သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားရေးမူဝါဒ နဲ့ နိုင်ငံတကာဆက်ဆံရေး


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တက်လာပြီးတဲ့နောက် နိုင်ငံတကာရဲ့ မြန်မာပြည်အပေါ် အရေးယူပိတ်ဆို့မှုတွေအားလုံး လျော့ကျသွားတယ်ဆိုပေမယ့်၊ မြန်မာ့ငြိမ်းချမ်းရေး ရခိုင်အရေး စတာတွေနဲ့ပတ်သက်လို့ ဖိအားတွေတော့ ရင်ဆိုင်နေရဆဲပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင်လည်း ပြီးခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲ၊ ဥရောပခရီးစဉ် မကြာခင်ဆိုရင် တရုတ်ပြည်ခရီးစဉ် စသဖြင့် နိုင်ငံတကာဆက်ဆံရေးတွေမှာ မြန်မာအစိုးရ ကိုယ်စား အဓိက ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို မအေးသန္တာကျော်နဲ့အတူ ပြန်ကြားရေးဝန်ကြီးဟောင်းလည်းဖြစ် /စင်္ကာပူနိုင်ငံမှာရှိတဲ့ အရှေ့တောင်အာရှ လေ့လာရေးဌာနမှာ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သတ်ပြီး စာတမ်း ပြုစုနေသူ ဦးရဲထွဋ်၊ နိုင်ငံရေးအကဲခတ်ဦးအောင်သူငြိမ်း၊ အမေရိကန်ပြည်ထောင်စုအခြေစိုက် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ် နိုင်ငံရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေတို့နဲ့အတူ စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားကြတာကို အသံဖိုင်မှာ အပြည့်အစုံ နားဆင်ပါရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG