သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဟားခါးမွာ လူေနအိမ္ေပၚ လက္နက္ႀကီးက်ည္က်လို႔ ၄ ဦးထက္မနည္း ဒဏ္ရာရ


ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕ (Crd: MIMU)

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ ဟာခါးထာရ္ရပ္ကြက္အတြင္းက လူေနအိမ္တလုံးေပၚကို မေန႔က မနက္က လက္နက္ႀကီးက်ည္က် ေပါက္ကြဲခဲ့တာေၾကာင့္ အရပ္သား ၄ ဦး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ ဟားခါးၿမိဳ႕ အစြန္ဘက္ကို အၿမဲတမ္းလိုလို လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြရွိေနတာေၾကာင့္ ေဒသခံေတြကေတာ့ စစ္ေကာင္စီတပ္ေတြကို အျပစ္ဖို႔ေလ့ရွိၿပီး ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ရပါတယ္။ ဟာခါးၿမိဳ႕နယ္ အေျခအေန သတင္းေပးပို႔ခ်က္ကို အလိမၼာက တင္ျပေပးထားပါတယ္။

ဟားခါးၿမိဳ႕နယ္အနီးတဝိုက္ ေဒသခံ PDF ကာကြယ္ေရး တပ္ဖြဲ႔ေတြနဲ႔ စစ္တပ္အၾကား တိုက္ပြဲေတြ မၾကာခနျဖစ္သလို စစ္ေရးတင္းမာမႈေတြ ရွိေနတာေၾကာင့္ ညေနဘက္ေတြမွာ ၅ နာရီေနာက္ပိုင္း ၿမိဳ႕တြင္း လူသြားလူလာ သိပ္မရွိေတာ့ဘူးလို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

မေန႔က ဟာခါးထာရ္ရပ္ကြက္ လူေနအိမ္တခုေပၚမွာ လက္နက္ႀကီးက်ည္က်တဲ့အတြက္ ထိခိုက္ဒဏ္ရာရခဲ့တဲ့အေၾကာင္း ေဒသခံတေယာက္က ေျပာပါတယ္။

“မေန႔ကေတာ့ ၆ လမ္းဆုံမွာေတာ့ ပစ္ခတ္မႈေတာ့ ရွိတယ္။ ေနာက္ၿပီးေတာ့ အိမ္ တအိမ္မွာ လက္နက္ႀကီးက်တဲ့အတြက္ေၾကာင့္ မိသားစု ၄ ဦးေတာ့ ဒဏ္ရာအနည္းငယ္ေတာ့ ရတယ္ဟုတ္ကဲ့။ မေန႔က ပစ္တုန္းခတ္တုန္း လက္နက္ႀကီးက်တုန္းကေတာ့ သြားလာမႈေတာ့ မရွိပါဘူး။ ဟုတ္ကဲ့၊ ဒီေန႔ေတာ့ ရွိပါတယ္ ဟုတ္ကဲ့။”

မေန႔ကမနက္အေစာပိုင္း ဟားခါးၿမိဳ႕အစြန္မွာ ႏွစ္ဘက္ ပစ္ခတ္သံေတြ ၾကားရၿပီးေနာက္ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ တုံ႔ျပန္ပစ္ခတ္ခဲ့တာလို႔ ေနာက္ထပ္ ၿမိဳ႕ခံတဦးက အခုလို ေျပာပါတယ္။

“ပစ္ခတ္မႈရွိၿပီးေတာ့ အဲ့ဒီလက္နက္ႀကီးေတြ ရမ္းသမ္းပစ္တာပါ။ ဟားခါးမွာေတာ့ မၾကာခဏျဖစ္ေနပါတယ္။ လက္နက္ႀကီးသံ နားေတြအူေအာင္ၾကားရတာေပါ့။ အဲ့ဒါဆိုေတာ့ ေန႔တိုင္းလိုလိုၾကားရတယ္၊ တခါတေလက်ရင္ အခ်က္အမ်ားႀကီးၾကားရတာေပါ့၊ တခါတေလက်ရင္ေတာ့ နည္းတာေပါ့ေနာ္။ အခု ၂ ရက္ ၃ ရက္ကေတာ့ ၿငိမ္ၿပီလို႔ထင္တာ၊ မေန႔က အဲ့လိုမ်ိဳး သတင္းျပန္ၾကားရတာေပါ့။”

ဟားခါးၿမိဳ႕နယ္မွာ အခုေနာက္ပိုင္း ပစ္ခတ္မႈေတြ ခပ္စိတ္စိတ္ရွိေနသလို လက္နက္ႀကီးပစ္ခတ္သံလည္း ေန႔စဥ္လိုလို ရွိေနတာပါ။ ဒါေၾကာင့္ လက္နက္ႀကီးက်ေရာက္ေလ့ရွိတဲ့ ၿမိဳ႕အစြန္ဘက္နဲ႔ စစ္တပ္အနီးအနား ေနထိုင္တဲ့ ေဒသခံေတြ ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကတယ္လို႔ ေျပာပါတယ္။

“မတူပီလမ္းကေန အဝင္အထြက္ဆိုရင္ အဲ့ဒီစစ္တပ္စစ္ေဆးေရးဂိတ္ အနီးအနားကလူေတြဆိုရင္ေတာ့ အကုန္လုံးကို ေျပာင္းသြားၾကၿပီ။ မရွိၾကေတာ့ဘူးေပါ့။ အဲ့မွာ အိမ္ေျခဘယ္ေလာက္ရွိမလဲ ၂၀၊ ၃၀ ေလာက္ရွိမယ္။ ေနာက္ၿပီးေတာ့ တိုးခ်ဲ႕ ၿမိဳ႕သစ္ဘက္ဆိုရင္လည္း အဲ့လိုမ်ိဳးပဲ။ ဒီတပ္နဲ႔နီးတဲ့ အနီးတဝိုက္ဆိုရင္ေတာ့ သူတို႔ႀကိဳတင္ၿပီးေတာ့ ေရွာင္ၾကတာေပါ့၊ အနီးအနားကလူေတြၾကေတာ့ မရွိၾကေတာ့ဘူး ဟုတ္။”

ဟားခါးၿမိဳ႕ရဲ႕ အဝင္အထြက္ဂိတ္ေတြမွာလည္း စစ္ေကာင္စီတပ္ေတြ လုံၿခဳံေရးကင္းခ်ထားၿပီး တင္းတင္းက်ပ္က်ပ္စစ္ေဆးမႈေနပါတယ္။ ဟားခါးၿမိဳ႕နယ္က ေဒသအေခၚ စစ္ေကာင္စီတပ္ေတြ အေျခစိုက္ထားတဲ့ ဗ်ဴဟာကုန္းနဲ႔ လြတ္လပ္ေရးကုန္းဘက္ကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတာလို႔လည္း ေဒသခံတဦးက ေျပာပါတယ္။

လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္တယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္ လို႔ စစ္ေကာင္စီဘက္က တရားဝင္ ေျပာဆိုတာ မရွိေသးပါဘူး။ ထိခိုက္ဒဏ္ရရတဲ့ သတင္းေတြနဲ႔ ပတ္သက္လို႔ သီးျခားအတည္ျပဳခ်က္လည္း မရေသးပါဘူး။

ဒီအေတာအတြင္း ဒီေန႔ မနက္ေစာေစာပိုင္းကေတာ့ ဟားခါးၿမိဳ႕ ေဆာက္လုပ္ေရးခ႐ိုင္႐ုံး လမ္းဦးစီးရိပ္သာ အေဆာက္အဦးတခုမွာ လွ်ပ္စစ္ဝါယာႀကိဳး ေရွာ့ျဖစ္ရာက မီးေလာင္ခဲ့ပါတယ္။ အေဆာက္အဦးတခုလုံး ထိခိုက္သြားၿပီး လူေတာ့ အထိအခိုက္မရွိဘူးလို႔ ေဒသခံတေယာက္က ေျပာပါတယ္။
စစ္ေရးတင္းမာမႈေတြနဲ႔ ထိခိုက္ဒဏ္ရာရတဲ့ သတင္းေတြေၾကာင့္ လုံျခဳံမႈမဲ့ေနတဲ့အေၾကာင္းကိုလည္း ဟားခါးေဒသခံ တဦးက VOA ကိုေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ဟားခါးမှာ လူနေအိမ်ပေါ် လက်နက်ကြီးကျည်ကျလို့ ၄ ဦးထက်မနည်း ဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့ ဟာခါးထာရ်ရပ်ကွက်အတွင်းက လူနေအိမ်တလုံးပေါ်ကို မနေ့က မနက်က လက်နက်ကြီးကျည်ကျ ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဟားခါးမြို့ အစွန်ဘက်ကို အမြဲတမ်းလိုလို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတာကြောင့် ဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေကို အပြစ်ဖို့လေ့ရှိပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရပါတယ်။ ဟာခါးမြို့နယ် အခြေအနေ သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးထားပါတယ်။

ဟားခါးမြို့နယ်အနီးတဝိုက် ဒေသခံ PDF ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ မကြာခနဖြစ်သလို စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့် ညနေဘက်တွေမှာ ၅ နာရီနောက်ပိုင်း မြို့တွင်း လူသွားလူလာ သိပ်မရှိတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မနေ့က ဟာခါးထာရ်ရပ်ကွက် လူနေအိမ်တခုပေါ်မှာ လက်နက်ကြီးကျည်ကျတဲ့အတွက် ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း ဒေသခံတယောက်က ပြောပါတယ်။

“မနေ့ကတော့ ၆ လမ်းဆုံမှာတော့ ပစ်ခတ်မှုတော့ ရှိတယ်။ နောက်ပြီးတော့ အိမ် တအိမ်မှာ လက်နက်ကြီးကျတဲ့အတွက်ကြောင့် မိသားစု ၄ ဦးတော့ ဒဏ်ရာအနည်းငယ်တော့ ရတယ်ဟုတ်ကဲ့။ မနေ့က ပစ်တုန်းခတ်တုန်း လက်နက်ကြီးကျတုန်းကတော့ သွားလာမှုတော့ မရှိပါဘူး။ ဟုတ်ကဲ့၊ ဒီနေ့တော့ ရှိပါတယ် ဟုတ်ကဲ့။”

မနေ့ကမနက်အစောပိုင်း ဟားခါးမြို့အစွန်မှာ နှစ်ဘက် ပစ်ခတ်သံတွေ ကြားရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တုံ့ပြန်ပစ်ခတ်ခဲ့တာလို့ နောက်ထပ် မြို့ခံတဦးက အခုလို ပြောပါတယ်။

“ပစ်ခတ်မှုရှိပြီးတော့ အဲ့ဒီလက်နက်ကြီးတွေ ရမ်းသမ်းပစ်တာပါ။ ဟားခါးမှာတော့ မကြာခဏဖြစ်နေပါတယ်။ လက်နက်ကြီးသံ နားတွေအူအောင်ကြားရတာပေါ့။ အဲ့ဒါဆိုတော့ နေ့တိုင်းလိုလိုကြားရတယ်၊ တခါတလေကျရင် အချက်အများကြီးကြားရတာပေါ့၊ တခါတလေကျရင်တော့ နည်းတာပေါ့နော်။ အခု ၂ ရက် ၃ ရက်ကတော့ ငြိမ်ပြီလို့ထင်တာ၊ မနေ့က အဲ့လိုမျိုး သတင်းပြန်ကြားရတာပေါ့။”

ဟားခါးမြို့နယ်မှာ အခုနောက်ပိုင်း ပစ်ခတ်မှုတွေ ခပ်စိတ်စိတ်ရှိနေသလို လက်နက်ကြီးပစ်ခတ်သံလည်း နေ့စဉ်လိုလို ရှိနေတာပါ။ ဒါကြောင့် လက်နက်ကြီးကျရောက်လေ့ရှိတဲ့ မြို့အစွန်ဘက်နဲ့ စစ်တပ်အနီးအနား နေထိုင်တဲ့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။

“မတူပီလမ်းကနေ အဝင်အထွက်ဆိုရင် အဲ့ဒီစစ်တပ်စစ်ဆေးရေးဂိတ် အနီးအနားကလူတွေဆိုရင်တော့ အကုန်လုံးကို ပြောင်းသွားကြပြီ။ မရှိကြတော့ဘူးပေါ့။ အဲ့မှာ အိမ်ခြေဘယ်လောက်ရှိမလဲ ၂၀၊ ၃၀ လောက်ရှိမယ်။ နောက်ပြီးတော့ တိုးချဲ့ မြို့သစ်ဘက်ဆိုရင်လည်း အဲ့လိုမျိုးပဲ။ ဒီတပ်နဲ့နီးတဲ့ အနီးတဝိုက်ဆိုရင်တော့ သူတို့ကြိုတင်ပြီးတော့ ရှောင်ကြတာပေါ့၊ အနီးအနားကလူတွေကြတော့ မရှိကြတော့ဘူး ဟုတ်။”

ဟားခါးမြို့ရဲ့ အဝင်အထွက်ဂိတ်တွေမှာလည်း စစ်ကောင်စီတပ်တွေ လုံခြုံရေးကင်းချထားပြီး တင်းတင်းကျပ်ကျပ်စစ်ဆေးမှုနေပါတယ်။ ဟားခါးမြို့နယ်က ဒေသအခေါ် စစ်ကောင်စီတပ်တွေ အခြေစိုက်ထားတဲ့ ဗျူဟာကုန်းနဲ့ လွတ်လပ်ရေးကုန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့လည်း ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက် လို့ စစ်ကောင်စီဘက်က တရားဝင် ပြောဆိုတာ မရှိသေးပါဘူး။ ထိခိုက်ဒဏ်ရရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုချက်လည်း မရသေးပါဘူး။

ဒီအတောအတွင်း ဒီနေ့ မနက်စောစောပိုင်းကတော့ ဟားခါးမြို့ ဆောက်လုပ်ရေးခရိုင်ရုံး လမ်းဦးစီးရိပ်သာ အဆောက်အဦးတခုမှာ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ရာက မီးလောင်ခဲ့ပါတယ်။ အဆောက်အဦးတခုလုံး ထိခိုက်သွားပြီး လူတော့ အထိအခိုက်မရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်ရေးတင်းမာမှုတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကြောင့် လုံခြုံမှုမဲ့နေတဲ့အကြောင်းကိုလည်း ဟားခါးဒေသခံ တဦးက VOA ကိုပြောပါတယ်။

XS
SM
MD
LG