သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ခ်က္ခ်င္းအေရးယူဖို႔ အႀကံေပးေကာင္စီတိုက္တြန္း 


ဒီပဲယင္း စာသင္ေက်ာင္း တိုက္ခိုက္ခံရမႈျမင္ကြင္း။


[[Zawgyi/Unicode]]

“ျမန္မာစစ္တပ္ရဲ႕ ရဟတ္ယာဥ္သံုး ပစ္ခတ္တိုက္ခိုက္မႈေတြေၾကာင့္ ကေလးငယ္ေတြ ေသဆံုးခဲ့ရတာၿပီး ျမန္မာ့အေရး ကုလသမဂၢနဲ႔ အာဆီယံတို႔ဘက္က အေရးယူေဆာင္ရြက္လာေအာင္ အျပစ္ မဲ့ကေလးငယ္ ဘယ္ႏွစ္ေယာက္ ေသေပးရမွာလဲ” လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အထူးေကာင္စီက ဒီကေန႔ပဲ ေမးခြန္းထုတ္လိုက္ပါတယ္။

“ကုလသမဂၢနဲ႔ အာဆီယံတို႔ဘက္က အေရးယူေဆာင္ရြက္တာမရွိရင္ ဒါဟာ ၾကံရာပါျဖစ္ေၾကာင္း” လည္း သတိေပးလိုက္ပါတယ္။ ဒါ့အျပင္ စစ္ေကာင္စီကို လက္နက္တင္ပို႔ေရာင္းခ်မႈ ပိတ္ပင္ဖို႔နဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကို အသိမွတ္ျပဳဖို႔ပါ ေတာင္းဆိုလိုက္ပါတယ္။

စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္းေက်း႐ြာက စာသင္ေက်ာင္းကို ျမန္မာစစ္တပ္ရဲ႕ ရဟတ္ယာဥ္ေတြက တိုက္ခိုက္ခဲ့မႈနဲ႔ပတ္သက္ၿပီး ထုတ္ျပန္ခဲ့တဲ့ေၾကညာခ်က္ထဲမွာ အထူး အႀကံေပး ေကာင္စီက ခုလို ေျပာလိုက္တာျဖစ္ပါတယ္။ အခုလို တိုက္ခိုက္တာဟာ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အထိ အစီရင္ခံ ဒါမွမဟုတ္ အမိန႔္ခံရတဲ့ အဆင့္ျမင့္တပ္မႉးေတြရဲ႕ အမိန႔္မပါဘဲမျဖစ္ႏိုင္ဘူးလို႔လည္း ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

ဒီပဲယင္း လက္ယက္ကုန္းေက်းရြာျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အနည္းဆံုး ကေလးငယ္ ၁၁ ဦးအပါအဝင္ ၁၃ ဦးေသဆံုးရေၾကာင္း ကုလသမဂၢက သတင္းထုတ္ျပန္ၿပီး အတြင္းေရးမႈးခ်ဳပ္က ေဝဖန္ရႈတ္ခ် ခဲ့ပါတယ္။ ဒီတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး VOA က ကနဦးစံုစမ္း ေမးျမန္းခဲ့ရာမွာေတာ့ ကေလးငယ္ ၇ ဦး အပါအဝင္ ၁၃ ဦး ေသဆံုးရေၾကာင္းပဲ သတင္းရရွိထားပါတယ္။ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ၁၉ ရက္ေန႔က ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ ကေလးငယ္ေတြေသဆံုးေၾကာင္း ထုတ္မေျပာေပမယ့္ ကေလးတခ်ိဳ႕ကို ေဆးကုသေပးေနေၾကာင္း၊ ကေလး ၂ ဦး ဒဏ္ရာ ျပင္းထန္ေၾကာင္း ေျပာၾကားခဲ့တာပါ။

ကုလသမဂၢရဲ႕ ကေလး ၁၁ ဦး ေသဆံုးတယ္ဆိုတဲ့ ေျပာဆိုခ်က္နဲ႔ပတ္သက္ၿပီး အတည္ျပဳႏိုင္ဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ဒီကေန႔ ထပ္ၿပီး ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေပမယ့္ ခုထိ မတုံ႔ျပန္ေသးပါဘူး။

စစ္အာဏာသိမ္းၿပီးကတည္းက လက္နက္မဲ့ အရပ္သားေတြကို အစုလိုက္အၿပဳံလိုက္သတ္ျဖတ္၊ မုဒိန္းက်င့္၊ မီးရႈိ႕၊ လုယက္၊ စားနပ္ရိကၡာ ေဆးဝါးအေထာက္အပံ့ေတြ ဖ်က္ဆီးတာနဲ႔ ဘာသာေရးအေဆာက္အဦးေတြကို ပစ္ခတ္တာေတြ ရွိေနတယ္လို႔ အၾကံေပးေကာင္စီရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မြန်မာ့အရေး ချက်ချင်းအရေးယူဖို့ အကြံပေးကောင်စီတိုက်တွန်း

“မြန်မာစစ်တပ်ရဲ့ ရဟတ်ယာဉ်သုံး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ သေဆုံးခဲ့ရတာပြီး မြန်မာ့အရေး ကုလသမဂ္ဂနဲ့ အာဆီယံတို့ဘက်က အရေးယူဆောင်ရွက်လာအောင် အပြစ် မဲ့ကလေးငယ် ဘယ်နှစ်ယောက် သေပေးရမှာလဲ” လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကောင်စီက ဒီကနေ့ပဲ မေးခွန်းထုတ်လိုက်ပါတယ်။

“ကုလသမဂ္ဂနဲ့ အာဆီယံတို့ဘက်က အရေးယူဆောင်ရွက်တာမရှိရင် ဒါဟာ ကြံရာပါဖြစ်ကြောင်း” လည်း သတိပေးလိုက်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိမှတ်ပြုဖို့ပါ တောင်းဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို မြန်မာစစ်တပ်ရဲ့ ရဟတ်ယာဉ်တွေက တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ကြေညာချက်ထဲမှာ အထူး အကြံပေး ကောင်စီက ခုလို ပြောလိုက်တာဖြစ်ပါတယ်။ အခုလို တိုက်ခိုက်တာဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အထိ အစီရင်ခံ ဒါမှမဟုတ် အမိန့်ခံရတဲ့ အဆင့်မြင့်တပ်မှူးတွေရဲ့ အမိန့်မပါဘဲမဖြစ်နိုင်ဘူးလို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီပဲယင်း လက်ယက်ကုန်းကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနည်းဆုံး ကလေးငယ် ၁၁ ဦးအပါအဝင် ၁၃ ဦးသေဆုံးရကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပြီး အတွင်းရေးမှုးချုပ်က ဝေဖန်ရှုတ်ချ ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး VOA က ကနဦးစုံစမ်း မေးမြန်းခဲ့ရာမှာတော့ ကလေးငယ် ၇ ဦး အပါအဝင် ၁၃ ဦး သေဆုံးရကြောင်းပဲ သတင်းရရှိထားပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ် ချုပ်ဇော်မင်းထွန်းကတော့ ၁၉ ရက်နေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကလေးငယ်တွေသေဆုံးကြောင်း ထုတ်မပြောပေမယ့် ကလေးတချို့ကို ဆေးကုသပေးနေကြောင်း၊ ကလေး ၂ ဦး ဒဏ်ရာ ပြင်းထန်ကြောင်း ပြောကြားခဲ့တာပါ။

ကုလသမဂ္ဂရဲ့ ကလေး ၁၁ ဦး သေဆုံးတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရကို ဒီကနေ့ ထပ်ပြီး ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ခုထိ မတုံ့ပြန်သေးပါဘူး။

စစ်အာဏာသိမ်းပြီးကတည်းက လက်နက်မဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်၊ မုဒိန်းကျင့်၊ မီးရှို့၊ လုယက်၊ စားနပ်ရိက္ခာ ဆေးဝါးအထောက်အပံ့တွေ ဖျက်ဆီးတာနဲ့ ဘာသာရေးအဆောက်အဦးတွေကို ပစ်ခတ်တာတွေ ရှိနေတယ်လို့ အကြံပေးကောင်စီရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG