သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးသံဃာများ ထိုင်သပိတ်မှောက်


မန္တလေးသံဃာများ ထိုင်သပိတ်မှောက်
please wait

No media source currently available

0:00 0:02:46 0:00

လက်ပန်းတောင်တောင် ကြေးနီစီမံကိန်းကို ဆန္ဒပြ ကန့်ကွက်ခဲ့တဲ့ သံဃာတော်တွေနဲ့ လူထုအပေါ် အင်အားသုံး နှိမ်နင်း ဖြိုခွဲခဲ့တာနဲ့ ပတ်သက်ပြိး အစိုးရဘက်က တရားဝင်တောင်းပန်ဖို့ မန္တလေးမြို့ သံဃာတော်တွေက တောင်းဆိုလိုက် ပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့က အိမ်တော်ရာစေတီမှာကျင်းပတဲ့ ထိုင်သပိတ်မှောက် ပွဲအတွင်း အဲဒီလို တောင်းဆိုခဲ့ကြ တာပါ။ ဒါ့အပြင် ထိခိုက်ဒဏ်ရာ ရသူတွေအတွက် တာဝန်ယူပြီး ကျန်းမာရေး စောင့်ရှောက် မှုပေးဖို့လည်း သံဃာတော်တွေက လိုလားပါတယ်။ မန္တလေးသံဃာတော်တွေ ထိုင်သပိတ်မှောက်တဲ့နေရာမှာ ကိုယ်တိုင်သွားပြီး သတင်းယူခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးက ဆက်ပြောပြပါမယ်။

XS
SM
MD
LG