သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတာသင်္ကြန် အကြတ်နေ့ ရန်ကုန်မြို့ မြင်ကွင်းများ

ရန်ကုန်မြို့ရဲ့ မဟာသင်္ကြန် အကြတ်နေ့ဟာလည်း အရင်နေ့တွေကလိုဘဲ စည်ကားနေပါတယ်။ မြို့တော်ဝန် ရေကစားမဏ္ဍပ် အပါအဝင် ရေကစားမဏ္ဍပ်တိုင်းလိုလိုမှာ ရေပက်ခံသူတွေနဲ့ ပြည့်နေပါတယ်။

ရန်ကုန်မြို့မှာ အခုနှစ် စတင်ခွင့်ပြုတဲ့ လမ်းလျှောက်သင်္ကြန်ဟာလည်း စိတ်ဝင်စားသူများပြီး ခွင့်ပြုထားတဲ့ နေရာ ၃ ခုစလုံးမှာ ရေပက်ခံထွက်သူတွေနဲ့ ပြည့်နေပါတယ်။ အကြတ်နေ့ မနက်ပိုင်း မှာတော့ မြို့တော်ခမ်းမရှေ့ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့ လမ်းလျှောက်သင်္ကြန်ကို နိုင်ငံခြားသံတမန်တွေပါ ဝင်ရောက် ဆင်နွဲခဲ့ကြပါတယ်။

မနက်ဖြန် မဟာသင်္ကြန်အတက်နေ့မှာတော့ နှစ်သစ်မကူးခင် ရေကစားသူတွေ မဟာသင်္ကြန် နောက်ဆုံးနေ့ကို ပျော်ရွှင်စွာ ဆင်နွဲကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG