သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီဥက္ကဋ္ဌ ရုရှားသမ္မတနဲ့ တွေ့ဆုံ


ရုရှားနိုင်ငံက အရှေ့ဖျားစီးပွါးရေးဖိုရမ်တက်ရောက်နေတဲ့ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိုရမ်ရဲ့ပြင်ပမှာ သမ္မတပူတင်နဲ့ သီးခြားတွေ့ဆုံစဉ်။ (စက်တင်ဘာ ၇၊၂၀၂၂/တပ်မတော်သတင်းမှန်ပြန်ကြားရေး)
ရုရှားနိုင်ငံက အရှေ့ဖျားစီးပွါးရေးဖိုရမ်တက်ရောက်နေတဲ့ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိုရမ်ရဲ့ပြင်ပမှာ သမ္မတပူတင်နဲ့ သီးခြားတွေ့ဆုံစဉ်။ (စက်တင်ဘာ ၇၊၂၀၂၂/တပ်မတော်သတင်းမှန်ပြန်ကြားရေး)

[[Zawgyi/Unicode]]

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီနေ့ ရုရှားနိုင်ငံ Vladivostok မြို့မှာ ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံပါတယ်။ Vladivostok မြို့မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မ Vladimir Putin တို့ အစည်းအဝေးအစီအစဉ် ပြင်ပမှာ သီးသန့်တွေ့ဆုံတာပါ။

နှစ်နိုင်ငံ ဆက်ဆံရေးဟာ အကောင်းဘက်ကိုဦးတည်ပြီး တိုးတက်လာကြောင်း ရုရှားသမ္မတ Vladimir Putin အစည်းအဝေးအတွင်း ပြောဆိုတာကို ရုရှား RIA သတင်းဌာနက ရေးသားပါတယ်။

သမ္မတ Putin ဟာ ရုရှားနိုင်ငံအတွက်တင်မဟုတ်ဘဲ ကမ္ဘာ့တည်ငြိမ်ရေးအတွက် ခေါင်းဆောင်ခေါင်းတယောက်ဖြစ်ကြောင်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တယောက်ဖြစ်ပြီးတော့မှ ကမ္ဘာ့အရေးအခင်းကိစ္စများကိုလည်း သမာသမတ်ကျကျ၊ မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်နေတာကိုတွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံမှုအတွင်း ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း ရုရှားနိုင်ငံက လောင်စာဆီတွေကို မြန်မာက စတင်ဝယ်နေပြီဖြစ်ပြီး ရုရှားငွေကြေး ရူဘယ်နဲ့ ပေးချေဖို့ အဆင့်သင့်ရှိတဲ့အကြောင်း ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ပြောဆိုတာကိုလည်း ရုရှားနိုင်ငံထုတ် RIA သတင်းမှာ ဖေါ်ပြပါတယ်။ ရုရှားနိုင်ငံက လောင်စာဆီတွေကို သာမန်ထက် ဈေးနှုန်းသက် သက်သာသာနဲ့ ဝယ်ယူထားတဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ခရီးစဉ်မစခင် VOA ကို ပြောဆိုထားပါတယ်။

အခု စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ခရီးစဉ်ဟာ ၂ လ အတွင်း ရုရှားနိုင်ငံကို ဒုတိယအကြိမ်သွားရောက်တဲ့ခရီးစဉ်ဖြစ်ပြီး သံတမန်ရေးနဲ့စစ်ရေးအရ ရုရှားနိုင်ငံအပေါ် ပိုပြီး အားကိုးလာတဲ့လက္ခဏာအဖြစ် အကဲခတ်တွေက သုံးသပ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]

စဈကောငျစီဥက်ကဋ်ဌ ရုရှားသမ်မတနဲ့ တှေ့ဆုံ






XS
SM
MD
LG