သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္မွာ ေငြေၾကးေဖာင္းပြမႈႏႈန္း ၆ လ ဆက္တိုက္က်ဆင္း 


[[Zawgyi/Unicode]]

မႏွစ္က ႏွစ္လယ္ေလာက္မွာ အေမရိကန္ႏိုင္ငံရဲ႕ စားေသာက္ကုန္ေဈးႏႈန္းေတြဟာ ႏွစ္ေပါင္း ၄၀ အတြင္း အျမင့္ဆုံး ေရာက္သြားခဲ့ၿပီးတဲ့ေနာက္ ေဈးေတြျပန္က်လာတာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာဆို ၆ လဆက္တိုက္ရွိၿပီလို႔ အလုပ္စစ္တမ္း ေကာက္ယူေရးဌာန BLS က ၾကာသပေတးေန႔ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

စားေသာက္ကုန္ေဈးႏႈန္း ႏွစ္စဥ္ အၫႊန္းကိန္းကေတာ့ ၿပီးခဲ့တဲ့လ ဒီဇင္ဘာမွာ ၆.၅ % ရွိပါတယ္။ မႏွစ္က ဇြန္လမွာ ၉.၁ % ရွိရာကေန ႏိုဝင္ဘာလမွာ ၇.၁ % က်သြားတာ ျဖစ္ပါတယ္။ စားေသာက္ကုန္နဲ႔ လူသုံးကုန္ပစၥည္းေဈးေတြ က်လာခ်ိန္မွာပဲ ေငြေဖါင္းပြမႈႏႈန္းကေတာ့ ပုံမွန္ထက္ ၂ % မ်ားေနေသးတယ္လို႔ ဗဟိုဘဏ္က ေျပာပါတယ္။

အေမရိကန္ႏိုင္ငံဟာ ဒီႏွစ္ေႏွာင္းပိုင္းေလာက္မွာ စီးပြါးေရးကပ္ဆိုက္ႏိုင္တယ္လို႔ အေမရိကန္စီးပြါးေရးပညာရွင္တခ်ိဳ႕က သုံးသပ္ေနၾကေပမယ့္ အလုပ္အကိုင္ရရွိမႈေတြ အားေကာင္းလာေနၿပီး ဒီဇင္ဘာလထဲမွာပဲ အလုပ္အကိုင္သစ္ ၂၃၀,၀၀၀ ေက်ာ္ ဖန္တီးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အလုပ္လက္မဲ့ ခံစားခြင့္ေလွ်ာက္ထားမႈကလည္း ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာဆိုရင္ သီတင္း ၁၅ ပတ္အတြင္း အနိမ့္ဆုံးျဖစ္ခဲ့ၿပီး စုစုေပါင္း ၂ သိန္းေက်ာ္ပဲရွိေတာ့တယ္လို႔ အလုပ္သမားဝန္ႀကီးဌာနကလည္း ၾကာသပေတးေန႔မွာ အစီရင္ခံစာ ထုတ္ျပန္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

အမေရိကန်မှာ ငွေကြေးဖောင်းပွမှုနှုန်း ၆ လ ဆက်တိုက်ကျဆင်း

မနှစ်က နှစ်လယ်လောက်မှာ အမေရိကန်နိုင်ငံရဲ့ စားသောက်ကုန်ဈေးနှုန်းတွေဟာ နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံး ရောက်သွားခဲ့ပြီးတဲ့နောက် ဈေးတွေပြန်ကျလာတာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာဆို ၆ လဆက်တိုက်ရှိပြီလို့ အလုပ်စစ်တမ်း ကောက်ယူရေးဌာန BLS က ကြာသပတေးနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

စားသောက်ကုန်ဈေးနှုန်း နှစ်စဉ် အညွှန်းကိန်းကတော့ ပြီးခဲ့တဲ့လ ဒီဇင်ဘာမှာ ၆.၅ % ရှိပါတယ်။ မနှစ်က ဇွန်လမှာ ၉.၁ % ရှိရာကနေ နိုဝင်ဘာလမှာ ၇.၁ % ကျသွားတာ ဖြစ်ပါတယ်။ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းဈေးတွေ ကျလာချိန်မှာပဲ ငွေဖေါင်းပွမှုနှုန်းကတော့ ပုံမှန်ထက် ၂ % များနေသေးတယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ ဒီနှစ်နှောင်းပိုင်းလောက်မှာ စီးပွါးရေးကပ်ဆိုက်နိုင်တယ်လို့ အမေရိကန်စီးပွါးရေးပညာရှင်တချို့က သုံးသပ်နေကြပေမယ့် အလုပ်အကိုင်ရရှိမှုတွေ အားကောင်းလာနေပြီး ဒီဇင်ဘာလထဲမှာပဲ အလုပ်အကိုင်သစ် ၂၃၀,၀၀၀ ကျော် ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားမှုကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာဆိုရင် သီတင်း ၁၅ ပတ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း ၂ သိန်းကျော်ပဲရှိတော့တယ်လို့ အလုပ်သမားဝန်ကြီးဌာနကလည်း ကြာသပတေးနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG