သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများစည်းဝေးပွဲ စစ်ကောင်စီ တက်ခွင့်မရ 


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဆီယံအမှတ်တံဆိပ် (အေပီ)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဆီယံအမှတ်တံဆိပ် (အေပီ)


[[Zawgyi/Unicode]]

ဒီအပတ်အတွင်းကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်ရမှာမဟုတ်ဘူးလို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီ အစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကနေ တောင်တရုတ်ပင်လယ်ကိစ္စအလယ်၊ အရှေ့တီမော အာဆီယံဝင်ခွင့်အထိ အကြောင်းအမျိုးမျိုး ကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ကိစ္စကို ဖိလစ်ပိုင်က အဆိုပြုတင်သွင်းလာဖွယ်ရှိတယ်လို့ ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်ရေးနဲ့ ငြိမ်းချမ်းရေးအင်စတီကျုက အကြီးတန်း အကြံပေး Bradley Murg က ထင်မြင်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ကိစ္စနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံအများစုက တစည်းတလုံး ရပ်တည်ချက်နဲ့ တရုတ်ကို ဆွေးနွေးလိုပေမယ့် တရုတ်က တနိုင်ငံချင်းနဲ့ပဲ ညှိုနှိုင်းဆွေးနွေးခဲ့တာပါ။ ဒီ အကြောင်းအရာက အာဆီယံ ထိပ်သီး အစည်းအဝေးမှာ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘာဒီးယားက ဆွေးနွေးစေချင်တဲ့အကြောင်း မဟုတ်ပါဘူး။

ဒါပေမယ့် ဖိလစ်ပိုင်က ဆွေးနွေးလိုတယ်ဆိုရင်တော့ ဒီအပတ်အစည်းအဝေးမှာ အများကြီး လွှမ်းမိုးသွားနိုင်ပါတယ်- လို့ Bradley Murg က ယူဆပါတယ်။ မြန်မာ့အရေးဟာလည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အဓိက အကြောင်းတရပ် ဖြစ်လိမ့်မယ်လို့ Bradley Murg က သုံးသပ်ပါတယ်။

စစ်ကောင်စီက အရေးပေါ်အခြေအနေကို တနင်္လာနေ့မှာ နောက်ထပ် ၆ လ သက်တမ်းတိုးထားပြီး တည်ငြိမ် ငြိမ်းချမ်းတဲ့အခြေအနေရှိတဲ့အခါ အချိုးကျ ကိုယ်စားပြုမှုစနစ်နဲ့ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောထားပါတယ်။ ဒီ ရွေးကောက်ပွဲစနစ်ဟာ စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားတဲ့ ပါတီတွေ အာဏာရရှိနိုင်တဲ့ ရွေးကောက်ပွဲစနစ်ဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

==================


[[Unicode]]








XS
SM
MD
LG