သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမင္းမူၿမိဳ႕နယ္အတြင္း စစ္ေကာင္စီေလေၾကာင္းသုံး တိုက္ခိုက္


ေလေၾကာင္းသံုးတိုက္ခုိက္ခံေနရတဲ့ စစ္ကိုင္းတုိင္း၊ ျမင္းမူၿမိဳ႕နယ္က မူးမႏၱေလးေက်းရြာ (Crd: MIMU)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ျမင္းမူၿမိဳ႕နယ္အတြင္းက ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြရွိမယ္လို႔ ထင္ရတဲ့ေနရာေတြအပါအဝင္ ေက်း႐ြာတခ်ိဳ႕ကို ဇူလိုင္လ၂၇ ရက္ေန႔ မနက္ပိုင္းကစၿပီး စစ္ေကာင္စီကေလေၾကာင္းက တိုက္ခိုက္ေနသလို ထြက္ေျပးေနၾကတဲ့ ေဒသခံေတြကိုလည္း ဖမ္းဆီးတာေတြရွိတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒါ့အျပင္ ေဒသခံျပည္သူကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔လည္း ေဒသတြင္း တိုက္ ပြဲေတြျဖစ္ေနပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

စစ္ကုိင္းတိုင္း ျမင္းမူၿမိဳ႕နယ္အတြင္းက ေဒသခံျပည္သူ့ကာကြယ္ေရးတပ္ဖဲြ႔ေတြရွိမယ္လို့ထင္ရတဲ့ေနရာေတြအပါအဝင္ ေက်းရြာေတြကုိ ဇူလိုင္လ ၂၇ ရက္ေန့ မနက္ပုိင္းကစျပီး စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္ေနတာေၾကာင့္ ေဒေသခံေတြ ထြက္ေျပးေနရသလို ဘုန္းႀကီးေက်ာင္းဘက္ကိုေျပးျပီး ခိုလွံဳေနသူေတြကုိေတာ့ ကံျပားရြာဘက္ကေန ေျခလ်င္တက္လာတဲ့ စစ္ေကာင္စီတပ္က ဖမ္းဆီးထားတယ္လို့ ေဒသခံတဦးက အခုလို ေျပာပါတယ္။

“ ေလေၾကာင္းကေန မံုရြာ၊ အရာေတာ္ဘက္အစပ္ကေန ဟတ္စကီး၂ စီးနဲဲ႔၊ တစင္းက မီးေက်ာင္းကန္ရြာနဲ့ မူးမႏၱေလးၾကားက ေက်ာက္ကုန္းေတြရွိတဲ့ေနရာေတြ၊ PDF စခန္းရွိမယ့္ေနရာေတြကို လိုက္ျပီးပစ္ေနတယ္။ မူးမႏၱေလးက ေတာင္ ရြာ ေျမာက္ရြာဆိုတာရွိတယ္။ အဲဒီမွာ ေနာက္တစီးက အကုန္လွည့္ျပီး ပစ္ခတ္ေနတယ္။ ေနာက္ျပီးေတာ့ ဘုန္းႀကီးေက်ာင္းဘက္ကို ေျပးတဲ့ရြာသားေတြကိုလည္း ဖမ္းထားတယ္။ ေလယာဥ္နဲ့ပစ္ေတာ့ အျပင္ဘက္ေျပးတဲ့သူေတြကေတာ့ လြတ္တယ္။ ဘုန္းႀကီးေက်ာင္းဘက္ကုိေျပးတဲ့သူေတြကေတာ့ အကုန္လံုးကုိ ဖမ္းထားတယ္။ ေတာင္ရြာမွာလည္း ဘုန္းႀကီးေက်ာင္းရွိတယ္။ ေတာင္ရြာကိုေတာ့ စစ္သားေတြ ဆင္းလာတာမရွိေသးဘူး။ ရြာႀကီးမွာေတာ့ စခန္းပံုစံမ်ိဳးနဲ့ ဆင္းလာေတာ့ ပိတ္မိေနတာေပါ့။ အညာေဒသမွာျဖစ္ေနတာက ဘုန္းႀကီးေက်ာင္းဘက္ကေျပးတဲ့သူေတြကပဲ အဖမ္းခံေနရတယ္။”

ျမင္းမူျမိဳ႕ဘက္မွာျဖစ္ပြားေနတဲ့ တိုက္ပဲြအေျခအေနနဲ့ပတ္သက္လို့ စစ္ေကာင္စီဘက္ကေတာ့သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

စစ္ေကာင္စီတပ္က ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္ေနတဲ့အတြက္ မူး-မႏၲေလးေတာင္ရြာ၊ ေျမာက္ရြာ၊ ေက်ာက္ဖ်ာ၊ အင္းမ၊ တလိုင္းကြၽန္း မူးသာစတဲ့ရြာေတြက ေဒသခံေတြလည္း ထြက္ေျပးေနရသလို မူးျမစ္တဖက္ကမ္း ဆားေတာင္ၿမိဳ႕ဘက္က ေညာင္ပင္ရွည္၊ တလိုင္းကြၽန္း၊ မူးသား႐ြာေတြလည္းေျပးေနရတယ္လို့ဆုိပါတယ္။ အခုလိုေလေၾကာင္းတိုက္ခိုက္မႈမ်ိဳးကို လြန္ခဲ့တဲ့ ၃ လခန့္ကလည္း ျမင္းမူျမိဳ႕နယ္ထဲမွာ လုပ္ခဲ့ျပီး အဲဒီတုန္းကလည္း ထြက္ေျပးရင္း စစ္ေကာင္စီတပ္က ဖမ္းမိတဲ့ေဒသခံေတြ သတ္ျဖတ္ခံရဖူးတယ္လို့လည္း မူး-မႏၱေလးေက်းရြာသားက ဆက္ေျပာျပပါတယ္။

“အရင္တုန္းက ျမင္းမူျမိဳ႕နယ္ထဲက ပဒပ္ခ်ိဳင္းရြာမွာလည္းျဖစ္တယ္။ ဧျပီလမတုိင္ခင္က အဲဒီတုန္းက ဘုန္းႀကီးေက်ာင္းဘက္ေျပးတဲ့သူေတြက အသတ္ခံရတာရွိတယ္။ ၁၄ ေယာက္ရွိတယ္။ အဲဒီတုန္းက ၁၄ ႏွစ္သမီး မိန္းကေလးတေယာက္ကိုေတာ့ ေစာ္ကားျပီး သတ္သြားတယ္။ က်န္တဲ့သူေတြက အသက္အရြယ္ႀကီးသူေတြက်ေတာ့ အကုန္လံုးလက္ျပန္ႀကိဳးတုပ္ၿပီး မီးရွို ့သတ္သြားတာ။”

မူးမႏၱေလးေက်းရြာက ေတာင္ရြာေျမာက္ရြာရွိၿပီး အိမ္ေျခေပါင္း ၃၀၀ နီးပါး ရွိပါတယ္။ အဲဒီ ရြာ၂ ရြာထဲက ေျမာက္ရြာကိုေတာ့ ေျမျပင္ကေနတက္လာတဲ့ စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္စခန္းခ်ထားျပီး ထြက္ေျပးေနတဲ့ ေဒသခံတခ်ဳိ႕ကို ဖမ္းဆီးထားတယ္လို့ဆုိပါတယ္။ ေလေၾကာင္းကပစ္ခတ္ေနၿပီး ျမင္းမူ-အရာေတာ္ဘက္က နယ္ေျမေတြကိုေတာ့ ေျခလ်င္တပ္ေတြက တပ္ျဖန့္ျပီးေနရာယူထားတယ္လို့ ဆိုပါတယ္။ အဲဒီေဒသတဝိုက္ ေက်ာက္ဖ်ာရြာဘက္မွာေတာ့ ေဒသခံ ျပည္သူ့ကာကြယ္ေရးတပ္ဖဲြ႔ေတြနဲ့စစ္ေကာင္စီတပ္ေတြဟာ ေန့လည္ပုိင္းအထိ ႏွစ္ဖက္တိုက္ပဲြေတြလည္းျဖစ္ေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းသုံး တိုက်ခိုက်

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိမယ်လို့ ထင်ရတဲ့နေရာတွေအပါအဝင် ကျေးရွာတချို့ကို ဇူလိုင်လ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီကလေကြောင်းက တိုက်ခိုက်နေသလို ထွက်ပြေးနေကြတဲ့ ဒေသခံတွေကိုလည်း ဖမ်းဆီးတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ဒေသတွင်း တိုက် ပွဲတွေဖြစ်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိမယ်လို့ထင်ရတဲ့နေရာတွေအပါအဝင် ကျေးရွာတွေကို ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသေခံတွေ ထွက်ပြေးနေရသလို ဘုန်းကြီးကျောင်းဘက်ကိုပြေးပြီး ခိုလှုံနေသူတွေကိုတော့ ကံပြားရွာဘက်ကနေ ခြေလျင်တက်လာတဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“ လေကြောင်းကနေ မုံရွာ၊ အရာတော်ဘက်အစပ်ကနေ ဟတ်စကီး၂ စီးနဲ့၊ တစင်းက မီးကျောင်းကန်ရွာနဲ့ မူးမန္တလေးကြားက ကျောက်ကုန်းတွေရှိတဲ့နေရာတွေ၊ PDF စခန်းရှိမယ့်နေရာတွေကို လိုက်ပြီးပစ်နေတယ်။ မူးမန္တလေးက တောင် ရွာ မြောက်ရွာဆိုတာရှိတယ်။ အဲဒီမှာ နောက်တစီးက အကုန်လှည့်ပြီး ပစ်ခတ်နေတယ်။ နောက်ပြီးတော့ ဘုန်းကြီးကျောင်းဘက်ကို ပြေးတဲ့ရွာသားတွေကိုလည်း ဖမ်းထားတယ်။ လေယာဉ်နဲ့ပစ်တော့ အပြင်ဘက်ပြေးတဲ့သူတွေကတော့ လွတ်တယ်။ ဘုန်းကြီးကျောင်းဘက်ကိုပြေးတဲ့သူတွေကတော့ အကုန်လုံးကို ဖမ်းထားတယ်။ တောင်ရွာမှာလည်း ဘုန်းကြီးကျောင်းရှိတယ်။ တောင်ရွာကိုတော့ စစ်သားတွေ ဆင်းလာတာမရှိသေးဘူး။ ရွာကြီးမှာတော့ စခန်းပုံစံမျိုးနဲ့ ဆင်းလာတော့ ပိတ်မိနေတာပေါ့။ အညာဒေသမှာဖြစ်နေတာက ဘုန်းကြီးကျောင်းဘက်ကပြေးတဲ့သူတွေကပဲ အဖမ်းခံနေရတယ်။”

မြင်းမူမြို့ဘက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် မူး-မန္တလေးတောင်ရွာ၊ မြောက်ရွာ၊ ကျောက်ဖျာ၊ အင်းမ၊ တလိုင်းကျွန်း မူးသာစတဲ့ရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေရသလို မူးမြစ်တဖက်ကမ်း ဆားတောင်မြို့ဘက်က ညောင်ပင်ရှည်၊ တလိုင်းကျွန်း၊ မူးသားရွာတွေလည်းပြေးနေရတယ်လို့ဆိုပါတယ်။ အခုလိုလေကြောင်းတိုက်ခိုက်မှုမျိုးကို လွန်ခဲ့တဲ့ ၃ လခန့်ကလည်း မြင်းမူမြို့နယ်ထဲမှာ လုပ်ခဲ့ပြီး အဲဒီတုန်းကလည်း ထွက်ပြေးရင်း စစ်ကောင်စီတပ်က ဖမ်းမိတဲ့ဒေသခံတွေ သတ်ဖြတ်ခံရဖူးတယ်လို့လည်း မူး-မန္တလေးကျေးရွာသားက ဆက်ပြောပြပါတယ်။

“အရင်တုန်းက မြင်းမူမြို့နယ်ထဲက ပဒပ်ချိုင်းရွာမှာလည်းဖြစ်တယ်။ ဧပြီလမတိုင်ခင်က အဲဒီတုန်းက ဘုန်းကြီးကျောင်းဘက်ပြေးတဲ့သူတွေက အသတ်ခံရတာရှိတယ်။ ၁၄ ယောက်ရှိတယ်။ အဲဒီတုန်းက ၁၄ နှစ်သမီး မိန်းကလေးတယောက်ကိုတော့ စော်ကားပြီး သတ်သွားတယ်။ ကျန်တဲ့သူတွေက အသက်အရွယ်ကြီးသူတွေကျတော့ အကုန်လုံးလက်ပြန်ကြိုးတုပ်ပြီး မီးရှို့သတ်သွားတာ။”

မူးမန္တလေးကျေးရွာက တောင်ရွာမြောက်ရွာရှိပြီး အိမ်ခြေပေါင်း ၃၀၀ နီးပါး ရှိပါတယ်။ အဲဒီ ရွာ၂ ရွာထဲက မြောက်ရွာကိုတော့ မြေပြင်ကနေတက်လာတဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်စခန်းချထားပြီး ထွက်ပြေးနေတဲ့ ဒေသခံတချို့ကို ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ လေကြောင်းကပစ်ခတ်နေပြီး မြင်းမူ-အရာတော်ဘက်က နယ်မြေတွေကိုတော့ ခြေလျင်တပ်တွေက တပ်ဖြန့်ပြီးနေရာယူထားတယ်လို့ ဆိုပါတယ်။ အဲဒီဒေသတဝိုက် ကျောက်ဖျာရွာဘက်မှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေဟာ နေ့လည်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲတွေလည်းဖြစ်နေပါတယ်ရှင်။

XS
SM
MD
LG