သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား ႏ်ဴကလီယားလက္နက္အႏၲရာယ္ အေမရိကန္သမၼတ သတိေပး 


အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒန္

[[Zawgyi/Unicode]]

အလုံးစုံပ်က္သုဥ္းႏိုင္တဲ့ စစ္ပြဲျဖစ္ႏိုင္ေျခအႏၲရာယ္ဟာ ၁၉၆၀ ျပည္ႏွစ္ပိုင္းေတြထဲကဆိုရင္ အျမင့္ဆုံးကို ေရာက္ေနတယ္လို႔ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ေျပာၾကားလိုက္ပါတယ္။ ယူကရိန္းစစ္မွာ ရႈံးနိမ့္မႈေတြႀကဳံေနတဲ့႐ုရွားက သူတို႔ပိုင္ဆိုင္ထားတဲ့ န်ဴကလီယားလက္နက္ကို အသုံးျပဳမယ္လို႔ ၿခိမ္းေျခာက္ေနခ်ိန္မွာ သမၼတဂ်ိဳးဘိုင္ဒန္က ၾကာသပေတးေန႔က အခုလိုသတိေပးလိုက္တာပါ။

႐ုရွားသမၼတပူတင္အေၾကာင္း အေတာ္ေလးသိထားသူတေယာက္အေနနဲ႔ေျပာရမယ္ဆိုရင္ န်ဴကလီးယားလက္နက္၊ ဇီဝလက္နက္၊ ဓါတုလက္နက္ေတြသုံးမယ္လို႔ ပူတင္ေျပာေနတာေတြက အတည္ေျပာေနတာျဖစ္တယ္လို႔ သမၼတဘိုင္ဒန္က ေျပာပါတယ္။ အေမရိကန္နဲ႔ဆိုဗီယက္ျပည္ေထာင္စုၾကား ၁၉၆၀ ျပည့္ႏွစ္ပိုင္းေတြမွာ န်ဴကလီးယားစစ္ပြဲျဖစ္လု အေျခအေနတင္းမာခဲ့ၿပီးေနာက္ပိုင္းကတည္းက အခုေလာက္ တင္းမာေနတဲ့အေျခအေနမႀကဳံခဲ့ဖူးဘူးလို႔ သမၼတဘိုင္ဒန္က နယူးေယာက္ၿမိဳ႕မွာ က်င္းပတဲ့ ရန္ပုံေငြရွာပြဲတခုမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

၁၉၆၂ ခုႏွစ္တုန္းက အေမရိကန္က တူရကီနဲ႔အီတလီႏိုင္ငံေတြမွာ န်ဴကလီးယားပဲ့ထိန္းတပ္ဒုံးက်ည္ေတြ ျဖန႔္ခ်ခဲ့ပါတယ္။ ဒါကို တန္ျပန္တဲ့အေနနဲ႔ ဆိုဗီယက္ျပည္ေထာင္စုကလည္း က်ဴးဘားမွာ အလားတူ ဒုံးက်ည္ေတြ ျဖန႔္ခ်ခဲ့တဲ့အတြက္ န်ဴကလီးယားစစ္ပြဲ ျဖစ္ပြားလု နီးနီးျဖစ္ခဲ့တာျဖစ္ပါတယ္။

သမၼတပူတင္က ယူကရိန္းစစ္ပြဲကိုအဆုံးသတ္ေစမယ့္ ေ႐ြးႏိုင္စရာနည္းလမ္းေတြကိုလည္း အေမရိကန္ တာဝန္ရွိသူေတြ ေဆြးေႏြးေနဆဲျဖစ္တယ္လို႔ သမၼတဘိုင္ဒန္က ေျပာၾကားပါတယ္။ တခ်ိန္တည္းမွာပဲ အေမရိကန္အေနနဲ႔ ယူကရိန္းကို ဆက္ၿပီးေထာက္ခံသြားမယ္လို႔လည္း အေမရိကန္သမၼတ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရုရှား နျူကလီယားလက်နက်အန္တရာယ် အမေရိကန်သမ္မတ သတိပေး

အလုံးစုံပျက်သုဉ်းနိုင်တဲ့ စစ်ပွဲဖြစ်နိုင်ခြေအန္တရာယ်ဟာ ၁၉၆၀ ပြည်နှစ်ပိုင်းတွေထဲကဆိုရင် အမြင့်ဆုံးကို ရောက်နေတယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ ယူကရိန်းစစ်မှာ ရှုံးနိမ့်မှုတွေကြုံနေတဲ့ရုရှားက သူတို့ပိုင်ဆိုင်ထားတဲ့ နျူကလီယားလက်နက်ကို အသုံးပြုမယ်လို့ ခြိမ်းခြောက်နေချိန်မှာ သမ္မတဂျိုးဘိုင်ဒန်က ကြာသပတေးနေ့က အခုလိုသတိပေးလိုက်တာပါ။

ရုရှားသမ္မတပူတင်အကြောင်း အတော်လေးသိထားသူတယောက်အနေနဲ့ပြောရမယ်ဆိုရင် နျူကလီးယားလက်နက်၊ ဇီဝလက်နက်၊ ဓါတုလက်နက်တွေသုံးမယ်လို့ ပူတင်ပြောနေတာတွေက အတည်ပြောနေတာဖြစ်တယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။ အမေရိကန်နဲ့ဆိုဗီယက်ပြည်ထောင်စုကြား ၁၉၆၀ ပြည့်နှစ်ပိုင်းတွေမှာ နျူကလီးယားစစ်ပွဲဖြစ်လု အခြေအနေတင်းမာခဲ့ပြီးနောက်ပိုင်းကတည်းက အခုလောက် တင်းမာနေတဲ့အခြေအနေမကြုံခဲ့ဖူးဘူးလို့ သမ္မတဘိုင်ဒန်က နယူးယောက်မြို့မှာ ကျင်းပတဲ့ ရန်ပုံငွေရှာပွဲတခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်တုန်းက အမေရိကန်က တူရကီနဲ့အီတလီနိုင်ငံတွေမှာ နျူကလီးယားပဲ့ထိန်းတပ်ဒုံးကျည်တွေ ဖြန့်ချခဲ့ပါတယ်။ ဒါကို တန်ပြန်တဲ့အနေနဲ့ ဆိုဗီယက်ပြည်ထောင်စုကလည်း ကျူးဘားမှာ အလားတူ ဒုံးကျည်တွေ ဖြန့်ချခဲ့တဲ့အတွက် နျူကလီးယားစစ်ပွဲ ဖြစ်ပွားလု နီးနီးဖြစ်ခဲ့တာဖြစ်ပါတယ်။

သမ္မတပူတင်က ယူကရိန်းစစ်ပွဲကိုအဆုံးသတ်စေမယ့် ရွေးနိုင်စရာနည်းလမ်းတွေကိုလည်း အမေရိကန် တာဝန်ရှိသူတွေ ဆွေးနွေးနေဆဲဖြစ်တယ်လို့ သမ္မတဘိုင်ဒန်က ပြောကြားပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်အနေနဲ့ ယူကရိန်းကို ဆက်ပြီးထောက်ခံသွားမယ်လို့လည်း အမေရိကန်သမ္မတ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG