{{Zawgyi/Unicode}}
အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (ASEAN) အေနနဲ႔ ျမန္မာ့အက်ပ္အတည္းကို ေျဖရွင္းတဲ့ေနရာမွာ ပိုမိုထိေရာက္မယ့္ အျခားနည္းလမ္းေတြနဲ႔ အေျဖရွာဖို႔စဥ္းစားသင့္တယ္လို႔ မေလးရွားဝန္ႀကီးခ်ဳပ္ Anwar Ibrahim ကေျပာလိုက္ပါတယ္။ ျမန္မာ့အေရးဟာ မေလးရွားႏိုင္ငံအပါအဝင္ ေဒသတြင္း အိမ္နီးခ်င္းႏိုင္ငံေတြအေပၚမွာပါ သက္ေရာက္မႈရွိေနတယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ Ibrahim က ႏိုင္ငံျခားေရးဌာန ပြဲတခုမွာ အဂၤါေန႔က အဲဒီလို ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ျမန္မာကိစၥကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြက ဝန္ႀကီးခ်ဳပ္ေတြနဲ႔ပါ ေျပာခဲ့တယ္လို႔လည္း မေလးရွားဝန္ႀကီးခ်ဳပ္က ေျပာဆိုခဲ့ပါတယ္။ ျမန္မာႏိုင္ငံတြင္း ႏိုင္ငံေရးအက်ပ္အတည္းေတြေၾကာင့္ ေနရပ္စြန႔္ခြါထြက္ေျပးခဲ့သူေတြဟာ အိမ္နီးခ်င္းႏိုင္ငံေတြထဲ အလုံးအရင္းနဲ႔ ဝင္ေရာက္လာေနၾကၿပီး မေလးရွားႏိုင္ငံမွာလက္ခံထားတဲ့ ျမန္မာဒုကၡသည္ေတြ ၂ သိန္းဝန္းက်င္ရွိတယ္လို႔လည္း ေျပာပါတယ္။ ထိုင္းနဲ႔ စကၤာပူဝန္ႀကီးခ်ဳပ္ေတြ၊ ဖိလစ္ပိုင္နဲ႔ အင္ဒိုနီးရွားသမၼတေတြနဲ႔ ေတြ႕ဆုံခဲ့တဲ့အခ်ိန္မွာလည္း အာဆီယံအေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ ဆက္ၿပီးထိေတြ႕ဆက္ဆံေနရတဲ့တခ်ိန္တည္း ဒီအက်ပ္အတည္းကို တျခားထိေရာက္တဲ့နည္းလမ္းေတြနဲ႔ အေျဖရွာဖို႔ သူ႔ဘက္က အေလးအနက္တိုက္တြန္းခဲ့တယ္လို႔ ဝန္ႀကီးခ်ဳပ္ Ibrahim ကေျပာပါတယ္။ ဒါမွမဟုတ္ရင္ေတာ့ ဒီလိုရက္စက္ၾကမ္းၾကဳတ္တဲ့လုပ္ရပ္ေတြဟာ ျမန္မာစစ္ေကာင္စီသာမကဘဲ သူတို႔မွာပါ တာဝန္ရွိရာေရာက္တယ္လို႔လည္း မေလးရွားဝန္ႀကီးခ်ဳပ္က ေျပာဆိုသြားပါတယ္။
ဒုကၡသည္အက်ပ္အတည္းနဲ႔ပတ္သက္ၿပီး ျမန္မာစစ္ေကာင္စီက အိမ္နီးခ်င္းအာဆီယံႏိုင္ငံေတြနဲ႔ ေဆြးေႏြးညႇိႏႈိင္းဖို႔ ျငင္းဆန္ေနတဲ့အတြက္ အေျခေအေနေတြပိုဆိုး႐ြားလာေစတယ္လို႔လည္းေျပာပါတယ္။ ASEAN အေနနဲ႔ လြန္ခဲ့တဲ့ဆယ္စုႏွစ္ ၄ ခုအတြင္း က်င့္သုံးလာတဲ့ အျပဳသေဘာေဆာင္ထိေတြ႕ဆက္ဆံမႈေတြက သိပ္ၿပီး ဆက္စပ္မႈမရွိေတာ့တာေၾကာင့္ ျပည္တြင္းေရးဝင္မစြက္ရဆိုတဲ့ အာဆီယံရဲ႕ မူကို လ်စ္လွ်ဴမရႈလို႔ မျဖစ္ေတာ့ဘူးလို႔လည္း ဝန္ႀကီးခ်ဳပ္ Ibrahim ကေျပာဆိုသြားပါတယ္။
===============
{{Unicode}}
မြန်မာအရေး ပိုထိရောက်တဲ့နည်းရှာဖို့ အာဆီယံကို မလေးဝန်ကြီးချုပ်တိုက်တွန်း
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အနေနဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ ပိုမိုထိရောက်မယ့် အခြားနည်းလမ်းတွေနဲ့ အဖြေရှာဖို့စဉ်းစားသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ကပြောလိုက်ပါတယ်။ မြန်မာ့အရေးဟာ မလေးရှားနိုင်ငံအပါအဝင် ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာပါ သက်ရောက်မှုရှိနေတယ်လို့လည်း ဝန်ကြီးချုပ် Ibrahim က နိုင်ငံခြားရေးဌာန ပွဲတခုမှာ အင်္ဂါနေ့က အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာကိစ္စကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးချုပ်တွေနဲ့ပါ ပြောခဲ့တယ်လို့လည်း မလေးရှားဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျပ်အတည်းတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးခဲ့သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေထဲ အလုံးအရင်းနဲ့ ဝင်ရောက်လာနေကြပြီး မလေးရှားနိုင်ငံမှာလက်ခံထားတဲ့ မြန်မာဒုက္ခသည်တွေ ၂ သိန်းဝန်းကျင်ရှိတယ်လို့လည်း ပြောပါတယ်။ ထိုင်းနဲ့ စင်္ကာပူဝန်ကြီးချုပ်တွေ၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားသမ္မတတွေနဲ့ တွေ့ဆုံခဲ့တဲ့အချိန်မှာလည်း အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ပြီးထိတွေ့ဆက်ဆံနေရတဲ့တချိန်တည်း ဒီအကျပ်အတည်းကို တခြားထိရောက်တဲ့နည်းလမ်းတွေနဲ့ အဖြေရှာဖို့ သူ့ဘက်က အလေးအနက်တိုက်တွန်းခဲ့တယ်လို့ ဝန်ကြီးချုပ် Ibrahim ကပြောပါတယ်။ ဒါမှမဟုတ်ရင်တော့ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေဟာ မြန်မာစစ်ကောင်စီသာမကဘဲ သူတို့မှာပါ တာဝန်ရှိရာရောက်တယ်လို့လည်း မလေးရှားဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။
ဒုက္ခသည်အကျပ်အတည်းနဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီက အိမ်နီးချင်းအာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ငြင်းဆန်နေတဲ့အတွက် အခြေအေနေတွေပိုဆိုးရွားလာစေတယ်လို့လည်းပြောပါတယ်။ ASEAN အနေနဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ် ၄ ခုအတွင်း ကျင့်သုံးလာတဲ့ အပြုသဘောဆောင်ထိတွေ့ဆက်ဆံမှုတွေက သိပ်ပြီး ဆက်စပ်မှုမရှိတော့တာကြောင့် ပြည်တွင်းရေးဝင်မစွက်ရဆိုတဲ့ အာဆီယံရဲ့ မူကို လျစ်လျှူမရှုလို့ မဖြစ်တော့ဘူးလို့လည်း ဝန်ကြီးချုပ် Ibrahim ကပြောဆိုသွားပါတယ်။