သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂန္ မိန္းကေလးေတြ ေက်ာင္းတက္ခြင့္ျပန္ေပးဖို႔ ကုလလုံၿခဳံေရးေကာင္စီ ေတာင္းဆို


AFGHANISTAN-CONFLICT/GIRLS-EDUCATION

[[Zawgyi/Unicode]]

အာဖဂန္နစၥတန္ႏိုင္ငံမွာ မိန္းခေလးေတြ အထက္တန္းေက်ာင္းတက္ခြင့္ကို ျငင္းပယ္တဲ့အတြက္ စိုးရိမ္ေၾကာင္း ဆုံးျဖတ္ခ်က္ကို ကုလသမဂၢ လုံၿခဳံေရးေကာင္စီကခ်မွတ္လိုက္ၿပီး ေက်ာင္းသူေတြအတြက္ အခ်ိန္မဆိုင္းငံ့ဘဲ ေက်ာင္း ျပန္ဖြင့္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

မိန္းခေလးေတြအပါအဝင္ အာဖဂန္အားလုံးအတြက္ ပညာသင္ၾကားခြင့္ကို ကုလသမဂၢလုံၿခဳံေရးေကာင္စီက ထပ္မံ အခိုင္အမာ ေျပာၾကားလိုက္ပါတယ္လို႔ ကုလသမဂၢက တနဂၤေႏြေန႔က ေျပာပါတယ္။ အစၥလာမ္ဥပေဒနဲ႔ အညီျပန္ဖြင့္ဖို႔ စီမံကိန္းခ်မၿပီးမီမွာေတာ့ ေက်ာင္းေတြကိုပိတ္ၿမဲပိတ္ထားမယ္လို႔ ၿပီးခဲ့တဲ့အပတ္က တာလီဘန္ေတြက ေၾကညာခဲ့တာပါ။

အဲဒီလို တာလီဘန္ေတြက ဆုံးျဖတ္ခဲ့တဲ့အတြက္ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာ အာဖဂန္နစၥတန္ရဲ႕ စီးပြါးေရးဆိုင္ ရာ ကိစၥေတြအေပၚ တာလီဘန္ေတြနဲ႔ ေဆြးေႏြးမယ့္အစည္းအေဝးကို အေမရိကန္က ဖ်က္လိုက္တယ္လို႔ အေမရိကန္တာဝန္ရွိသူေတြက ေသာၾကာေန႔က ေျပာပါတယ္။

အာဖဂန္နစၥတန္ႏိုင္ငံ ကဘူးႏိုင္ငံတကာ ေလဆိပ္မွာေတာ့ အမ်ိဳးသားအေစာင့္အေရွာက္မပါတဲ့ အမ်ိဳးသမီးေတြ ကို တာလီဘန္ အာဏာပိုင္ေတြက ေလယာဥ္ေပၚတက္ခြင့္ ပိတ္ပင္လိုက္ပါတယ္လို႔ ေအပီသတင္းဌာနက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]


အာဖဂန် မိန်းကလေးတွေ ကျောင်းတက်ခွင့်ပြန်ပေးဖို့ ကုလလုံခြုံရေးကောင်စီတောင်းဆို

အာဖဂန်နစ္စတန်နိုင်ငံမှာ မိန်းခလေးတွေ အထက်တန်းကျောင်းတက်ခွင့်ကို ငြင်းပယ်တဲ့အတွက် စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကချမှတ်လိုက်ပြီး ကျောင်းသူတွေအတွက် အချိန်မဆိုင်းငံ့ဘဲ ကျောင်း ပြန်ဖွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မိန်းခလေးတွေအပါအဝင် အာဖဂန်အားလုံးအတွက် ပညာသင်ကြားခွင့်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထပ်မံ အခိုင်အမာ ပြောကြားလိုက်ပါတယ်လို့ ကုလသမဂ္ဂက တနင်္ဂနွေနေ့က ပြောပါတယ်။ အစ္စလာမ်ဥပဒေနဲ့ အညီပြန်ဖွင့်ဖို့ စီမံကိန်းချမပြီးမီမှာတော့ ကျောင်းတွေကိုပိတ်မြဲပိတ်ထားမယ်လို့ ပြီးခဲ့တဲ့အပတ်က တာလီဘန်တွေက ကြေညာခဲ့တာပါ။

အဲဒီလို တာလီဘန်တွေက ဆုံးဖြတ်ခဲ့တဲ့အတွက် ကာတာနိုင်ငံ ဒိုဟာမြို့မှာ အာဖဂန်နစ္စတန်ရဲ့ စီးပွါးရေးဆိုင် ရာ ကိစ္စတွေအပေါ် တာလီဘန်တွေနဲ့ ဆွေးနွေးမယ့်အစည်းအဝေးကို အမေရိကန်က ဖျက်လိုက်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက သောကြာနေ့က ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးနိုင်ငံတကာ လေဆိပ်မှာတော့ အမျိုးသားအစောင့်အရှောက်မပါတဲ့ အမျိုးသမီးတွေ ကို တာလီဘန် အာဏာပိုင်တွေက လေယာဉ်ပေါ်တက်ခွင့် ပိတ်ပင်လိုက်ပါတယ်လို့ အေပီသတင်းဌာနက ပြောပါတယ်။

================

XS
SM
MD
LG