သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို-ပစိဖိတ် လုံခြုံရေးနဲ့ အမေရိကန်ဗျူဟာ


အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan (REUTERS/Kevin Lamarqu)
အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan (REUTERS/Kevin Lamarqu)

အသစ်တက်လာမယ့် Trump အစိုးရအနေနဲ့ အင်ဒို-ပစိဖိတ်ဒေသထဲက မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေးခိုင်မာအောင် ဆက်လက်လုပ်ဖို့ သမ္မတ Biden အစိုးရက တိုက်တွန်းလိုက်ပါတယ်။

တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်ရန်အပါအဝင် အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက်၊ လက်ရှိ အမေရိကန်အစိုးရ ချမှတ်ထားတဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးအပါအဝင်၊ မဟာဗျူဟာကို နောက်တက်လာမယ့် သမ္မတ Trump အစိုးရ ဆက်လက်ကျင့်သုံးသင့်တယ်လို့ လက်ရှိ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က အကြံပြုပြောကြားလိုက်ပါတယ်။

လက်ရှိ မဟာဗျူဟာတွေဟာ အာရှဒေသတွင်းမှာ အမေရိကန်ရဲ့အနေအထားကို ခိုင်မာအားကောင်းစေတယ်လို့ အမျိုးသားလုံခြုံ အကြံပေး Sullivan က VOA ကို ပြောဆိုခဲ့ပါတယ်။ ထူးထူးခြားခြား ပြောင်းလဲတာထက်စာရင်၊ လက်ရှိမဟာဗျူဟာအတိုင်း ဆက်လက်ကျင့်သုံးသင့်ကြောင်း သောကြာနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ Jake Sullivan က ပြောခဲ့ပေမဲ့ နောက်တပ်လာမယ့်အစိုးရအနေနဲ့ ဘယ်လို ဆောင်ရွက်မယ်ဆိုတာကိုတော့ သူ မသိဘူးလို့ ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ Nuclear လက်နက်ဖျက်သိမ်းရေးကို လက်ရှိအစိုးရ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့တာကိုတော့ Jake Sullivan က အသိအမှတ်ပြု လက်ခံပါတယ်။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုဟာ ဆက်လက်ရှိနေပြီး ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန် စတဲ့ ပြိုင်ဘက်၊ ရန်ဘက်တွေအကြား ကျယ်ကျယ်ပြန့်ပြန့် ချိန်ဆလုပ်နိုင်ဖို့ အရေးကြီးတယ်လို့လည်း Biden အစိုးရရဲ့ အမျိုးသားလုံခြုံရေးအကြံပေး က ထောက်ပြပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကို ခံနေရတဲ့ ယူကရိန်းအတွက် ကူညီထောက်ခံနေတာတွေကိုလည်း မလျှော့ချလိုက်သင့်ဘူးဆိုတာ ပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့အနေထားကြောင့် ယူကရိန်းစစ်ပွဲ နမူနာဟာ အင်ဒို-ပစိဖိတ်ဒေသအတွက် အရေးကြီးတယ်လို့ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ထောက်ပြပြောဆိုခဲ့ပါတယ်။

Forum

XS
SM
MD
LG