အမေရိကန်မှာ Donald Trump သာ သမ္မတဖြစ်လာခဲ့ရင် အာရှက မဟာမိတ်နိုင်ငံတွေကို Nuclear လက်နက်တွေထောက်ပံ့ပေးဖို့ စည်းရုံးလှုံ့ဆော်နေတဲ့ သမရိုးကျဝါဒီ conservative တွေဟာ နိုင်ငံရေးမှာ အဓိကကျတဲ့ကဏ္ဍကို ရောက်လာနိုင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Brian Paddan သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။