သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson အေပၚ အယုံအၾကည္မရွိအဆို ဒီေန႔တင္သြင္းမည္


ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson (ဂၽြန္ ၃၊ ၂၀၂၂)


[[Zawgyi/Unicode]]

ၿဗိတိန္ႏိုင္ငံမွာ အာဏာရ Conservative ပါတီရဲ႕ လႊတ္ေတာ္အမတ္ေတြက ဝန္ႀကီးခ်ဳပ္ Boris Johnson အေပၚ အယုံအၾကည္ရွိ မရွိ ဒီေန႔ မဲခြဲဆုံးျဖတ္ၾကမွာ ျဖစ္ပါတယ္။ ေအာက္လႊတ္ေတာ္မွာ အာဏာရပါတီလႊတ္ေတာ္အမတ္ အနည္းဆုံး ၁၅ % က ဝန္ႀကီးခ်ဳပ္ရဲ႕ ေခါင္းေဆာင္မႈအေပၚ မဲခြဲဆုံးျဖတ္လိုတယ္လို႔ သက္ဆိုင္ရာပါတီေကာ္မတီတာဝန္ရွိသူဆီ အေၾကာင္းၾကားစာေပးပို႔ရင္ အယုံအၾကည္ရွိ မရွိ မဲခြဲဆုံးျဖတ္ႏိုင္ပါတယ္။

အစိုးရ ရာထူးတာဝန္မရွိတဲ့ အာဏာရပါတီလႊတ္ေတာ္အမတ္မ်ား ေကာ္မတီ ၁၉ ၂၂ Committee မွာ မဲခြဲဖို႔လိုအပ္တဲ့ ေတာင္းဆိုစာ ၁၅% ေက်ာ္ရရွိတဲ့အတြက္ စည္းကမ္းအတိုင္း ဝန္ႀကီးခ်ဳပ္အေပၚ အယုံအၾကည္ရွိ မရွိ မဲခြဲဆုံးျဖတ္မွာျဖစ္တယ္လို႔ ေကာ္မတီဥကၠ႒ Graham Brady က ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ၿဗိတိန္စံေတာ္ခ်ိန္ ဒီေန႔ ညေန ၆ နာရီကေန ၈ နာရီၾကား မဲခြဲမွာျဖစ္ၿပီး ရလာဒ္ကို ခ်က္ခ်င္းထုတ္ျပန္မယ္လို႔ သူကေျပာပါတယ္။

ၿဗိတိန္မွာ ကိုဗစ္ Lockdown ေတြခ်မွတ္ထားခ်ိန္ အမွတ္ ၁၀ ေဒါင္းနင္းလမ္းမွာ အစိုးရတာဝန္ရွိသူေတြ ပါတီေတြလုပ္ခဲ့တာက စည္းကမ္းခ်က္ေတြကို ခ်ိဳးေဖာက္ ရာေရာက္တယ္ဆိုတဲ့ စုံစမ္းခ်က္အစီရင္ခံစာ ၿပီးခဲ့တဲ့လက ထြက္ေပၚခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ရဲ႕ ပါတီလႊတ္ေတာ္အမတ္ေတြၾကားမွာပါ ဝန္ႀကီးခ်ဳပ္အေပၚ ေဒါသထြက္ခဲ့ၾကပါတယ္။ Conservative ပါတီအမတ္ ၃၅၉ ေယာက္ၾကား ဒီေန႔မဲခြဲၾကတဲ့အခါ ဝန္ႀကီးခ်ဳပ္ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ ပါတီေခါင္းေဆာင္ရာထူးေရာ ဝန္ႀကီးခ်ဳပ္ရာထူးကေနပါ ဆင္းေပးရမွာျဖစ္ပါတယ္။ တကယ္လို႔ ဝန္ႀကီးခ်ဳပ္ Johnson ႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ေနာက္ထပ္ ၁ ႏွစ္ၾကာတဲ့အထိ ထပ္ၿပီးအယုံအၾကည္ရွိ မရွိ စိန္ေခၚမႈ ခံရေတာ့မွာ မဟုတ္ပါဘူး။

တႏိုင္ငံလုံးကို တင္းၾကပ္တဲ့ ကိုဗစ္စည္းကမ္းေတြ ထုတ္ျပန္ထားခ်ိန္ ဝန္ႀကီးခ်ဳပ္ေနအိမ္မွာ ေသာက္စားၾကတဲ့ပါတီပြဲေတြ လုပ္ခဲ့တာနဲ႔ပတ္သက္လို႔ ဝန္ႀကီးခ်ဳပ္က ဒဏ္ေငြေဆာင္ခဲ့ရသလို အတိုက္အခံပါတီေတြကလည္း ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ၾကပါတယ္။ ၂၀၁၉ ခုႏွစ္မွာ ဝန္ႀကီးခ်ဳပ္ျဖစ္လာတဲ့ Boris Johnson အေပၚ ရာထူးကေန ဆင္းေပးဖို႔ ေတာင္းဆိုမႈေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================


[[Unicode]]

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson အပေါ် အယုံအကြည်မရှိအဆို ဒီနေ့တင်သွင်းမည်

ဗြိတိန်နိုင်ငံမှာ အာဏာရ Conservative ပါတီရဲ့ လွှတ်တော်အမတ်တွေက ဝန်ကြီးချုပ် Boris Johnson အပေါ် အယုံအကြည်ရှိ မရှိ ဒီနေ့ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ အာဏာရပါတီလွှတ်တော်အမတ် အနည်းဆုံး ၁၅ % က ဝန်ကြီးချုပ်ရဲ့ ခေါင်းဆောင်မှုအပေါ် မဲခွဲဆုံးဖြတ်လိုတယ်လို့ သက်ဆိုင်ရာပါတီကော်မတီတာဝန်ရှိသူဆီ အကြောင်းကြားစာပေးပို့ရင် အယုံအကြည်ရှိ မရှိ မဲခွဲဆုံးဖြတ်နိုင်ပါတယ်။

အစိုးရ ရာထူးတာဝန်မရှိတဲ့ အာဏာရပါတီလွှတ်တော်အမတ်များ ကော်မတီ ၁၉ ၂၂ Committee မှာ မဲခွဲဖို့လိုအပ်တဲ့ တောင်းဆိုစာ ၁၅% ကျော်ရရှိတဲ့အတွက် စည်းကမ်းအတိုင်း ဝန်ကြီးချုပ်အပေါ် အယုံအကြည်ရှိ မရှိ မဲခွဲဆုံးဖြတ်မှာဖြစ်တယ်လို့ ကော်မတီဥက္ကဋ္ဌ Graham Brady က ပြောကြားခဲ့တာဖြစ်ပါတယ်။ ဗြိတိန်စံတော်ချိန် ဒီနေ့ ညနေ ၆ နာရီကနေ ၈ နာရီကြား မဲခွဲမှာဖြစ်ပြီး ရလာဒ်ကို ချက်ချင်းထုတ်ပြန်မယ်လို့ သူကပြောပါတယ်။

ဗြိတိန်မှာ ကိုဗစ် Lockdown တွေချမှတ်ထားချိန် အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ အစိုးရတာဝန်ရှိသူတွေ ပါတီတွေလုပ်ခဲ့တာက စည်းကမ်းချက်တွေကို ချိုးဖောက် ရာရောက်တယ်ဆိုတဲ့ စုံစမ်းချက်အစီရင်ခံစာ ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ရဲ့ ပါတီလွှတ်တော်အမတ်တွေကြားမှာပါ ဝန်ကြီးချုပ်အပေါ် ဒေါသထွက်ခဲ့ကြပါတယ်။ Conservative ပါတီအမတ် ၃၅၉ ယောက်ကြား ဒီနေ့မဲခွဲကြတဲ့အခါ ဝန်ကြီးချုပ် ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပါတီခေါင်းဆောင်ရာထူးရော ဝန်ကြီးချုပ်ရာထူးကနေပါ ဆင်းပေးရမှာဖြစ်ပါတယ်။ တကယ်လို့ ဝန်ကြီးချုပ် Johnson နိုင်ခဲ့မယ်ဆိုရင်တော့ နောက်ထပ် ၁ နှစ်ကြာတဲ့အထိ ထပ်ပြီးအယုံအကြည်ရှိ မရှိ စိန်ခေါ်မှု ခံရတော့မှာ မဟုတ်ပါဘူး။

တနိုင်ငံလုံးကို တင်းကြပ်တဲ့ ကိုဗစ်စည်းကမ်းတွေ ထုတ်ပြန်ထားချိန် ဝန်ကြီးချုပ်နေအိမ်မှာ သောက်စားကြတဲ့ပါတီပွဲတွေ လုပ်ခဲ့တာနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်က ဒဏ်ငွေဆောင်ခဲ့ရသလို အတိုက်အခံပါတီတွေကလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ Boris Johnson အပေါ် ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
==================

XS
SM
MD
LG