သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ကားကြပ်ပြသနာလျော့ပါးဖို့ ရေကြောင်းဘတ်စ် စတင်ပြေးဆွဲ


ရန်ကုန်ရေကြောင်းဘတ်စ် စတင်ပြေးဆွဲ ( အောက်တိုဘာ ၆-၂၀၁၇)
ရန်ကုန်ရေကြောင်းဘတ်စ် စတင်ပြေးဆွဲ ( အောက်တိုဘာ ၆-၂၀၁၇)

သမိုင်းဝင် အမွေအနှစ် စေတီပုထိုးတွေ မပျက်စီးဖို့နဲ့ ကားကြပ်တည်းမှုပြဿနာတွေ ပြေလည်စေဖို့ ရန်ကုန်မြစ်အတွင်းကနေ သာ ကုန်စည်တွေ သယ်နိုင်ဖို့ စီစဉ်သွားမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကပြောလိုက်ပါတယ်။ ဒီပြင်ရန်ကုန်မြစ်ကို ပထမ ဆုံးအသုံးချတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တခုအဖြစ် ရန်ကုန်ရေကြောင်းဘတ်စ်များပြေးဆွဲတဲ့ အပေါ်ပြည်သူတွေပါဝင်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ရန်ကုန်ရေကြောင်း ဘတ်စ်ပြေးဆွဲတဲ့ ကုမ္ဗဏီကတော့ သက်ကယ်လှေ၊ သက်ကယ် အကျှီၤတွေ အပြင် ရေယာဉ်တစီးတိုင်းမှာ ရေကူးက ျွမ်းကျင်တဲ့ လုံခြုံရေးတဦးကိုပါ ထည့်ပေးထားတာမို့ လုံခြုံရေးပိုင်း အထူးအာမခံ တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းက မေခက တင်ပြပေးမှာပါ။

ဒီကနေ့ ရန်ကုန်ရေကြောင်းဘတ်စ်များ စတင်ပြေးဆွဲဖို့ ခွင့်ပြုတဲ့ အခမ်းအနားမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

" ကုန်းတွင်းဆိပ်ကမ်းတွေကို ကျနော်တို့ စနစ်တကျတည်ဆောက်ပြီး ဒီကနေမှတဆင့် ရန်ကုန်မြို့ထဲကို ကုန်သေတ္တာတင်ကားတွေ ကုန်ကားတွေ ဝင်စရာမလိုတော့ပဲနဲ့ ဖြတ်သန်းသွားနိုင်တဲ့ အခြေအနေတခုကို ကျနော်တို့ ဖန်တီးနေတာဖြစ်ပါတယ် ကျနော်တို့ ဒီကမ်းနားလမ်းကြီးပေါ်မှာ ရန်ကုန်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တခုရှိတယ် ဗိုလ်တထောင်စေတီတော်မြတ်ကြီး တည်နေရာလည်းဖြစ်ပါတယ်။ ဗိုလ်တထောင်စေတီတော်မြတ်ကြီး ရဲ့ ဘေး ကွန်ကရစ်လမ်းမှာ အမြဲတမ်း ကုန်သေတ္တာ ကားကြီးတွေပြေးဆွဲနေဖို့ဆိုတာဟာ ကျနော်တို့ရဲ့ သမိုင်းအမွေအနှစ်တွေနဲ့ ကျနော်တို့ရဲ့ အထင်ကရ စေတီပုထိုးများအတွက် ကျနော်တို့ စဉ်းကို စဉ်းစားရမယ့် အခြေအနေ တခုဖြစ်ပါတယ်။ ရေရှည်မှာ ကျနော်တို့ ရန်ကုန်ရဲ့ ကုန်စည်စီးဆင်းမှုဟာ စားရိတ်စက သက်သာစေနိုင်တဲ့ ရေကြောင်းနဲ့ သယ်ယူနိုင်တဲ့အခြေအနေတခုကို ကျနော်တို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။"

ရန်ကုန်မြို့တော်မှာ ပြည်သူတွေ စိတ်အနှောင့်အယှက်အဖြစ်ရဆုံးဖြစ်တဲ့ ကားကြပ်တည်းမှုပြဿနာကို အဖြေရှာဖို့ အတွက် ရန်ကုန်ရေကြောင်း ဘတ်စ်လိုင်းတွေ ပြေးဆွဲခွင့်ပေးခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါသေးတယ်။ ရန်ကုန်မြစ်အတွင်း ပထမဆုံးအသုံးချတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တခုအဖြစ် ရန်ကုန်ရေကြောင်း ဘတ်စ်များပြေးဆွဲတဲ့ အပေါ်ပြည်သူတွေပါဝင်ပေးဖို့ လည်း တိုက်တွန်းခဲ့ပါတယ်။

ရန်ကုန်ရေကြောင်းဘတ်စ်လိုင်းတွေကို လာမယ့် အောက်တိုဘာလ ၇ ရက် မနက် ၇ နာရီကနေ စတင်ပြီး ပြေးမှာဖြစ်ပြီး လမ်းကြောင်းအနေနဲ့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းကနေ အင်းစိန် အောင်ဇေယျတံတားအထိ ပြေးမှာပါ။ ကနဦးမှာ ဒီပြေးဆွဲ မှုအတွက် သင်္ဘော ၁၃စီး ပြင်ဆင်ထားပေမယ့် ကနဦး တကယ်ပြေးမှာကတော့ (၅)စီးနဲ့ စတင် မှာလို့ တင့်တင့်မြန်မာကုမ္ပဏီမှ ဒေါ်တင့်တင့်လွင် ကပြောပါတယ်။

" မနက်ခြောက်နာရီခွဲကနေစမယ် အဓိကကတော့ ဝန်ထမ်းတွေ နေ့စဉ်သွားလာနေကြတဲ့ အလုပ်သမားများ အတွက်ကို အဓိက ရည်ရွယ်ပါတယ်။ ကျမတို့ ခြောက်နာရီခွဲလောက် ကနေစပြီးတော့ ညနေ ခြောက်နာရီခွဲအထိပေါ့နော် တနေ့ကို ဆယ်နှစ်နာရီလောက်အထိ ပြေးဆွဲပေးမှာပါ။ သြစတြေးလျနိုင်ငံက လူ ၂၃၀ စီးနဲ့ ၁၈၀ စီး သုံးစင်းပါပါတယ်။ ထိုင်းက လူ ၆၀ စီး သုံးစင်းပါပါတယ်။ မြန်မာပြည်က လူ ၁၅၀ စီး ဆယ်စီး ရှိပါတယ်။ ၇စီး အရင်ပြေးဆွဲမှာပါ။ အကြီးတွေကို အဓိက ဦးစားပေး ပြေးဆွဲမယ်။ ရုံးချိန်ပြင်ပမှာ ဆိုရင်တော့ Local Boat တွေနဲ့ပဲ အပျော်စီးသလို အေးအေးဆေးဆေးစီးနိုင်ဖို့ Local Boats တွေနဲ့ပဲ ပြေးဆွဲမှာပါ။ အခု ကျမတို့ပြေးဆွဲမယ်ဆိုရင် အင်းစိန်ကနေ ဗိုလ်တထောင် အထိကို အနည်းဆုံး ၂နာရီနီးပါးလောက် အချိန်ယူရမယ့်အချိန်ကို ၄၅မိနစ် နာရီဝက်လောက်နဲ့ ရောက်မှာပါ အခု တကယ်တမ်းဆို တပြိုင်နက်တည်းမှာပဲ နှစ်စီးထွက်ရင် ထွက်မှာပါ။ ဆယ့်ငါးမိနစ်တခါမှာလည်း ဆွဲမှာပါ။"

ပြေးဆွဲသွားတာမှာ စီးနင်းခကတော့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းကနေ အင်းစိန် အောင်ဇေယျ တံတားအထိ လူတဦးကို ကျပ် ၃၀၀ ကျမှာဖြစ်ပါတယ်။ ဒီလို သတ်မှတ်ခရီး တကြောင်းကိုစီးအပြီး နောက်ထပ်အဲလမ်းကြောင်းပေါ်ကဘဲ နေရာတခု ကိုသဘောၤပေါ်က မဆင်းဘဲ ခရီးထပ်ဆက်မယ်ဆိုရင်တော့ တဦး လ ျှင် ၂၀၀ကျပ် ထပ်ဆောင်းပေးရမယ်လို့ပြောပါတယ်။ သင်္ဘောလိုက်စီးတဲ့သူတွေ အဆင်ပြေပြေ စားရေးသောက်ရေးအတွက်လည်း ဈေးနှုန်းသက်သက်သာသာနဲ့ အစားသောက်တွေ ရောင်းချပေးသွားဖို့ စီစဉ်ထားတယ်လို့ ဒေါ်တင့်တင့်လွင်ကပြောပါတယ်။

ရန်ကုန်ရေကြောင်းဘတ်စ်ပြေးဆွဲတာမှာ စီးတဲ့ လူဦးရေနဲ့ ကိုက်ညီတဲ့ သက်ကယ်လှေ၊ သက်ကယ် အကျှီၤတွေ အပြင် ရေယာဉ်တစီးတိုင်းမှာ ရေကူးက ျွမ်းကျင်တဲ့ လုံခြုံရေးတဦးကိုပါ ထည့်ပေးထားတာမို့ လုံခြုံရေးပိုင်း အထူးအာမခံ တယ်လို့ တင့်တင့်မြန်မာကုမ္ပဏီမှ ဒေါ်တင့်တင့်လွင် ပြောဆိုလိုက်ပါတယ်။

" သင်္ဘောတစီးမှာ Security လုံခြုံရေးတယောက် သင်္ဘောမှာ ထည့်ပေးပါမယ်။ ဘာကြောင့်လဲဆိုတော့ တစ်အချက်က စိတ်မနှံ့လို့ပဲဖြစ်စေ မူးလို့မော်လို့ပဲဖြစ်စေ ရေထဲကို ပြုတ်ကျသွားတာမျိုး ကလေးတွေ ကစားလို့ပဲဖြစ်စေ အဲ့လိုမဖြစ်အောင် သူတို့ကို တောက်လျောက်ကြည့်ခိုင်းထားပါမယ်။ ဒါကတော့ တိုက်ရိုက်မျက်လုံးပါ.။ ကျမတို့ Indirect eye ကတော့ Control Center ပါ ကျမတို့ Water Bus Office မှာ Control Center အကြီးကြီးတခုရှိပါတယ်။Control Center မှာ GPS System ကိုပဲ ကြည့်တာမဟုတ်ပဲနဲ့ CCTV တွေနဲ့ Boats တိုင်းကို Control Center ကနေ ကြည့်လို့ရပါတယ် ရာသီဥတုကြောင့်လည်း ကျမတို့မှာ Alarm စနစ် GPS ကနေ Control Center ကို အကုန်လုံး Alarm မြည်မှာပါ။ အဲ့လိုမြည်တဲ့အခါ ကျမတို့မှာ တခြားသော Boats တွေရှိမယ်။ Speed Boats တွေ Emergency Boats တွေရှိမယ် ဒါတွေနဲ့ ကျမတို့ သင်္ဘောဆီသွားပြီး သင်္ဘောကို နီးရာကမ်းကို ခရီးသည်တွေကို သယ်ပို့ပေးမှာပါ။"

နောက်ပိုင်း မှာ ရန်ကုန်မြစ်အတွင်း အခြားသော ရေလမ်းခရီးသုံးနိုင်မယ့်နေရာတွေ တိုင်းကို ပြေးဆွဲသွားဖို့လည်း စီစဉ်ထား တယ်လို့ ဒေါ်တင့်တင့်လွင်က ဆိုပါတယ်။ လက်ရှိမှာတော့ ညောင်တန်း-မြောက်ဒဂုံ ၊ စတားစီးတီး- သန်လျင် စတဲ့ နေရာတွေကိုပါ ပြေးဆွဲသွားဖို့စီစဉ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG