သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

တိုင်ဝမ် စစ်ဘက် နည်းပညာ တီထွင်မှု


အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုင်ဝမ်ကျွန်းကို လက်နက်ခဲယမ်းမီးကျောက်တွေ ဆက်ပြီး ရောင်းချသွားမယ် လို့ အမေရိကန်က အတည်ပြု ပြောဆိုလိုက်ပြီး အဲဒီမူဝါဒကိုပြောင်းလဲမယ့် အလားအလာနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ် တာဝန်ရှိသူတွေ ဆွေးနွေးဖွယ်ရှိတယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်ပါတယ်။ ဒီအတောအတွင်းမှာပဲ နယ်မြေဒေသမရွေး သွားလို့ရတဲ့ သံချပ်ကာယာဉ်တွေ၊ iPhone နဲ့ ထိန်းချုပ်ပစ်ခတ်လို့ရတဲ့ ဒုံးကျည်ပစ်စင်တွေနဲ့ မောင်းသူမဲ့လေယာဉ်တစ်စင်း အပါအ၀င် သူတို့ရဲ့ နောက်ဆုံးပေါ် စစ်ဘက်နည်းပညာတွေကို တိုင်ဝမ်ကျွန်းက ပြပွဲလုပ်ပြီး ခင်းကျင်းပြသနေပါတယ်။ ဗွီအိုအေသတင်းထောက် Zlatica Hoke ရဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

XS
SM
MD
LG