သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

မူစလင်နိုင်ငံတွေမှာ အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြင်းထန်


ကမ္ဘာတ၀န်း မူဆလင်နိုင်ငံတွေမှာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပါတယ်။ လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို အင်္ဂါနေ့မှာ ဆန္ဒပြသူတွေက အကြမ်း ဖက်တိုက်ခိုက်ခဲ့လို့ အမေရိကန် သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်း ၃ ဦး သေဆုံးခဲ့ရပြီးနောက်ပိုင်း ကမ္ဘာတ၀န်းမှာရှိကြတဲ့ အမေရိကန်အပါအ၀င် တခြားနိုင်ငံတွေရဲ့ သံရုံးတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားနေကြပါတယ်။ မူဆလင်နိုင်ငံတွေမှာ ရောက်နေကြတဲ့ VOA သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေကို စုစည်းပြီး တင်ပြထားပါတယ်။

XS
SM
MD
LG