သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သတင္းလြတ္လပ္ခြင့္ ေလးစားဖို႔ စစ္ေကာင္စီကို IFJ ေတာင္းဆို  


ေမလ ၃ ရက္၊ ၂၀၂၂ ခု ကမၻာ့သတင္းလြတ္လပ္ခြင့္အစီရင္ခံစာ။

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက သတင္းလုပ္ငန္းလုပ္ကိုင္ေနသူတခ်ိဳ႕ကို စစ္ေကာင္စီက ဖမ္းဆီးတာ၊ ေထာင္ဒဏ္ ျပစ္ဒဏ္ခ်မွတ္တာေတြကို ရႈတ္ခ်ၿပီး ဖမ္းဆီးထိန္းသိမ္းထားတဲ့သတင္းသမားအားလံုး ျပန္လႊတ္ေပးဖို႔ ႏိုင္ငံတကာ သတင္းသမားမ်ားအဖြဲ႔ခ်ဳပ္ IFJ က ျမန္မာစစ္ေကာင္စီကို ေတာင္းဆိုလိုက္ပါတယ္။

ရန္ကုန္ဆႏၵျပပြဲတခုမွာပါဝင္ခဲ့တဲ့ ဆႏၵျပလူငယ္တဦးနဲ႔ အလြတ္တန္းဓာတ္ပံု သတင္းေထာက္တဦးကို စစ္ေကာင္စီက ဒီလအေစာပိုင္းက အၾကမ္းဖက္ အင္အားသံုး ဖမ္းဆီးတာရွိခဲ့သလို ၾသဂုတ္လ ၂၅ ရက္၊ မေန႔တုန္းကေတာ့ အလြတ္တန္း ဓာတ္ပံုသတင္းေထာက္ေဟာင္းတဦးျဖစ္တဲ့ ကိုေဇာ္ေဇာ္ကို ေထာင္ဒဏ္ ၃ ႏွစ္ ျပစ္ဒဏ္ ခ်မွတ္ခဲ့တယ္လို႔ IFJ အဖြဲ႔က ေျပာပါတယ္။ ဓာတ္ပံု သတင္းေထာက္ေဟာင္း ကိုေဇာ္ေဇာ္ဆိုရင္ ၂၀၂၁ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း သတင္းေထာက္ အလုပ္ ဆက္မလုပ္ဘဲ ေန ေနတဲ့အခ်ိန္ ဒီႏွစ္ ဧၿပီလထဲ ဖမ္းဆီးခံရတာျဖစ္ပါတယ္။ တပ္မေတာ္ၿပိဳကြဲေအာင္ စည္း႐ံုးလႈံ႔ေဆာ္မႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (က) နဲ႔ သူ႔ကို အေရးယူခံခဲ့ရတယ္လို႔ ေထာက္ျပၿပီး ျမန္မာႏိုင္ငံမွာ စစ္တပ္ အာဏာသိမ္းမႈ ေနာက္ပိုင္း သတင္းမီဒီယာသမားေတြရဲ႕ လံုျခံဳေရး ပိုၿပီး ၿခိမ္းေျခာက္ခံလာ ေနရတယ္လို႔ IFJ အဖြဲ႔က ေျပာပါတယ္။

စစ္ေကာင္စီဟာ သတင္းေထာက္ေတြ၊ သတင္းမီဒီယာလုပ္ငန္း လုပ္ကိုင္သူေတြကိို ၿခိမ္းေျခာက္တာ၊ အၾကမ္းဖက္ ႏွိမ္နင္းတာ၊ တရားလက္လြတ္ ဖမ္းဆီး ထိန္းသိမ္းတာေတြ ပိုမို လုပ္လာေနတယ္လို႔ ဆိုၿပီး စစ္ေကာင္စီအေနနဲ႔ သတင္းလြတ္လပ္ ခြင့္နဲ႔ လူ႔အခြင့္အေရးကို ေလးစားလိုက္နာၿပီး ဖမ္းဆီးထားတဲ့ သတင္းေထာက္ေတြ အားလံုးျပန္လြတ္ေပးဖို႔ ႏိုင္ငံေပါင္း ၁၄၀ က သတင္းသမား ၆ သိန္းေက်ာ္ ပါဝင္တဲ့ ႏိုင္ငံတကာ သတင္းသမားမ်ား အဖြဲ႔ခ်ဳပ္ IFJ က ေတာင္းဆိုပါတယ္။

ျပည္တြင္း ျပည္ပ သတင္းလြတ္လပ္ခြင့္အဖြဲ႔ေတြရဲ႕ ထုတ္ျပန္ခ်က္ေတြအရ ျမန္မာႏိ္ုင္ငံမွာ စစ္တပ္အာဏာသိမ္းမႈ ေနာက္ပိုင္း ဖမ္းဆီး ထိန္းသိမ္းခံရတဲ့ သတင္းသမား ၁၀၀ ေက်ာ္ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[Unicode]

သတင်းလွတ်လပ်ခွင့် လေးစားဖို့ စစ်ကောင်စီကို IFJ တောင်းဆို

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းလုပ်ငန်းလုပ်ကိုင်နေသူတချို့ကို စစ်ကောင်စီက ဖမ်းဆီးတာ၊ ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်တာတွေကို ရှုတ်ချပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့သတင်းသမားအားလုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ သတင်းသမားများအဖွဲ့ချုပ် IFJ က မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်ဆန္ဒပြပွဲတခုမှာပါဝင်ခဲ့တဲ့ ဆန္ဒပြလူငယ်တဦးနဲ့ အလွတ်တန်းဓာတ်ပုံ သတင်းထောက်တဦးကို စစ်ကောင်စီက ဒီလအစောပိုင်းက အကြမ်းဖက် အင်အားသုံး ဖမ်းဆီးတာရှိခဲ့သလို သြဂုတ်လ ၂၅ ရက်၊ မနေ့တုန်းကတော့ အလွတ်တန်း ဓာတ်ပုံသတင်းထောက်ဟောင်းတဦးဖြစ်တဲ့ ကိုဇော်ဇော်ကို ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ IFJ အဖွဲ့က ပြောပါတယ်။ ဓာတ်ပုံ သတင်းထောက်ဟောင်း ကိုဇော်ဇော်ဆိုရင် ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်း သတင်းထောက် အလုပ် ဆက်မလုပ်ဘဲ နေ နေတဲ့အချိန် ဒီနှစ် ဧပြီလထဲ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ တပ်မတော်ပြိုကွဲအောင် စည်းရုံးလှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ သူ့ကို အရေးယူခံခဲ့ရတယ်လို့ ထောက်ပြပြီး မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း သတင်းမီဒီယာသမားတွေရဲ့ လုံခြုံရေး ပိုပြီး ခြိမ်းခြောက်ခံလာ နေရတယ်လို့ IFJ အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီဟာ သတင်းထောက်တွေ၊ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူတွေကို ခြိမ်းခြောက်တာ၊ အကြမ်းဖက် နှိမ်နင်းတာ၊ တရားလက်လွတ် ဖမ်းဆီး ထိန်းသိမ်းတာတွေ ပိုမို လုပ်လာနေတယ်လို့ ဆိုပြီး စစ်ကောင်စီအနေနဲ့ သတင်းလွတ်လပ် ခွင့်နဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ဖမ်းဆီးထားတဲ့ သတင်းထောက်တွေ အားလုံးပြန်လွတ်ပေးဖို့ နိုင်ငံပေါင်း ၁၄၀ က သတင်းသမား ၆ သိန်းကျော် ပါဝင်တဲ့ နိုင်ငံတကာ သတင်းသမားများ အဖွဲ့ချုပ် IFJ က တောင်းဆိုပါတယ်။

ပြည်တွင်း ပြည်ပ သတင်းလွတ်လပ်ခွင့်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ သတင်းသမား ၁၀၀ ကျော် ရှိပါတယ်။

XS
SM
MD
LG