သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

အစိုးရနဲ့ KNU ဗုံးပေါက်ကွဲမှုတွေ ပူးပေါင်းစစ်ဆေး


ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ အတွင်းက နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ အစိုးရနဲ့ KNU အဖွဲ့အကြား ပူးပေါင်း ဆောင်ရွက်နေ တယ်လို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။ ဗုံးခွဲမှုတွေမှာ အဓိက တာဝန်ရှိတယ်လို့ ယူဆထားတဲ့ စောမြင့်လွင်ကို KNU ဗဟိုအလုပ်အမှုဆောင်တဦး လာရောက်စစ်ဆေးနေတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

XS
SM
MD
LG