သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ ေနာက္ဆံုးအယူခံ တရား႐ံုးပယ္ခ် 


မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ ရာဇတ္ က ပူထရာဂ်ရာၿမိဳ႕ ဖက္ဒရယ္တရားရံုးမွာ လာေရာက္အမႈရင္ဆိုင္စဥ္ သတင္းစာရွင္းလင္းပြဲက်င္းပပံု။ (ၾသဂုတ္ ၁၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

အဂတိလိုက္စားမႈနဲ႔ ေထာင္ဒဏ္ ၁၂ ႏွစ္ ခ်ခံထားရတဲ့ မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္း Najib Razak ရဲ႕ ေနာက္ဆံုးအယူခံ ပယ္ခ်ခံလိုက္ရ ပါတယ္။ အခုလို ပယ္ခ်ခံလိုက္ရတာေၾကာင့္ သူ႔အေပၚခ်မွတ္ထားတဲ့ေထာင္ဒဏ္ကို ခ်က္ခ်င္း စတင္က်ခံရမွာျဖစ္ၿပီး မေလးရွားႏိုင္ငံမွာ ေထာင္ခ်ခံရတဲ့ ပထမဆံုး ဝန္ႀကီးခ်ဳပ္ေဟာင္း ျဖစ္သြားပါတယ္။

အစိုးရပိုင္ 1MDB ဘဏ္ ရင္းႏွီးျမႇဳပ္ႏွံမႈရန္ပုံေငြ အလြဲသုံးစားလုပ္မႈနဲ႔ ဆက္ႏြယ္တဲ့ ျပစ္မႈေတြ အပါအဝင္ တျခား အက်င့္ပ်က္ျခစားမႈေတြနဲ႔ ဝန္ႀကီးခ်ဳပ္ေဟာင္းနာဂ်စ္ကို ေထာင္ဒဏ္ ၁၂ ႏွစ္ ခ်မွတ္ထားတာပါ။ ဒီတႀကိမ္ ေလွ်ာက္လဲခ်က္အယူခံဟာ ေနာက္ဆံုးအႀကိမ္ ျဖစ္ၿပီး သူ႔အေပၚ ေထာင္ဒဏ္စီရင္ခ်က္ ခ်မွတ္ထားတာေတြကို ျပန္လည္စစ္ေဆးၿပီး အမႈကို ပ,လပ္ေပးဖို႔ ဝန္ႀကီးခ်ဳပ္ေဟာင္း Razak က ေမွ်ာ္လင့္ခဲ့တာပါ။

ဒါေပမယ့္ တရားသူႀကီး ၅ ေယာက္ပါ ဖက္ဒရယ္တရားရံုးက တညီတၫြတ္တည္း ပယ္ခ်ခဲ့ပါတယ္။ အသက္ ၆၉ ႏွစ္အရြယ္ Najib Razak ဟာ သူဝန္ႀကီးခ်ဳပ္တာဝန္ယူစဥ္ ၂၀၀၉ ခုႏွစ္တုန္းက ႏိုင္ငံေတာ္ဘ႑ာေငြ အေမရိကန္ ေဒၚလာ ၄.၅ ဘီလီယံနဲ႔ စတင္ တည္ေထာင္ခဲ့တဲ့ 1MDB ဘဏ္က ေငြေတြ ခိုးယူခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တရားစြဲခံခဲ့ရတာပါ။

ၾကားနာစစ္ေဆးမႈေတြ အႀကိမ္ႀကိမ္ျပဳလုပ္ၿပီးတဲ့ေနာက္ အာဏာအလြဲသုံးစားလုပ္မႈ၊ တရားမဝင္ ေငြေၾကးလြဲေျပာင္းမႈ၊ 1MDB လက္ေအာက္ခံ SRC International ထံက အေမရိကန္ေဒၚလာ ၁၀ သန္းနီးပါး တရားမဝင္လက္ခံခဲ့မႈတို႔အတြက္ ၂၀၂၀ ခုႏွစ္၊ ဇူလိုင္လမွာ ေထာင္ဒဏ္ ၁၂ ခ်မွတ္ အျပစ္ေပးခံခဲ့ရတာပါ။

ဝန္ႀကီးခ်ဳပ္ေဟာင္းနာဂ်စ္ရာဇတ္ကေတာ့ သူ႔မွာ အျပစ္မရွိေၾကာင္း တေလွ်ာက္လံုး ေျပာဆိုၿပီး အႀကိမ္ႀကိမ္ အယူခံဝင္ခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် နောက်ဆုံးအယူခံ တရားရုံးပယ်ချ

အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ချခံထားရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak ရဲ့ နောက်ဆုံးအယူခံ ပယ်ချခံလိုက်ရ ပါတယ်။ အခုလို ပယ်ချခံလိုက်ရတာကြောင့် သူ့အပေါ်ချမှတ်ထားတဲ့ထောင်ဒဏ်ကို ချက်ချင်း စတင်ကျခံရမှာဖြစ်ပြီး မလေးရှားနိုင်ငံမှာ ထောင်ချခံရတဲ့ ပထမဆုံး ဝန်ကြီးချုပ်ဟောင်း ဖြစ်သွားပါတယ်။

အစိုးရပိုင် 1MDB ဘဏ် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အလွဲသုံးစားလုပ်မှုနဲ့ ဆက်နွယ်တဲ့ ပြစ်မှုတွေ အပါအဝင် တခြား အကျင့်ပျက်ခြစားမှုတွေနဲ့ ဝန်ကြီးချုပ်ဟောင်းနာဂျစ်ကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားတာပါ။ ဒီတကြိမ် လျှောက်လဲချက်အယူခံဟာ နောက်ဆုံးအကြိမ် ဖြစ်ပြီး သူ့အပေါ် ထောင်ဒဏ်စီရင်ချက် ချမှတ်ထားတာတွေကို ပြန်လည်စစ်ဆေးပြီး အမှုကို ပ,လပ်ပေးဖို့ ဝန်ကြီးချုပ်ဟောင်း Razak က မျှော်လင့်ခဲ့တာပါ။

ဒါပေမယ့် တရားသူကြီး ၅ ယောက်ပါ ဖက်ဒရယ်တရားရုံးက တညီတညွတ်တည်း ပယ်ချခဲ့ပါတယ်။ အသက် ၆၉ နှစ်အရွယ် Najib Razak ဟာ သူဝန်ကြီးချုပ်တာဝန်ယူစဉ် ၂၀၀၉ ခုနှစ်တုန်းက နိုင်ငံတော်ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ ၄.၅ ဘီလီယံနဲ့ စတင် တည်ထောင်ခဲ့တဲ့ 1MDB ဘဏ်က ငွေတွေ ခိုးယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံခဲ့ရတာပါ။

ကြားနာစစ်ဆေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီးတဲ့နောက် အာဏာအလွဲသုံးစားလုပ်မှု၊ တရားမဝင် ငွေကြေးလွဲပြောင်းမှု၊ 1MDB လက်အောက်ခံ SRC International ထံက အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါး တရားမဝင်လက်ခံခဲ့မှုတို့အတွက် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှာ ထောင်ဒဏ် ၁၂ ချမှတ် အပြစ်ပေးခံခဲ့ရတာပါ။

ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇတ်ကတော့ သူ့မှာ အပြစ်မရှိကြောင်း တလျှောက်လုံး ပြောဆိုပြီး အကြိမ်ကြိမ် အယူခံဝင်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG