သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံဒေသတွင်း စီမံကိန်းတွေအတွက် အီးယူက ယူရို ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်


အီးယူ-အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen (ဒီဇင်ဘာ ၁၄၊ ၂၀၂၂)
အီးယူ-အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen (ဒီဇင်ဘာ ၁၄၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဥရောပသမဂ္ဂအနေနဲ့ အာဆီယံဒေသတွင်းက စီမံကိန်းတွေမှာ ယူရို ၁၀ ဘီလျံရင်းနှီးမြှုပ်နှံသွားမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌက Ursula von der Leyen က မနေ့က EU အာဆီယံ ပူးတွဲထိပ်သီးအစည်းအဝေးအတွင်း ကတိပြုလိုက်ပါတယ်။

“ဥရောပသမဂ္ဂအနေနဲ့ လာမယ့် ၂၀၂၇ ခုနှစ်အထိ အာဆီယံဒေသမှာ ယူရို ၁၀ ဘီလျံတန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ချိတ်ဆက်ချင်တယ်ဆိုရင် ကျမတို့ရဲ့စီးပွားရေးတွေ၊ သန့်စင်တဲ့လောင်စာစွမ်းအင်ကဏ္ဍ ဒစ်ဂျစ်တယ် အခြေခံအဆောက် အအုံတွေကို ခေတ်မီအောင် ကျမတို့ လုပ်ဆောင်သွားဖို့လိုပါတယ်”- လို့ EU ကော်မရှင်ဥက္ကဋ္ဌက ပြောသွားတာပါ။

ဒါ့အပြင် EU နဲ့ အာဆီယံ အဖွဲ့ခေါင်းဆောင်တွေဟာ ကုန်သွယ်ရေး၊ ကျန်းမာရေး၊ အပါအဝင် အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စရပ်တွေကို ဒီအစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြပါတယ်။

EU နဲ့ အာဆီယံ သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တဲ့ ဒီထိပ်သီးအစည်းအဝေးကို EU အဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီးတော့ အာဆီယံဘက်ကတော့ စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကလွဲပြီး ကျန်တဲ့ ၉ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီထိပ်သီးအစည်းအဝေးပွဲကနေ တောင်တရုတ်ပင်လယ်အတွင်း တည်ငြိမ်မှုရှိဖို့၊ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ နဲ့ ကိုရီးယားကျွန်းဆွယ်မှာ တည်ငြိမ်မှုရှိဖို့အတွက် တောင်းဆိုတဲ့ ကြေညာချက်တခုကို ထုတ်ပြန်သွားလာနိုင်ခြေလည်းရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]







XS
SM
MD
LG