သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်ဓါတ်အားသုံးစွဲမှု ယူကရိန်းလျှော့ချဖြတ်တောက် 


ရုရှားဒုံးကျည်ထိမှန်ထားတဲ့ စွမ်းအင်စက်ရုံတခုကို မီးငြိမ်းသတ်နေကြစဉ်။ (အောက်တိုဘာ ၁၈၊ ၂၀၂၂)
ရုရှားဒုံးကျည်ထိမှန်ထားတဲ့ စွမ်းအင်စက်ရုံတခုကို မီးငြိမ်းသတ်နေကြစဉ်။ (အောက်တိုဘာ ၁၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းဓါတ်အားပေးစက်ရုံတွေ ထိခိုက်ပျက်စီးခဲ့ပြီးနောက် ယူကရိန်းနိုင်ငံမှာ နိုင်ငံတဝန်း လျှပ်စစ်ဓါတ်အားသုံးစွဲမှုကို လျှော့ချ ဖြတ်တောက်ထားပါတယ်။

ပျက်စီးခဲ့ရတဲ့ ဓါတ်အားလိုင်းတွေ ပြန်ပြုပြင်ဖို့ စွမ်းအင်ကုမ္ပဏီတွေကြိုးစားနေတာနဲ့အတူ ပြည်သူတွေအနေနဲ့ မနက် ၇ နာရီကနေ ၁၁ နာရီအထိ လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျှော့ချဖို့နဲ့ ပြင်ဆင်မှုတွေမပြီးသေးရင် ယာယီဓါတ်အားပြတ်တောက်မှုတွေရှိနိုင်တယ်လို့ သမ္မတရုံးက သတိပေးထားပါတယ်။ ဓါတ်အားပြတ်တောက်မယ့်အချိန်ကို တိတိကျကျ ထုတ်ပြန်ကြေညာမထားပေမယ့် Kyiv နဲ့ Kharkiv လို မြို့ကြီးတွေမှာ လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားပြီး မြေအောက်ရထား ခရီးစဉ်အချိန်တွေကို လျှော့ချခဲ့ပါတယ်။

ဓါတ်အားပြတ်တောက်မှု ၄ နာရီထက်ပိုမကြာအောင် အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်နေတယ်လို့လည်း အဓိက စွမ်းအင်ကုမ္ပဏီ DTEK က ပြောပါတယ်။

ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူကရိန်း အရှေ့မြောက်ဘက် Sumy ဒေသမှာတော့ ဒီကနေ့ တနေ့လုံး သောက်သုံးရေ၊ ဓါတ်အားလိုင်းနဲ့ လျှပ်စစ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားမယ်လို့ ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး ယူကရိန်းရဲ့ အရေးပါတဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ ပစ်မှတ်တွေကို ရုရှားကအဓိက တိုက်ခိုက်လာနေတာပါ။ ဗုဒ္ဓဟူးနေ့က လျှပ်စစ်ဓါတ်အားပေးစက်ရုံ ၃ ခုထပ်ပြီးတိုက်ခိုက်ခံရသလို ရုရှားတို့က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် သီတင်း တပတ် အတွင်းယူကရိန်းရဲ့ လျှပ်စစ် ဓါတ်အားပေး စက်ရုံ စုစုပေါင်း ၃၀ ရာခိုင်နှုန်း ထိခိုက် ပျက်စီးသွားခဲ့တယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskiy က ပြောပါတယ်။

လျှပ်စစ်ဓါတ်အားနဲ့ ဓါတ်အား အသုံးများတဲ့ ပစ္စည်းတွေ သုံးစွဲတာကို လျှော့ချဖို့လည်း သမ္မတ Volodymyr Zelenskiyက သတိပေးနှိုးဆော်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]






လြှပျစဈဓါတျအားနဲ့ ဓါတျအား အသုံးမြားတဲ့ ပစ်စညျးတှေ သုံးစှဲတာကို လြှော့ခဖြို့လညျး သမ်မတ Volodymyr Zelenskiyက သတိပေးနှိုးဆောျထားပါတယျ။

XS
SM
MD
LG