သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"လှိုဏ်ဂူအတွင်းပျောက်ဆုံးနေဆဲ ကျောင်းသားလေးတွေရှာဖွေရေး အမေရိကန်စစ်တပ် ပါ ပါဝင်ကူညီ" ( သတင်းဓာတ်ပုံများ)

ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့က လိုဏ်ဂူအတွင်း လွန်ခဲ့တဲ့ ၅ ရက်ကတည်းက ပျောက်ဆုံးနေတဲ့ ကျောင်းသားလူငယ် ၁၂ ဦးနဲ့ သူတို့ရဲ့ ဘောလုံးနည်းပြကို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အမေရိကန်စစ်တပ်လည်း ပါဝင် ကူညီလာပြီ ဖြစ်ပါတယ်။ အဲဒီ နေရာမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သူတို့ပိတ်မိနေတဲ့ ဂူထဲမှာ ရေကြီးမှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ထိုင်းအာဏာပိုင်တွေရဲ့ ကယ်ဆယ်ရေးလုပ်ငန်းအတွက် ၂၄ နာရီလုံး တောက်လျှောက် အကူအညီပေးနိုင်တဲ့ စက်ပစ္စည်းနဲ့ လူအင်အား အပြည့်အစုံ သူတို့မှာ ပါလာကြောင်း ဒီကနေ့ ထိုင်းနိုင်ငံကို ရောက်လာတဲ့ အမေရိကန် ရှာဖွေ၊ ကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

ဗြိတိန်က လိုဏ်ဂူအတွင်း ရေငုပ်ကျွမ်းကျင်သူအဖွဲ့လည်း အဲဒီနေရာကို ရောက်နေပြီဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ထိုင်းစစ်တပ် ဗိုလ်ချုပ်ကြီးတဦးက ဦးဆောင်နေပြီး ညပိုင်းက မိုးသည်းခဲ့တဲ့အတွက် ဂူအတွင်းက ရေမျက်နှာပြင် မြင့်တက်လာတာကြောင့် ဓါတ်လိုက်မှုဖြစ်မှာ စိုးရိမ်တဲ့အတွက် အာဏာပိုင်တွေက ရှာဖွေ၊ ကယ်ဆယ်ရေးအစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ထားပါတယ်။

မယ်ဆိုင်ခရိုင်၊ ချင်းရိုင်မြို့အတွင်းမှာရှိတဲ့ အဲဒီ Tham Luang Nang Non ဆိုတဲ့ သဘာဝလိုဏ်ဂူထဲ ကျောင်းသားလေးတွေနဲ့ သူတို့ရဲ့ ဘောလုံးနည်းပြဆရာတို့ ပြီးခဲ့တဲ့ စနေနေ့က ဝင်သွားခဲ့ကြရာက အခုချိန်ထိ ပြန်ထွက်မလာဘဲ ပျောက်နေတာ ဖြစ်ပါတယ်။

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG