သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်ကိုဝေဖန်တဲ့ လုံခြုံရေးကောင်စီကြေညာချက် အမေရိကန်ထောက်ခံ


Israel Settlements
Israel Settlements


{{Zawgyi/Unicode}}

အစ္စရေးအုပ်ချုပ်တဲ့ ပါလက်စတိုင်းဒေသမှာ အစ္စရေးဘက်က အခြေချနေထိုင်မှု တိုးချဲ့တာနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်းဖော်ပြတဲ့ ကြေညာချက်တစောင်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက တနင်္လာနေ့မှာ တညီတညွတ်တည်း အတည်ပြုလိုက်ပါတယ်။

အခြေချနေထိုင်တာကိုတိုးချဲ့ပြီး လက်ရှိ ဒေသ ၉ ခုကိုလည်း တရားဝင် အတည်ပြုဖို့ အစ္စရေးဘက်က အရင်အပတ်က ကြေညာခဲ့တာအပေါ် “အလေးအနက်စိုးရိမ်ကြောင်းနဲ့ စိတ်ပျက်ဖွယ်လုပ်ရပ်အဖြစ်” အမေရိကန်အပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံအားလုံးက ဥက္ကဋ္ဌကြေညာချက်အဖြစ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၆ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပါလက်စတိုင်းဒေသမှာ အစ္စရေးဘက်က အခြေချနေထိုင်တာနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီက ကြေညာချက်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ဟာ ကုလသမဂ္ဂမှာ မဟာမိတ်အစ္စရေးကို ဗီတိုအာဏာသုံးပြီး ကာကွယ်လေ့ရှိပေမယ့် အခုတခါမှာတော့ အစ္စရေးကိုဝေဖန်တဲ့ ကုလလုံခြုံရေးကောင်စီရဲ့ ကြေညာချက်ကို အမေရိကန်က ထောက်ခံပေးခဲ့တာလည်းဖြစ်ပါတယ်။

ပါလက်စတိုင်းဘက်က တနင်္လာနေ့ လုံခြုံရေးကောင်စီမှာ မဲခွဲပြီးဆုံးဖြတ်ချက်ချနိုင်ဖို့ အစောပိုင်းမှာ ကြိုးပမ်းခဲ့တာပါ။ ဒါပေမဲ့လည်း မဲခွဲဆုံးဖြတ်မယ်ဆိုရင် ယူကရိန်းစစ်ပွဲကို နိုင်ငံတကာကအာရုံစိုက်ဖို့လိုလားတဲ့ အမေရိကန်အစိုးရအနေနဲ့ ဗီတိုအာဏာသုံးပြီး ဟန့်တားမယ့်အလားအလာရှိပါတယ်။

ဒါကြောင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နဲ့ ညှိနှိုင်းပြီး လက်တွဲဆောင်ရွက်နေတဲ့ ပါလက်စတိုင်းဘက်က ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းတာကိုရပ်ပြီး ဥက္ကဋ္ဌ ကြေညာချက်ထုတ်ပြန်ဖို့ သဘောတူခဲ့ပါ။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ထက် တဆင့်နိမ့်ပေမယ့် ဥက္ကဋ္ဌရဲ့ကြေညာချက်ကို အဖွဲ့ဝင်နိုင်ငံအားလုံးက တညီတညွတ်တည်း သဘောတူဖို့ လိုပါတယ်။

တိုက်ရိုက် လင့်ခ်

=================

{{Unicode}}







XS
SM
MD
LG