သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အထက်လွှတ်တော် ကြားနာပွဲ


အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေမှာ တိုက်ရိုက် ဆက်ဆံမှုတွေ လုပ်မယ်လို့ ကြေငြာထားတဲ့ နေရာမှာ ဒီလို ဆက်ဆံမှုတွေ လုပ်ဆောင်ဖို့ အဓိက တိုက်တွန်းမှုတွေ လုပ်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Jim Webb က အထက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီရှေ့မှောက် ကြားနာမှုတွေ လုပ်ခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒတွေနဲ့ ထိရောက်မှုတွေ အပေါ် အစစ်ခံတဲ့ နေရာမှာတော့ အခု အသစ်ကျင့်သုံးဖို့ ရှိနေတဲ့ မူဝါဒသစ်ကို ဦးဆောင်သွားဖို့ ရှိတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ မြန်မာ့အရေး ကျွမ်းကျင်သူတွေ တက်ရောက် အစစ်အခံခဲ့ကြတဲ့ မနေ့တုန်းက ဒီကြားနာပွဲနဲ့ ပတ်သက်လို့တော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦး က အကြောင်းစုံ ကို တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG