သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်နှင့် ဗွီအိုအေ သီးသန့်တွေ့ဆုံ မေးမြန်းခန်း


မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပြီး အလားအလာကောင်းတွေ မျှော်လင့်ချက်တွေ တွေ့မြင်နေရတယ်လို့ သမ္မတ ဦးသိန်းစိန် ကပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ လွှတ်တော်တွင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စီးပွားရေး ဖွံ့ဖြိုးဖို့ ကြိုးပမ်းရာမှာ ကြုံနေရတဲ့ အဟန့်အတားတွေကို ဗွီအိုအေ မြန်မာပိုင်းက သီးသန့် တွေ့ဆုံ မေးမြန်းစဉ်မှာ သမ္မတဦးသိန်းစိန် ကပြောဆိုသွားတာပါ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ရင်း အမေရိကန် ပြည်ထောင်စုကို ရောက်လာစဉ် သူ့အစိုးရလက်ထက် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ နယူးယောက် မြို့မှာ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း က သီးသန့် တွေ့ဆုံမေးမြန်း ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG