သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝဘေး ကာကွယ်ရေး ကမ္ဘာ့ဘဏ် ဒေါ်လာသန်း ၁၀၀ ကျော်ချေးမည်


ရန်ကုန်မြို့ရေလျှံ။
ရန်ကုန်မြို့ရေလျှံ။

မြန်မာနိုင်ငံ တဝှမ်း သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ အမြန်ဆုံး ပြန်လည် ထူထောင်ရေး လုပ် နိုင်ဖို့နဲ့ ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုကို ကာကွယ်နိုင်ဖို့အပြင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အဦးတွေ ငလျင်ဒဏ် ခံနိုင်ရည်ရှိဖို့ အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၁၁၆ သန်း ထုတ်ချေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ သဘာဝဘေးနဲ့ ဆက်စပ်တဲ့ အရေးပေါ်အခြေအနေတွေ ကြုံတွေ့ရတဲ့ အခါ ငွေကြေးဆုံးရှူံးမှုတွေ လျော့နည်းစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ သတင်းအပြည့် အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှဒေသ သဘာဝဘေး စီမံခန့်ခွဲမှု စီမံကိန်းကို ကမ္ဘာ့ဘဏ်က ဇွန် ၁၅ရက် နေ့မှာ စတင်လိုက်ပါတယ်။ ဒီ စီမံကိန်းအရ ကမ္ဘာဘဏ်အနေနဲ့ မြန်မာနိုင်ငံတဝှမ်း သဘာဝဘေးနဲ့ ဆက်စပ်တဲ့ အရေးပေါ် အခြေ အနေတွေအတွက် ငွေကြေး ထောက်ပံ့ရာမှာ စီမံခန့်ခွဲတတ်ဖို့ အပါအဝင် ရန်ကုန်မြို့တွင်း ရေကြီး ရေလံျှ မှုကို ကာကွယ်ဖို့နဲ့ အများပြည်သူနဲ့ဆိုင်တဲ့ အဆောက်အဦးတွေ ငလျင်ဒဏ်ခံနိုင်ဖို့အတွက် အမေရိကန် ဒေါ်လာ ၁၁၆ သန်း ထုတ်ချေးမှာဖြစ်ပါတယ်။

ဒါဟာ နှစ်စဉ် မြန်မာပြည်မှာ သဘာဝဘေးဒဏ်ကြောင့် ငွေကြေး အများအပြား ဆုံးရှူံးနေတာကို လျှော့ ချနိုင်ဖို့ ရည်ရွယ်တယ်လို့ ကမ္ဘာ့ဘဏ် မြန်မာပြည်ရုံးခွဲရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျော်စိုးလင်းက ပြောပါတယ်။

" အခုလက်ရှိ စာရင်းတွေအရဆိုလို့ရှိရင် သဘာဝဘေးအန္တရာယ်တွေကြောင့်မို့ိုလို့ ပျက်စီးဆုံးရှုံးမှုဟာ တနှစ် တနှစ်ကို အမေရိကန်ဒေါ်လာ ၁၈၄ သန်းလောက်ရှိတယ်။ ဒီစီမံကိန်းက အဓိက အားဖြင့်တော့ အပိုင်းသုံးပိုင်းပါမှာပေါ့။ ပထမအပိုင်းကတော့ မြန်မာတနိုင်ငံလုံး ဘယ်နေရာမှာပဲ သဘာဝဘေးကျရောက်သည်ဖြစ်စေ ကျရောက်တဲ့အခါမှာ လျှင်လျှင်မြန်မြန်နဲ့ ပြန်လည်ထူထောင်ရေး လုပ်တဲ့အခါမှာ ရံပုံငွေရရှိနိုင်ဖို့ပေါ့နော်။ ရုံပုံငွေကို အာမခံရံပုံငွေထဲမှာ ထားရှိပြီးတော့ ဆောင်ရွက်မယ့် အပိုင်းပေါ့။ ဒီအပိုင်းက မြန်မာတနိုင်ငံလုံး အကျိုးခံစားခွင့်ရမှာဖြစ်ပါတယ်။

နောက်အပိုင်းတွေကတော့ ရန်ကုန်မြို့ကိုပဲ အထူးအာရုံစိုက်ပြီးတော့မှ ဆောင်ရွက်သွားမယ့် အပိုင်းတွေပေါ့နော် ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုကနေ ကာကွယ်ပေးနိုင်ဖို့ နောက်တခုက အများပြည်သူနဲ့သက်ဆိုင်တဲ့ အဆောက်အဦးတွေ မှာ ငလျင်ဒဏ်နဲ့ပတ်သက်ပြီးတော့ ခံနိုင်ရည်ရှိဖို့ဆိုပြီးတော့မှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

ကမ္ဘာ့ဘဏ်ရဲ့ အရှေ့တောင်အာရှဒေသ သဘာဝဘေး စီမံခန့်ခွဲမှု စီမံကိန်းကို မြန်မာအပါအဝင် ကမ္ဘောဒီးယားနဲ့ လာအိုတို့မှာ အကောင်အထည်ဖော်သွားမှာပါ။

ဒီ စီမံကိန်းကို အကောင်အထည်ဖော်တဲ့နေရာမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနဲ့ ပူပေါင်းဆောင်ရွက် သွားမှာဖြစ်တယ် လို့ ကိုကျော်စိုးလင်းက ပြောပါတယ်။

" သဘာဝဘေးအန္တရာယ်ကို တုန့်ပြန်ဆောင်ရွက်ဖို့အတွက် ရံပုံငွေရရှိဖို့ စီမံခန့်ခွဲမှု အပိုင်းမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက အဓိကက တာဝန်ယူပြီးတော့ စီမံခန့်ခွဲမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့တွင်းမှာ ရေကြီးရေလျှံမှုအပိုင်းနဲ့ မြေငလျင်ဒဏ်ခံနိုင်မှု ဆောင်ရွက်သွားဖို့အပိုင်းမှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံဟာ ၂၀၁၅ ခုနှစ်အတွင်း ရေကြီးရေလ ျှံမှုနဲ့ မြေပြိုမှု ပြဿနာကို ဆိုးဆိုးဝါးဝါး ကြုံတွေ့ခဲ့ရ တာဖြစ်ပါတယ်။ အခု ဇွန်လဆန်းပိုင်း တုန်းကလည်း ရန်ကုန်မြို့တွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် စံချိန်တင် ရေကြီးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG