သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပေါင်းလပြည့်ည လကြတ်တာကို အနောက်ကမ္ဘာခြမ်းက မြင်နိုင်


ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်ပြည်ထောင်စု ဆန်တာမော်နီကာကမ်းခြေက မြင်တွေ့ရတဲ့ လအပြည့်ကြတ်တဲ့ မြင်ကွင်း (မေ ၂၆၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်ပြည်ထောင်စု ဆန်တာမော်နီကာကမ်းခြေက မြင်တွေ့ရတဲ့ လအပြည့်ကြတ်တဲ့ မြင်ကွင်း (မေ ၂၆၊ ၂၀၂၁)

မတ်လ ၁၃ ရက်၊ ၂၀၂၅ ဒီကနေ့ ကြာသပတေးနေ့မှာ လအပြည့်အဝကြတ်ပြီး မှောင်မိုက်သွားတာကို အမေရိကန်ပြည်ထောင်စု တခုလုံးက တွေ့မြင်တိုင်မှာပါ။ ကောင်းကင်ယံက ရှားပါးဖြစ်စဉ်အဖြစ်နဲ့ လဟာ ကမ္ဘာရဲ့ အရိပ်မိုးတာခံရပြီး ခပ်ရင့်ရင့် သွေးနီရောင်လဝန်းအဖြစ် အနောက်ကမ္ဘာခြမ်းဒေသတွေက မြင်ရမှာဖြစ်ပါတယ်။ လအပြည့်ကြတ်တာကိုတော့ ကမ္ဘာ့အရပ်ဒေသကို လိုက်ပြီးတော့ မြင်ကြရမှာ ဖြစ်ပါတယ်။

“မတ်လ ၁၃ ဒါမှမဟုတ် ၁၄ ရက်ညမှာ ကမ္ဘာပေါ် ဘယ်နေရာမှာ ရှိသလဲဆိုတာပေါ် မူတည်ပြီး လကြတ်တာကို မြင်နိုင်ပါတယ်” လို့ အမေရိကန် သဘာဝသမိုင်းပြတိုက်က နက္ခတ္တဗေဒပညာရှင် ဂျက်ကီ ဖာဟာတီက ပြောပါတယ်။ လကြတ်ဖြစ်စဉ်အစအဆုံး တနာရီလောက် ကြာမှာ ဖြစ်ပြီး ၂၀၂၅ မတ်လ ၁၄ ရက် ဂရင်းနစ်စံတော်ချိန် မနက် ၇ နာရီ (အမေရိကန် အရှေ့ခြမ်းစံတော်ချိန် မနက် ၃ နာရီ) မှာ လအကွယ်ဆုံးဖြစ်မှာပါ။

မြောက်နဲ့ တောင်အမေရိကတိုက်တွေက ဒီလကြတ်ဖြစ်စဉ်ကို အကောင်းဆုံး မြင်ရမှာဖြစ်ပြီး ဥရောပနဲ့ အာဖရိက တချို့ဒေသတွေကတော့ လထွက် ဒါမှမဟုတ် လဝင်ချိန်နဲ့ တိုက်ဆိုင်လို့ တစိတ်တပိုင်းပဲ မြင်ရမှာ ဖြစ်ပါတယ်။ နေကြတ်တာနဲ့ မတူတာက လကြတ်တာက မျက်စေ့ကို အကာအကွယ် မလိုပဲ ကြည့်လို့ရတာ ဖြစ်ပါတယ်။

နေ၊ ကမ္ဘာ၊ လ သုံးခုတန်းသွားချိန်မှာ ကမ္ဘာက အလယ်မှာ ရောက်ရှိပြီး လကို ကမ္ဘာက အရိပ်ကွယ်သွားတာ ဖြစ်ပါတယ်။ နေက အလင်းရောင်က ကမ္ဘာ့လေထုကနေ အလင်းယိုင်လာတာကြောင့် ကြေးနီရောင်သမ်းတဲ့ လမင်းကြီး ဖြစ်သွားတာပါ။

လကြတ်တာက ဒီတခါပြီးရင် ၂၀၂၅ စက်တင်ဘာ ၇ ရက်မှာ အာရှ၊ အာဖရိက၊ ဩစတြေးလျနဲ့ ဥရောပမှာ ထပ်မြင်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာပဲ စက်တင်ဘာ ၁၈ ရက်နဲ့ ၂၀၂၆ မတ်လ ၁၂ ရက်တွေမှာ တစိတ်တပိုင်း လကြတ်ဦးမှာဖြစ်ပြီး အပြည့်အဝ လကြတ်တာကိုတော့ အမေရိကားမှာ နောက်နှစ်ကုန်ပိုင်း ထပ်တွေ့ရမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG