သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆားလင္းႀကီး ေၾကးနီလုပ္ငန္းခြင္တဝိုက္က ေျမျမႇဳပ္မိုင္း အႏၲရာယ္


စစ္ကိုင္းတုိင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္ ေၾကးနီထုတ္လုပ္ရာ ဝမ္ေပါင္ကုမၸဏီတဝိုက္ လွ်ပ္စစ္မီးႀကိဳးတုိင္ေတြေအာက္မွာ ေျမျမွဳပ္မုိင္းေတြကို တူးေဖာ္သိမ္းဆည္းေနစဥ္။ (ဓာတ္ပံု-ေျမာက္ယမား ျပည္သူ႔ကာကြယ္ေရး-ယင္းမာပင္/ၾသဂုတ္ ၁၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္ထဲမွာ ေၾကးနီတူးေဖာ္ထုတ္လုပ္ေနတဲ့ တ႐ုတ္ဝမ္ေပါင္ကုမၸဏီရဲ႕လုပ္ငန္းခြင္အနီးတဝိုက္က ႐ြာတခ်ိဳ႕မွာ ေျမျမႇဳပ္မိုင္းအမ်ားအျပား ေတြ႕ခဲ့ရတယ္လို႔ ေဒသကာကြယ္ေရးတပ္ဖြဲ႕ေတြက ဗြီအိုေအကို ေျပာပါတယ္။ ေဒသခံေတြထိခိုက္မႈမရွိေအာင္ ဒါကို အသိေပးထားၿပီး ရွာေဖြမႈေတြလည္း ဆက္ၿပီးလုပ္ေနတယ္လို႔ လည္းေျပာပါတယ္။ ေျမျမႇဳပ္မိုင္းေတြကို လက္နက္ကိုင္အဖြဲ႔ ႏွစ္ဘက္စလုံးက အသုံးျပဳေနၾကေပမယ့္ အရပ္သား ျပည္သူေတြပဲ အမ်ားဆုံးထိခိုက္ ေနတယ္လို႔ အရပ္ဘက္အဖြဲ႕ေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ယင္းမာပင္ခ႐ိုင္၊ ဆားလင္းႀကီးၿမိဳ႕နယ္နဲ႔ ခုနစ္မိုင္အကြာေလာက္က ဝက္ေမွး႐ြာနားက လက္ပံေတာင္း ေၾကးနီစီမံကိန္းကို လွ်ပ္စစ္ေပးဖို႔သြယ္တန္းထားတဲ့ ဓာတ္ႀကိဳးေတြေအာက္နဲ႔ ေၾကးနီစီမံကိန္း အနီးပတ္ဝန္းက်င္ ႐ြာစပ္ေတြမွာ ေျမျမႇဳပ္မိုင္း အမ်ားအျပားကို ေတြ႔ခဲ့ရတယ္လို႔ ယင္းမာပင္၊ ေျမာက္ယမား ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔တာဝန္ခံ ကိုမ်ိဳးက ဗြီအိုေအကို ေျပာပါတယ္။ မိုင္းရွင္းလင္းေရးကို သူ႔တို႔ရဲ႕တပ္ခြဲတခုျဖစ္တဲ့ ျမန္မာေခ်ေဂြဗာရားအဖြဲ႔က တာဝန္ယူခဲ့ၿပီး တရက္အတြင္း မိုင္းအလုံးေရ ၈၀ နီးပါး ေတြ႔ခဲ့ရတယ္လို႔ သူကေျပာပါတယ္။

"ရန္သူစစ္ေကာင္စီဘက္က လက္ပံေတာင္း ေၾကးနီစီမံကိန္းတခြင္ေပါ့ေနာ္။ ေနရာေတြအားလုံးကို မိုင္းေထာင္ထားတာ၊ အခုေတြ႕တဲ့မိုင္းေတြက လက္ပံေတာင္း ေၾကးနီစီမံကိန္းရဲ႕ အေရွ႕ေျမာက္ဘက္က ေနရာမွာ ေတြ႔တာေပါ့ေလ။ အဲဒီေတာ့ က်န္ေနေသးတဲ့မိုင္းေတြ ရွိပါေသးတယ္။ လက္ပံေတာင္း ေၾကးနီစီမံကိန္းရဲ႕ အနီးတဝိုက္က လယ္ေျမေတြမွာလည္း မိုင္းေတြေထာင္ထားတယ္ ဆိုၿပီး က်ေနာ္တို႔ သတင္းေတြရထားတာ ရွိပါတယ္။ အဲဒါေတြကိုလည္ က်ေနာ္တို႔ ဆက္ၿပီးေဖာ္ထုတ္ဖို႔ က်ေနာ္တို႔ ႀကိဳးစားေဆာင္႐ြက္ေနပါတယ္။"

မိုင္းကိုစစ္ေဆးၾကည့္တဲ့အခါမွာ M14 ပလပ္စတစ္ နင္းမိုင္းအမ်ိဳးအစားျဖစ္ၿပီး ဒါေတြကို ျမန္မာစစ္တပ္က အမ်ားဆံုးသံုးေလ့ရွိတယ္လို႔ ေဒသကာကြယ္ေရးအဖြဲ႔ေတြက ေျပာပါတယ္။ ဒါ့အျပင္ ဒီမိုင္းတလုံးကို က်ပ္ေငြ ၁ သိန္းနီးပါးရွိမယ္ လို႔လည္း ခန္႔မွန္းေၾကာင္း ေျပာပါတယ္။

လက္ပံေတာင္းေၾကးနီစီမံကိန္းကို ရပ္ဆိုင္းထားတယ္လို႔ တ႐ုတ္ဝမ္ေပါင္ကုမၸဏီဘက္က တရားဝင္ထုတ္ျပန္ထားပါတယ္။ ေဒသခံေတြကေတာ့ ဒီစီမံကိန္းဟာ ဆက္လည္ပတ္ေနၿပီး သူ႔ရဲ႕လုံၿခဳံေရးကို စစ္တပ္က တာဝန္ယူေပးထားတယ္လို႔ ေျပာပါတယ္။ တပ္မတခုစာ အင္အားရွိတဲ့ စစ္ေကာင္စီတပ္သားေတြက ဝမ္ေပါင္ကုမၸဏီဝင္းထဲမွာ ေျခကုပ္ယူထားသလို အနီးအနားက ေက်း႐ြာေတြကိုလည္း မီးရႈိ႕တာ၊ လူတခ်ိဳ႕ကို သတ္ျဖတ္တာေတြလုပ္ခဲ့တယ္လို႔ ေဒသခံတခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ စစ္ကိုင္းတိုင္းထဲက လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ကလည္း ဒါကိုလက္တုံ႔ျပန္တဲ့အေနနဲ႔ ဝမ္ေပါင္ကုမၸဏီရွိတဲ့ဘက္ကို အေဝးပစ္ဗုံး ၂၀၀ ေက်ာ္ ဇြန္လတုန္းက ပစ္ခတ္ခဲ့တာပါ။

"ရန္သူစစ္ေကာင္စီက ဒီလိုမ်ိဳး မိုင္းေတြေထာင္တာဟာ သူတို႔တပ္ဖြဲ႕ဝင္ေတြကလြဲလို႔ ဘယ္သူ႔မဆို၊ ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္၊ ဘယ္လိုေသေသေပါ့ေနာ္ ေသရင္ၿပီးတာပဲ၊ စီမံကိန္းကို လာေရာက္ၿပီးေတာ့ က်ဴးေက်ာ္ၿပီးေတာ့ မထိခိုက္ရင္ၿပီးတာပဲဆိုတဲ့ ပုံစံမ်ိဳးနဲ႔ သူတို႔လုပ္တယ္လို႔ပဲ က်ေနာ္တို႔ ျမင္ပါတယ္။"

ေျမာက္ယမား ျပည္သူ႔ကာကြယ္ေရးအဖြဲ႔က ကိုမ်ိဳးေျပာသြားတာပါ။

ကရင္ျပည္နယ္၊ ကယားျပည္နယ္ေတြအျပင္ အခုေနာက္ပိုင္း စစ္ကိုင္းတိုင္းမွာပါ ေျမျမႇဳပ္မိုင္းေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ သုံးေနၿပီလို႔ ေဒသခံေတြက ဗြီအိုေအကို ေျပာပါတယ္။ စစ္ေရးအသာစီးရဖို႔ မိုင္းေတြကို ႏွစ္ဘက္စလုံးက အသုံးျပဳေလ့ရွိေပမဲ့ အရပ္သားေတြပဲ အမ်ားဆုံးထိခိုက္ရတယ္လို႔ စစ္ကိုင္းတိုင္း ရပ္ဘက္အဖြဲ႕အစည္းတခုရဲ႕ တာဝန္ခံက ဗြီအိုေအ ကို ေျပာပါတယ္။

"တဘက္နဲ႔တဘက္ စစ္ပြဲေတြ ျဖစ္ပြားလာတဲ့အခါမွာ အားသာခ်က္ကို ယူခ်င္ေသာအားျဖင့္ေပါ့ေလ၊ ႏွစ္ဘက္စလုံးက တဘက္ရန္သူ သြားလာႏိုင္တဲ့ ေနရာမ်ိဳးမွာ ေျမျမႇဳပ္မိုင္းေတြကို ေထာင္ထားေလ့ ရွိတယ္ေပါ့ေလ။ အာဏာသိမ္းၿပီးေနာက္ပိုင္း ျဖစ္ေပၚလာတဲ့ အခင္းအက်င္းမွာေပါ့ေလ။ ဒီေျမျမႇဳပ္မိုင္းရဲ႕ဆိုးက်ိဳးက တဘက္ရန္သူတင္မကဘဲနဲ႔ စားဝတ္ေနေရးအတြက္ ေတာင္ယာသြား၊ ဥယ်ာဥ္ၿခံလုပ္ေနတဲ့ သူေတြအတြက္ပါ ေတာ္ေတာ္ေလး ထိခိုက္နစ္နာမႈရွိတယ္။ ေတာ္ေတာ္မ်ားမ်ား အျပစ္မဲ့တဲ့ ျပည္သူေတြဟာ ေျမျမႇဳပ္မိုင္းဒဏ္ေၾကာင့္ အသက္ေပးသြားၾကတာ ေတာ္ေတာ္ေလး ေတြ႔ရပါတယ္။"

ယင္းမာပင္ၿမိဳ႕ေပၚက စစ္ေကာင္စီတပ္စြဲထားတဲ့ ေနရာေတြအပါအဝင္ စိုက္ပ်ိဳးေရး႐ုံး၊ သမဝါယမ႐ုံး၊ စာသင္ေက်ာင္း စတဲ့ေနရာအမ်ားစုမွာလည္း ေျမျမႇဳပ္မိုင္းေတြကို စစ္ေကာင္စီဘက္က အသုံးျပဳထားတယ္လို႔ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ လူသူနီးတဲ့ေနရာေတြမွာ ေျမျမႇဳပ္မိုင္းေတြ အသုံးျပဳေနလားဆိုတာကို စစ္ေကာင္စီကိုေမးျမန္းဖို႔ ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းျပန္လည္ ေျဖၾကားျခင္းမရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဆားလင်းကြီး ကြေးနီလုပ်ငန်းခွင်တဝိုက်က မြေမြှုပ်မိုင်းအန္တရာယ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ကြေးနီတူးဖော်ထုတ်လုပ်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီရဲ့လုပ်ငန်းခွင်အနီးတဝိုက်က ရွာတချို့မှာ မြေမြှုပ်မိုင်းအများအပြား တွေ့ခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။ ဒေသခံတွေထိခိုက်မှုမရှိအောင် ဒါကို အသိပေးထားပြီး ရှာဖွေမှုတွေလည်း ဆက်ပြီးလုပ်နေတယ်လို့ လည်းပြောပါတယ်။ မြေမြှုပ်မိုင်းတွေကို လက်နက်ကိုင်အဖွဲ့ နှစ်ဘက်စလုံးက အသုံးပြုနေကြပေမယ့် အရပ်သား ပြည်သူတွေပဲ အများဆုံးထိခိုက် နေတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်နဲ့ ခုနစ်မိုင်အကွာလောက်က ဝက်မှေးရွာနားက လက်ပံတောင်း ကြေးနီစီမံကိန်းကို လျှပ်စစ်ပေးဖို့သွယ်တန်းထားတဲ့ ဓာတ်ကြိုးတွေအောက်နဲ့ ကြေးနီစီမံကိန်း အနီးပတ်ဝန်းကျင် ရွာစပ်တွေမှာ မြေမြှုပ်မိုင်း အများအပြားကို တွေ့ခဲ့ရတယ်လို့ ယင်းမာပင်၊ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုမျိုးက ဗွီအိုအေကို ပြောပါတယ်။ မိုင်းရှင်းလင်းရေးကို သူ့တို့ရဲ့တပ်ခွဲတခုဖြစ်တဲ့ မြန်မာချေဂွေဗာရားအဖွဲ့က တာဝန်ယူခဲ့ပြီး တရက်အတွင်း မိုင်းအလုံးရေ ၈၀ နီးပါး တွေ့ခဲ့ရတယ်လို့ သူကပြောပါတယ်။

"ရန်သူစစ်ကောင်စီဘက်က လက်ပံတောင်း ကြေးနီစီမံကိန်းတခွင်ပေါ့နော်။ နေရာတွေအားလုံးကို မိုင်းထောင်ထားတာ၊ အခုတွေ့တဲ့မိုင်းတွေက လက်ပံတောင်း ကြေးနီစီမံကိန်းရဲ့ အရှေ့မြောက်ဘက်က နေရာမှာ တွေ့တာပေါ့လေ။ အဲဒီတော့ ကျန်နေသေးတဲ့မိုင်းတွေ ရှိပါသေးတယ်။ လက်ပံတောင်း ကြေးနီစီမံကိန်းရဲ့ အနီးတဝိုက်က လယ်မြေတွေမှာလည်း မိုင်းတွေထောင်ထားတယ် ဆိုပြီး ကျနော်တို့ သတင်းတွေရထားတာ ရှိပါတယ်။ အဲဒါတွေကိုလည် ကျနော်တို့ ဆက်ပြီးဖော်ထုတ်ဖို့ ကျနော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။"

မိုင်းကိုစစ်ဆေးကြည့်တဲ့အခါမှာ M14 ပလပ်စတစ် နင်းမိုင်းအမျိုးအစားဖြစ်ပြီး ဒါတွေကို မြန်မာစစ်တပ်က အများဆုံးသုံးလေ့ရှိတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒါ့အပြင် ဒီမိုင်းတလုံးကို ကျပ်ငွေ ၁ သိန်းနီးပါးရှိမယ် လို့လည်း ခန့်မှန်းကြောင်း ပြောပါတယ်။

လက်ပံတောင်းကြေးနီစီမံကိန်းကို ရပ်ဆိုင်းထားတယ်လို့ တရုတ်ဝမ်ပေါင်ကုမ္ပဏီဘက်က တရားဝင်ထုတ်ပြန်ထားပါတယ်။ ဒေသခံတွေကတော့ ဒီစီမံကိန်းဟာ ဆက်လည်ပတ်နေပြီး သူ့ရဲ့လုံခြုံရေးကို စစ်တပ်က တာဝန်ယူပေးထားတယ်လို့ ပြောပါတယ်။ တပ်မတခုစာ အင်အားရှိတဲ့ စစ်ကောင်စီတပ်သားတွေက ဝမ်ပေါင်ကုမ္ပဏီဝင်းထဲမှာ ခြေကုပ်ယူထားသလို အနီးအနားက ကျေးရွာတွေကိုလည်း မီးရှို့တာ၊ လူတချို့ကို သတ်ဖြတ်တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက လက်နက်ကိုင်အဖွဲ့တချို့ကလည်း ဒါကိုလက်တုံ့ပြန်တဲ့အနေနဲ့ ဝမ်ပေါင်ကုမ္ပဏီရှိတဲ့ဘက်ကို အဝေးပစ်ဗုံး ၂၀၀ ကျော် ဇွန်လတုန်းက ပစ်ခတ်ခဲ့တာပါ။

"ရန်သူစစ်ကောင်စီက ဒီလိုမျိုး မိုင်းတွေထောင်တာဟာ သူတို့တပ်ဖွဲ့ဝင်တွေကလွဲလို့ ဘယ်သူ့မဆို၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်၊ ဘယ်လိုသေသေပေါ့နော် သေရင်ပြီးတာပဲ၊ စီမံကိန်းကို လာရောက်ပြီးတော့ ကျူးကျော်ပြီးတော့ မထိခိုက်ရင်ပြီးတာပဲဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့လုပ်တယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။"

မြောက်ယမား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကိုမျိုးပြောသွားတာပါ။

ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေအပြင် အခုနောက်ပိုင်း စစ်ကိုင်းတိုင်းမှာပါ မြေမြှုပ်မိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေပြီလို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ရေးအသာစီးရဖို့ မိုင်းတွေကို နှစ်ဘက်စလုံးက အသုံးပြုလေ့ရှိပေမဲ့ အရပ်သားတွေပဲ အများဆုံးထိခိုက်ရတယ်လို့ စစ်ကိုင်းတိုင်း ရပ်ဘက်အဖွဲ့အစည်းတခုရဲ့ တာဝန်ခံက ဗွီအိုအေ ကို ပြောပါတယ်။

"တဘက်နဲ့တဘက် စစ်ပွဲတွေ ဖြစ်ပွားလာတဲ့အခါမှာ အားသာချက်ကို ယူချင်သောအားဖြင့်ပေါ့လေ၊ နှစ်ဘက်စလုံးက တဘက်ရန်သူ သွားလာနိုင်တဲ့ နေရာမျိုးမှာ မြေမြှုပ်မိုင်းတွေကို ထောင်ထားလေ့ ရှိတယ်ပေါ့လေ။ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခင်းအကျင်းမှာပေါ့လေ။ ဒီမြေမြှုပ်မိုင်းရဲ့ဆိုးကျိုးက တဘက်ရန်သူတင်မကဘဲနဲ့ စားဝတ်နေရေးအတွက် တောင်ယာသွား၊ ဥယျာဉ်ခြံလုပ်နေတဲ့ သူတွေအတွက်ပါ တော်တော်လေး ထိခိုက်နစ်နာမှုရှိတယ်။ တော်တော်များများ အပြစ်မဲ့တဲ့ ပြည်သူတွေဟာ မြေမြှုပ်မိုင်းဒဏ်ကြောင့် အသက်ပေးသွားကြတာ တော်တော်လေး တွေ့ရပါတယ်။"

ယင်းမာပင်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေအပါအဝင် စိုက်ပျိုးရေးရုံး၊ သမဝါယမရုံး၊ စာသင်ကျောင်း စတဲ့နေရာအများစုမှာလည်း မြေမြှုပ်မိုင်းတွေကို စစ်ကောင်စီဘက်က အသုံးပြုထားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တချို့က ဗွီအိုအေကို ပြောပါတယ်။ လူသူနီးတဲ့နေရာတွေမှာ မြေမြှုပ်မိုင်းတွေ အသုံးပြုနေလားဆိုတာကို စစ်ကောင်စီကိုမေးမြန်းဖို့ ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပြန်လည် ဖြေကြားခြင်းမရှိပါဘူး။

XS
SM
MD
LG