ဘယ်လောက်ထိအရေးပါသလဲဆိုတော့ အမြင့်ကနေ မုံရွာအထိ လမ်းကြောတကြော လုံးမှာ ကျေးရွာတွေအများကြီးရှိတယ်။ ကျေးရွာ ၁၀ ရွာ ၁၅ ရွာလောက်တော့ရှိမယ်ထင်တယ်။ ကျနော့်အနေနဲ့။ ဆိုတော့ အဲ့ဒီရွာတွေအကုန်လုံးက မုံရွာမြို့ကို အဲ့ဒီလမ်းကြောတကြောတည်းကိုပဲ အသုံးပြုပြီး ဝင်ရတာကိုးဗျ၊ မြို့ထဲကို။ အဲ့လိုမျိုး လမ်းပိတ်လိုက်တဲ့ခါကျတော့ အဲ့ဘက်မှာရှိတဲ့ ပြည်သူလူထု အနေနဲ့က မြို့နဲ့လမ်းခရီး အဆက်အသွယ်ပြတ်သွားတဲ့ အနေအထားမျိုးဖြစ်တယ်။ နောက်တခုက ဈေးရောင်းတဲ့ ဈေးသည်တွေအနေနဲ့ကတော့ ပိုပြီးတာ့ အခက်အခဲ ဖြစ်တယ်ပေါ့။ သူတို့အနေနဲ့ ကတော့ ဒီလမ်းကြောကို အမှီသဟဲပြုပြီးတော့ သွားရတာဖြစ်တဲ့အတွက်။ အခုဒီလမ်းကြောကို သုံးလို့မရတဲ့ခါကျတော့ တခြားပတ်လမ်းတွေကနေ အဝေးကြီးပတ်ပြီးတော့ သွားရတဲ့ခါကျတော့ သူတို့ အတွက် အခက်အခဲတွေ ပိုများသွားတယ်ပေါ့။

အောက်တိုဘာ ၅ ရက် ဒီကနေ့မနက်အစောပိုင်းမှာလည်း လယ်ဇင်ရွာနဲ့ သက်ကယ်ကျင်းကျေးရွာတွေဘက်ကိုသွားတဲ့ မုံရွာမြို့နဲ့ဆက်သွယ်ထားတဲ့ နောက်ထပ်လမ်းမကြီးတခုကို မြန်မာစစ်တပ်က ထပ်ပြီး ဖျက်ဆီးခဲ့ပါတယ်။

“ဒီကနေ့ မနက်ပိုင်းမှာလည်း မုံရွာနဲ့လယ်ဇင်၊ သက်ကယ်ကျင်းဘက်ကိုသွားတဲ့ လမ်းကြောတကြောရှိသေးတယ်ပေါ့။ ခုအဲ့ဒါကို ဖြတ်လိုက်တယ်ပေါ့။ မုံရွာဆိုရင် လယ်ဇင်၊ သက်ကယ်ကျင်းတို့ဆိုတာ အများဆုံး စစ်ကြောင်းထိုးခံရတဲ့ ကျေးရွာတွေကိုး။ တခုခုဆိုရင် စစ်ကြောင်းတွေကို အဲ့ရွာတွေကို တက်ပြီး နယ်မြေရှင်း၊ မီးရှို့လုပ်နေတဲ့ ရွာတွေကိုး။ အဲ့ဒီရွာတွေကိုသွားတဲ့ မုံရွာနဲ့ဆက်သွယ်ထားတဲ့ လမ်းတွေကိုလည်း သူတို့က ဒီနေ့မနက်မှာ ဘူဒိုဇာနဲ့ ထိုးဖျက်သွားတယ်ပေါ့နော်။”

မုံရွာနဲ့ကျေးရွာတွေကြားကလမ်းတွေ ဖျက်ဆီးခံထာားရတဲ့အတွက် သွားလာဆက်သွယ်ရေးတွေ ခက်ခဲလာမယ့်အရေးနဲ့ စစ်တပ်နဲ့ PDF ကြား တိုက်ပွဲတွေထပ်တိုးလာမယ့် အခြေအနေလားဆိုပြီး ဒေသခံတချို့ကလည်း စိုးရိမ်နေပါတယ်။ မုံရွာဒေသခံ ကိုသန်းကျော်ဦးက အခုလို ပြောပါတယ်။

“အဓိကကတော့ ကျေးရွာတွေနဲ့ အဆက်အသွယ်ဖြတ်တာပေါနော်။ ပုံမှန်သုံးနေကျလမ်းတွေကို အဲ့လိုမျိုး ဖြတ်ချလိုက်တဲ့ ပုံစံမျိုး ဖြစ်နေတာပေါ။ ဘာရည်ရွယ်ချက်နဲ့လုပ်တာလဲဆိုတာကတော့ ကျနော်တို့လည်း ကောင်းကောင်း မသိရဘူးပေါ့။ လုံခြုံရေး အခြေအနေကလည်း အမြင့်ဘက်တကြောဆိုရင် ပြည်သူတွေက ဘာပဲဖြစ်ဖြစ် အထိတ်တလန့်နေရတာပေါ့။ အဲ့ဒီဘက်တွေမှာက စစ်ရေးကလည်း တင်းမာနေတဲ့ခါကျတော့ စစ်ဘေးရှောင်ကြရတဲ့ ပြည်သူတွေလည်း ရှိတယ်။

စစ်ကိုင်းအတွင်းမှာတော့ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်တွေကလည်း ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေးရွာတွေကိုအခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေလုပ်နေတယ်ဆိုပြီး မြန်မာစစ်တပ်ကစွပ်စွဲထားသလို နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေလည်း ပိုပြီးတိုးလာနေပါတယ်။

XS
SM
MD
LG