သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘုရင္မႀကီးအဲလစ္ဇဘက္မကြယ္လြန္မီ ခ်ားလ္စ္ထီးနန္းအ႐ိုက္အရာဆက္ခံဖို႔ ႀကိဳတင္ျပင္ဆင္ခဲ့


[[Zawgyi/Unicode]]

ၿဗိတိန္ဘုရင္မႀကီး ဒုတိယေျမာက္ အဲလစ္ဇဘက္ဟာ သူမ မကြယ္ လြန္မီ ေႏွာက္ဆုံးႏွစ္ေတြအတြင္း သူမရဲ႕သားျဖစ္သူခ်ားလ္စ္ကို ထီးနန္းအ႐ိုက္အရာဆက္ခံေရး တာဝန္ေတြလဲႊေျပာင္းေပးဖို႔အတြက္ ျပင္ဆင္ထားခဲ့ပါတယ္။

ဘုရင္မႀကီးဟာ သူမရဲ႕အသက္အရြယ္ေၾကာင့္၊ က်န္းမာေရးေၾကာင့္ ဒါမွမဟုတ္ သူမ-ကြယ္လြန္ဖို႔ တျဖည္းျဖည္း နီးလာၿပီဆိုတာ သိလာတာေၾကာင့္ ေနာက္ဆုံး ၂ ႏွစ္အတြင္း ေတာ္ဝင္မိသားစုအတြင္း ျပင္ဆင္မႈေတြကို ေသခ်ာလုပ္ေဆာင္လာခဲ့ၿပီး သားျဖစ္သူ တတိယေျမာက္ ခ်ားလ္စ္ဘုရင္ကို ႏိုင္ငံတာဝန္ေတြကို ပိုၿပီးေတာ့ လဲႊေျပာင္းေပးခဲ့တာျဖစ္ပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး ဘုရင္မႀကီးက အရပ္သားေတြကိုေပးတဲ့ OBE - Order of the British Empire ထူးခြၽန္ဆုရရွိခဲ့သူတဦးျဖစ္တဲ့ ဘီဘီစီျမန္မာပိုင္း အၿငိမ္းစားဌာနမႉး ေဒၚတင္ထားေဆြက ဗီြအိုေအကို အခုလို ေျပာပါတယ္။

“သူ႔ကို တာဝန္ေတြ တျဖည္းျဖည္းခြဲေဝေပးလာတာ ႏွစ္ေပါင္းမ်ားစြာလုပ္လာတယ္ဆိုေတာ့ အဲဒါ လုပ္ဖူးကိုင္ဖူးေနတယ္။ အထူးသျဖင့္ ေနာက္ပိုင္းမွာ ဘုရင္မႀကီး အသက္ေတာ္အင္မတန္ႀကီးလာတဲ့အခါမွာ ေတာ္ေတာ္မ်ားမ်ားႏိုင္ငံတာဝန္ေတြကို သူ႔သားကို ခြဲေပးလိုက္ရတယ္။ အဲဒီအခ်ိန္မွာ ခ်ားလ္စ္က ႏိုင္ႏိုင္နင္းနင္းနဲ႔ သူဦးေဆာင္လာတာကို ေတြ႔ရတယ္။”

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက က်င္းပခဲ့တဲ့ဘုရင္မႀကီးရဲ႕ ထီးနန္းဆက္ခံတဲ့ ႏွစ္ ၇၀ ျပည့္အခမ္းအနားအတြင္းမွာေတာ့ ဘုရင္မႀကီးက သူမကြယ္လြန္ၿပီးတဲ့အခ်ိန္က်ရင္ သူမရဲ႕ သားေတာ္ခ်ားလ္စ္က ဘုရင္ျဖစ္လာၿပီးေတာ့ Camilla ကိုလည္း ခ်ားလ္စ္ရဲ႕ ၾကင္ယာေတာ္ အျဖစ္ ျမင္ခ်င္ၿပီး ျပည္သူေတြအေနနဲ႔လည္း သူမကို ေထာက္ခံခဲ့တဲ့အတိုင္း ဘုရင္ Charles နဲ႔ ၾကင္ယာေတာ္ Camilla တို႔ကိုလည္း ေထာက္ခံသြားၾကမယ္ဆိုတာသိတယ္လို႔ ဘုရင္မႀကီး ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------

[[Unicode]]

ဘုရင်မကြီးအဲလစ်ဇဘက်မကွယ်လွန်မီ ချားလ်စ်ထီးနန်းအရိုက်အရာဆက်ခံဖို့ ကြိုတင်ပြင်ဆင်ခဲ့

ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလစ်ဇဘက်ဟာ သူမ မကွယ် လွန်မီ နှောက်ဆုံးနှစ်တွေအတွင်း သူမရဲ့သားဖြစ်သူချားလ်စ်ကို ထီးနန်းအရိုက်အရာဆက်ခံရေး တာဝန်တွေလွဲှပြောင်းပေးဖို့အတွက် ပြင်ဆင်ထားခဲ့ပါတယ်။

ဘုရင်မကြီးဟာ သူမရဲ့အသက်အရွယ်ကြောင့်၊ ကျန်းမာရေးကြောင့် ဒါမှမဟုတ် သူမ-ကွယ်လွန်ဖို့ တဖြည်းဖြည်း နီးလာပြီဆိုတာ သိလာတာကြောင့် နောက်ဆုံး ၂ နှစ်အတွင်း တော်ဝင်မိသားစုအတွင်း ပြင်ဆင်မှုတွေကို သေချာလုပ်ဆောင်လာခဲ့ပြီး သားဖြစ်သူ တတိယမြောက် ချားလ်စ်ဘုရင်ကို နိုင်ငံတာဝန်တွေကို ပိုပြီးတော့ လွဲှပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဘုရင်မကြီးက အရပ်သားတွေကိုပေးတဲ့ OBE - Order of the British Empire ထူးချွန်ဆုရရှိခဲ့သူတဦးဖြစ်တဲ့ ဘီဘီစီမြန်မာပိုင်း အငြိမ်းစားဌာနမှူး ဒေါ်တင်ထားဆွေက ဗွီအိုအေကို အခုလို ပြောပါတယ်။

“သူ့ကို တာဝန်တွေ တဖြည်းဖြည်းခွဲဝေပေးလာတာ နှစ်ပေါင်းများစွာလုပ်လာတယ်ဆိုတော့ အဲဒါ လုပ်ဖူးကိုင်ဖူးနေတယ်။ အထူးသဖြင့် နောက်ပိုင်းမှာ ဘုရင်မကြီး အသက်တော်အင်မတန်ကြီးလာတဲ့အခါမှာ တော်တော်များများနိုင်ငံတာဝန်တွေကို သူ့သားကို ခွဲပေးလိုက်ရတယ်။ အဲဒီအချိန်မှာ ချားလ်စ်က နိုင်နိုင်နင်းနင်းနဲ့ သူဦးဆောင်လာတာကို တွေ့ရတယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ဘုရင်မကြီးရဲ့ ထီးနန်းဆက်ခံတဲ့ နှစ် ၇၀ ပြည့်အခမ်းအနားအတွင်းမှာတော့ ဘုရင်မကြီးက သူမကွယ်လွန်ပြီးတဲ့အချိန်ကျရင် သူမရဲ့ သားတော်ချားလ်စ်က ဘုရင်ဖြစ်လာပြီးတော့ Camilla ကိုလည်း ချားလ်စ်ရဲ့ ကြင်ယာတော် အဖြစ် မြင်ချင်ပြီး ပြည်သူတွေအနေနဲ့လည်း သူမကို ထောက်ခံခဲ့တဲ့အတိုင်း ဘုရင် Charles နဲ့ ကြင်ယာတော် Camilla တို့ကိုလည်း ထောက်ခံသွားကြမယ်ဆိုတာသိတယ်လို့ ဘုရင်မကြီး ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG