သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ကမ္ဘာ့အပူဆုံး စံချိန်တင်


၂၀၂၄ ကမ္ဘာ့ အပူဆုံး စံချိန်တင်
၂၀၂၄ ကမ္ဘာ့ အပူဆုံး စံချိန်တင်

၂၀၂၄ ခုနှစ်ထဲမှာ ကမ္ဘာ့အပူချိန်ဟာ စံချိန်တင်အဆင့် မြင့်တက်လာခဲ့ပြီး စိုးရိမ်ဖွယ် အပူချိန် အဆင့်ဖြစ်တဲ့ အထိ ယာယီ ရောက်ခဲ့ကြောင်း မိုးလေဝသ စောင့်ကြည့်ရေး အေဂျင်စီတွေက သောကြာနေ့ (ဇန်နဝါရီ ၁၀ ရက်) မှာ ကြေညာပါတယ်။ 

ဥရောပနဲ့ ဂျပန်က ဥတုရာသီ ဆိုင်ရာ အစိုးရ ဌာန ၃ ခုရဲ့ ထုတ်ပြန်ချက် အရ မနှစ် ၂၀၂၄ ခုနှစ် အတွက် ကမ္ဘာ့ပျမ်းမျှအပူချိန်ဟာ ၂၀၂၃ ခုနှစ်က စံချိန်တင် အပူချိန်ကို ကျော်ဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ် ပါရီဥတုရာသီသဘောတူ စာချုပ် အရ ပစ်မှတ်ထားနေတဲ့ ၁၈၀၀ ခုနှစ်နှောင်းပိုင်းကာလ စက်မှုခေတ် မတိုင်မီက အပူချိန်ရဲ့ အထက် ၁ ဒသမ ၅ စင်တီဂရိတ် မကျော်လွန်ရေး ကန့်သတ်ချက်ကိုလည်း ကျော်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။

တကယ်လို့သာ ကမ္ဘာ့ အပူအချိန်ဟာ အဲဒီ အတိုင်း ရေရှည်မြင့်တက်နေရင် လူသေဆုံးမှုတွေ၊ ပျက်စီးမှုတွေ၊ မျိုးစိတ်တွေ ဆုံးရှုံး ပျောက်ကွယ်တာတွေ ရင်ဆိုင်ရဖို့ ရှိသလို ပင်လယ်ရေမျက်နှာပြင်လည်း မြင့်တက်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးကြပါတယ်။

အခုလို ကန့်သတ်ချက် အပူချိန်ကို ကျော်လွန်သွားခဲ့တာက မှတ်တမ်းတင်ထားသမျှ သမိုင်းတလျှောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း မိုးလေဝသ စောင့်ကြည့် တိုင်းတာရေး အဖွဲ့ (၆) ဖွဲ့ထဲက (၄) ဖွဲ့ရဲ့ တိုင်းတာချက်တွေမှာ ဖော်ပြပါတယ်။

ရာသီဥတုဖောက်ပြန်မှုဒဏ် ကာကွယ်ရေး လူ့အခွင့်အရေး
please wait

No media source currently available

0:00 0:10:46 0:00

ဥတုရာသီပြောင်းလဲမှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု တခုတည်းမှာတင် ဒေါ်လာ ၂၇ ဘီလီယံ ဆုံးရှုံးခဲ့ရတဲ့ သဘောဝ ကပ်ဘေးတွေ ရင်ဆိုင်ခဲ့ရသလို ၂၀၂၅ ခုနှစ် နှစ်ဆန်းမှာကတည်းက ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ အကြီးအကျယ် တောမီးလောင်ကျွမ်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စံချိန်တင် အပူချိန် မှတ်တမ်းတွေကို တိုင်းတာ ထုတ်ပြန်ခဲ့တဲ့ အဖွဲ့အစည်းတွေကတော့ ဥရောပကော်မရှင်ရဲ့ ကိုပါးနီးကပ်စ် မိုးလေဝသ ဌာန၊ ယူကေ နိုင်ငံ မိုးလေဝသဌာန၊ ဂျပန် နိုင်ငံ မိုးလေဝသအေဂျင်စီနဲ့ ပုဂ္ဂလိက အဖွဲ့အစည်း တခုဖြစ်တဲ့ ဘာကလေ မြေကမ္ဘာ အဖွဲ့တွေ ဖြစ်ပါတယ်။

အမေရိကန် အစိုးရ မိုးလေဝသ အေဂျင်စီ နှစ်ခုရဲ့ တိုင်းထွာချက်တွေမှာပဲ မြေကမ္ဘာဟာ သတ်မှတ်ထားတဲ့ ၁ ဒသမ ၅ စင်တီဂရိတ် အပူချိန် အောက်မှာ ရှိနေပါတယ်။ အမေရိကန် ပြည်ထောင်စု သမုဒ္ဒရာနှင့် လေထုဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့ (National Oceanic and Atmospheric Administration) နှင့် အမေရိကန် အာကာသ သပ္ပံ (NASA) တို့ရဲ့ မနှစ် ၂၀၂၄ ခုနှစ် အတွက် တိုင်းတာချက်ထဲမှာ အပူချိန်ဟာ ၁.၄၆ ဒီဂရီစင်တီဂရိတ်နဲ့ ၁.၄၇ ဒီဂရီစင်တီဂရိတ် ရှိပါတယ်။

ဥရောပ ကိုပါးနီးကပ်စ် အဖွဲ့ရဲ့ တွက်ချက်မှုမှာတော့ ၁.၆ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး ဂျပန်က ၁.၅၇၊ ဗြိတိန်က ၁.၅၃ နဲ့ ရာသီဥတုပြောင်းလဲလာနေမှု သံသယရှိသူ တဦးက ကနဦး ငွေကြေး ကမကထ မတည်ပေးခဲ့တဲ့ ပုဂ္ဂလိက အဖွဲ့ ဘာကလေ မြေကမ္ဘော အဖွဲ့ရဲ့ တိုင်းတာချက်မှာ အမြင့်ဆုံး ၁.၆၂ ဒီဂရီ အပူချိန် ဖြစ်နေပါတယ်။

၂၀၂၄ ကမ္ဘာ့အပူဆုံး စံချိန်တင်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG