သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားတွေသဘော အလေးထားသင့်တဲ့ ငြိမ်းချမ်းရေး


စက်မှုဝန်ကြီးဟောင်း ဦးစိုးသိန်း
စက်မှုဝန်ကြီးဟောင်း ဦးစိုးသိန်း
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့မှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ပိုပြီးတော့ လိုအပ်တယ်လို့ အရင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့တဲ့ စက်မှုဝန်ကြီးဟောင်း ဦးစိုးသိန်းက ပြောဆိုလိုက်ပါတယ်။ VOA မြန်မာပိုင်းအစီအစဉ် အယ်ဒီတာ ဦးသိန်းထိုက်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ အခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ငြိမ်းချမ်းရေးအကြောင်း စာအုပ်ထုတ်တဲ့နေ့ဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ပဲ အဓိကထား မေးချင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့ လူတယောက်အနေနဲ့ ပထမဦးဆုံး မေးခွန်းကတော့ ဒီနေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အရင်အစိုးရနဲ့ လက်ရှိအစိုးရ ဘာတွေများ ကွာခြားချက် ရှိပါသလဲ။

ဦးစိုးသိန်း ။ ။ ရှေ့ကိုတော့ ရွှေ့နေတာပဲ။ တချို့လည်း ယခင်ကလူတွေလည်း အဲဒီအထဲမှာ ပါပါတယ်။ သို့သော်လဲ ကျနော်မြင်တာက ပိုပြီးရင်းနှီးမှု ရယူရတယ်။ ပိုပြီးတော့ Trust တယောက်နဲ့တယောက် ညီအကိုမောင်နှမလို Family လို ဖြစ်သွားအောင် ငြိမ်းချမ်းရေးရယူမယ့်အဖွဲ့နဲ့ ငြိမ်းချမ်းရေးယူမယ့် EAO အဖွဲ့တွေနဲ့ ဒီဘက် အစိုးရတို့ ပိုပြီးရင်းနှီးနေမယ်၊ ပိုပြီးထိတွေ့နေမယ်ဆိုရင် ပိုပြီးတော့ ရှေ့ကိုတိုးနိုင်မယ်။ ထိတွေ့မှုနည်းရင်တော့ မီးနဲ့ချိတ်လိုပဲ … ကျနော် စာအုပ်တအုပ်ထဲမှာ ရေးဖူးတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပဒိုဒေဗစ်ထော် ပြောတာကို မှတ်ထားဖူးတယ်။ အခု သူဆုံးသွားပါပြီ။ သူ ပြောတာက Trust ကို တည်ဆောက်ရမယ်။ Trust ရရင် ရှေ့ကို တော်တော်တိုးမယ်။ ပြီးနောက် စားပွဲပေါ်မှာ ဆွေးနွေးရမယ်။ အဲဒါဆို ရှေ့တိုးမယ် .. ဒါက ဒေဗစ်ထော် ပြောခဲ့တာ။ အဲဒီသူ့ဟာကို ကျနော်တို့ Learn လုပ်ပါတယ်။ အလားတူ နောက်တခု လွယ်လွယ်ပဲ ပြောပါတယ်။ ငြိမ်းချမ်းရေးက မိန်းကလေး နောက်ပိုးပိုးသလိုပဲ … နောက်ပိုးပိုးခါစက နေ့တိုင်းသွားနေမှ ဟန်ကျတယ်။ ခဏခဏတွေ့ မဟုတ်ဘူးလား။ အဲဒီလိုမလုပ်ရင် သူများက ပိုးသွားမှာ။ အဲဒီလိုတော့ Very simple ကျနော့်အမြင် ပြောဖူးပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဒါကတော့ ကွာခြားချက် တစ်ခု ရှိနေတယ်လို့ ပြောချင်တာလား။

ဦးစိုးသိန်း ။ ။ အနေဝေးတယ်ပေါ့။

ဦးသိန်းထိုက်ဦး ။ ။ အခု (၂၁) ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးမှာ တိုင်းရင်းသားခေါင်းဆောင်တချို့က အလွတ်သဘော ဆွေးနွေးမှုတွေ အခန်းကဏ္ဍ အရေးကြီးတယ်လို့ ထောက်ပြခဲ့တာတွေ ရှိပါတယ်။ အလွတ်သဘော ဆွေးနွေးမှုတွေက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှိပါသလား။

ဦးစိုးသိန်း ။ ။ အဲဒါ အဓိကကျတာ။ ပြီးခဲ့တဲ့ကာလက အလွတ်သဘောက ပိုများတယ်။ ပြီးရင် ဆွေးနွေးတဲ့ စားပွဲမှာ တန့်နေရင်၊ ခဏ Coffee break လုပ်ပြီးတော့ အလွတ်သဘော ညှိနှိုင်းတယ်။ အဲဒီလို အလွတ်သဘောညှိပြီးမှ ပြန်ဝင်ကြတယ်။ အလွတ်သဘော ပြောနိုင်လေ ကောင်းလေ။ နောက်တခုက ကျနော်တို့က ယခုထက်ထိ ငြိမ်းချမ်းရေးမှာ မပါတော့ပါဘူး။ ဖိတ်မှ ကျနော်က တက်တာ။ အခု အစိုးရလက်ထက်မှာ။ သို့သော် ယနေ့တိုင်း တိုင်းရင်းသားတွေ အိမ်တွေ၊ နယ်မြေတွေ သွားနေတုန်း။ အဲဒီလို ရင်းနှီးတာ။ ဟိုအလုပ်ကြတော့ ပြေရတာ သဘောပေါက်လွယ်တယ် တယောက်နဲ့တယောက်။ အဲဒါကတော့ ကျနော့်အတွေ့အကြုံပဲ။ ကျနော်က အခုထက်ထိတိုင်းအောင် … အဖွဲ့ နေပြည်တော်ရောက်ရင် သူက ကိုယ့်ကိုယ် ထမင်းကျွေးတယ်။ ကိုယ်က သူက ထမင်းကျွေးတယ်။ သူရှိတဲ့ အိပ်ဆောင်ကို ကျနော် သွားတယ်။ အခုထက်ထိ ညီအကိုလို ရင်းနှီးနေတာ။ ဟန်ဆောင်မဟုတ်ဘူး။ တာဝန်အရ ရင်းနှီးတာ မဟုတ်ဘူး။ အဲဒီလိုဆို ပိုပြီးတော့ တည်ဆောက်ရတာ နည်းနည်းရှေ့တိုးမယ်လို့ နည်းနည်းကွာဟတာ ကပ်သွားမယ်လို့ ကျနော် ထင်တယ်။

ဦးသိန်းထိုက်ဦး ။ ။ တချို့သုံးသပ်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစိုးရက လက်ရှိ တပ်မတော်အပေါ် သြဇာသက်ရောက်မှုကလည်း အရေးကြီးတယ်ပေါ့။ အစိုးရနဲ့ တပ်မတော်ကြား ချဉ်းကပ်ပုံတွေ လိုတယ်ဆိုပြီးတော့ ပြောတာမျိုးလည်း ရှိပါတယ်။ အဲဒီတော့ လက်ရှိအစိုးရနဲ့ အရင်အစိုးရတုန်းက တပ်မတော်နဲ့ ပိုပြီးတော့ နီးစပ်တယ်လို့ ပြောလို့ရလား။ လက်ရှိအစိုးရဲ့ တပ်မတော်ပေါ် သြဇာသက်ရောက်မှုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်မှာ သက်ရောက်မှု ရှိပါသလား။

ဦးစိုးသိန်း ။ ။ အရင်တုန်းကတော့ ဒီလိုဗျ .. ကျနော်တို့ကလည်း စစ်တိုက်လာတဲ့လူတွေဆိုတော့ Frenquency တူတယ် ပြောလာရင် ခံစားချက်ချင်းတူတော့ တပ်မတော် လက်ရှိအုပ်ချုပ်နေတဲ့လူနဲ့ တပ်မတော်ကထွက်လာတဲ့ ငြိမ်းချမ်းရေးလုပ်တဲ့ ကျနော်တို့နဲ့ Concept လေးက သိပ်မကွာဘူး။ အခုကြတော့ အရပ်သားဘက်နဲ့ လက်နက်ကိုင်ဆိုတော့ နည်းနည်းလေး ကွာဟနိုင်တဲ့အမြင်က။ သို့သော်လဲပဲ နည်းနည်းကွာဟရင် နှစ်ယောက်စားပွဲပေါ်မှာထိုင်ပြီး ဖလှယ်ရမယ်၊ ဆွေးနွေးရမယ် တသံတည်းထွက်မှာပေါ့။ နှစ်ယောက် ဝေးနေလည်း မရနိုင်ဘူး။ ကျနော်မြင်တာတော့ ဘာပဲလုပ်လုပ် Leader လုပ်တဲ့လူတွေကတော့ ခင်များရဲ့ ရန်သူလည်းရှိမယ်၊ သဘောထားမတည့်တဲ့လူတွေလည်း ရှိနိုင်တယ်။ ခင်များကို အမြင်စောင်းတဲ့လူလည်း ရှိနိုင်တယ်။ ထောက်ခံတဲ့လူလည်း ရှိနိုင်တယ်။ ဒါပေမဲ့ အားလုံးကို ခင်များက တသားတည်းထားပြီး ထိတွေ့နိုင်ရင် အောင်မြင်မှာပဲ။

ဦးသိန်းထိုက်ဦး ။ ။ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အားလုံးပါဝင်လက်မှတ်ရေးထိုးရေးမှာ အဓိက အဟန့်အတား ရှိနေတယ်လို့ ပြောရင် ဘယ်ဟာက အဟန့့်အတားလို့ ပြောမလဲ။

ဦးစိုးသိန်း ။ ။ အဲဒီ NCA လက်မှတ်ထိုးဖို့အတွက် မူကြမ်းကို ပြုစုတုန်းက အားလုံးပါတယ်။ ဒါပေမဲ့ တခုရှိတယ် .. Columbia တို့တွေဘာတွေ လုပ်နေတာက တဖွဲ့တည်း ရှိတယ်။ ကျုပ်တို့မှာ အဖွဲ့တွေက များတယ်။ အစဦးဆုံး ၂၀၁၁-၁၂ တုန်းက (၁၁) ဖွဲ့၊ (၁၂) ဖွဲ့ပဲ ရှိတယ်။ နောက် (၁၆) ဖြစ်လာတယ်။ အဖွဲ့လေးတွေက (၂၀) ကျော်တောင် ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ တော်တော်လေးတော့ ခက်တဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။

ဦးသိန်းထိုက်ဦး ။ ။ (၂၁) ရာစု ပင်လုံညီလာခံ တတိယအစည်းအဝေးအပြီးမှာကို မြောက်ပိုင်းဒေသမှာ တိုက်ပွဲ တစ်ဒါဇင်ကျော် ဖြစ်တယ်ဆိုပြီးတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ပြောထားတာ ရှိပါတယ်။ ဒီနေရာမှာ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက ဒီငြိမ်းချမ်းရေးဖြစ်စဉ်အတွင်းမှာ ဘယ်လောက်အရေးကြီးပါလဲ။

ဦးစိုးသိန်း ။ ။ သူလည်း တတ်နိုင်သလောက် ကူညီတယ်။ သူ့အခန်းကဏ္ဍလည်း အရေးတော့ကြီးတယ်။ ဒါပေမဲ့ Main တော့ မဟုတ်ဘူး။ အဓိကကျသူတွေက အစိုးရ၊ တပ်မတော်နဲ့ EAO .. ကိုယ့်ကိစ္စက အဓိကကျတာပေါ့။

ဦးသိန်းထိုက်ဦး ။ ။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒီနေ့ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သင်ခန်းစာ (၇) နှစ်အတွင်းမှာ သင်ခန်းစာ ယူစရာလို့ပြောရင် ဘယ်အချက်တွေက အဓိက သင်ခန်းစာလို့ ပြောမလဲ။

ဦးစိုးသိန်း ။ ။ နိုင်ငံခြားက ပညာရှင်တွေက တခါတလေ အားကိုးတယ်။ ခင်များ သိပါတယ် .. England, Irish က သူကို ခေါ်ခေါ်ပြီးတော့ Consult လုပ်ပေးမယ်လို့ မတူဘူး။ ကျနော်ကတော့ ဦးအောင်မင်း၊ ဦးလှမောင်ရွှေတို့ ကိုအောင်နိုင်တို့ အဖွဲ့တွေရဲ့ လုပ်မှုကို ပိုယုံကြည်တယ်။ နိုင်ငံခြားသားထက်စာရင်။ သူတို့ ပိုနားလည်တယ်။ တချို့က Federalism က လက်ရှိ ဖွဲ့စည်းပုံမှာလည်း အပိုင်းအစတချို့ ပါပြီသား။ ဒါကို Implement ရနိုင်သလောက် လုပ်လိုက်ရင် သူတို့နဲ့ Trust ပိုရမယ်။ ဥပမာ ပြည်နယ်က အစိုးရတွေကို သူတို့နိုင်တဲ့လူတွေကို လွတ်လွတ်လပ်လပ် အစိုးရတွေ ဖွဲ့ခွင့်ပေးရင် သူတို့လည်း နည်းနည်းယုံကြည်လာမယ်။ ငါတို့ ပြည်နယ်ကို ငါတို့ အုပ်ချုပ်ရပါလား။ သမ္မတက ခန့်တာ မဟုတ်ပါလားဆိုတဲ့ Concept တချက် ရသွားမယ်။ ပြည်နယ်လွှတ်တော်တွေကို လွတ်လွတ်လပ်လပ် မလုပ်တတ်ဘူးလို့ ထင်ပေမယ့်လို့ လွတ်လွတ်လပ်လပ်ကို လုပ်ခိုင်းကြည့်လိုက် ကျနော်တို့ ၁၉၄၈ ခုနှစ်တုန်းက လွတ်လပ်ရေး ရတုန်းကလည်း အင်္ဂလိပ်က ကျနော်တို့ကို အဲဒီလိုပဲ ထင်တယ်။ ဗမာ မလုပ်တတ်ဘူး ဒီကောင်။ လုပ်ကြည့်လိုက်ပါ။ အဲဒီလို ပြည်နယ်တွေကို အစိုးရက လွတ်လပ်ခွင့် .. အခုန သူတို့ရဲ့ လွှတ်တော်တွေ လွတ်လပ်ခွင့် ဥပဒေတွေ .. သူတို့မှာလည်း ပညာတတ်တွေ ရှိတယ်။ နိုင်ငံခြားမှာ သူတို့ တိုင်းရင်းသားပညာတတ်တွေ။ အဲဒီလို လွတ်လပ်ခွင့် ပေးပြီးတော့ ဗဟိုက ဘတ်ဂျက်ကတော့ စီမံခန့်ခွဲရမှာပေါ့ … အဲဒီလိုလေး လုပ်ပေးလိုက်ရင်တော့ သူတို့ နည်းနည်း အဲဒီ Trust ရသွားရင်၊ ငြိမ်းချမ်းရေးအရသာကို သူတို့ နည်းနည်းတွေ့သွားမယ်။ အခု အဲဒီ Trust ကလည်း မရတော့ Drawback ဖြစ်နေတာပေါ့။

ဦးသိန်းထိုက်ဦး ။ ။ တိုင်းရင်းသားတွေကို သူတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ယုံကြည်ခွင့်အတွက် လုပ်ပိုင်ခွင့်တွေပေးဖို့ပေါ့။

ဦးစိုးသိန်း ။ ။ တခါတည်း မပေးနိုင်တောင် Piece by piece ပေးသွားရင် သူတို့က မြင်နေမယ် … ငါတို့ဒေသကို ငါတို့လုပ်မှဖြစ်မယ်။ ငါတို့ဒေသကို ငါတို့ အကျိုးရှိအောင် လုပ်ရမယ်။ ပြည်ထောင်စုအစိုးရသည် ငါတို့ကို ကူညီနေတဲ့လူတွေ ဖြစ်တယ်။ အဲဒီ Concept တော့ ခင်များ လိုတယ်။ ငြိမ်းချမ်းရေးက ဆွဲဆန့်လိုရတယ်။ ဆွဲ့ဆန်နိုင်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ (၇) နှစ်တာ ကြိုးစားခဲ့တဲ့ ဒီကာလအတွင်းမှာ အောင်မြင်မှုတွေ ရနေပြီဆိုပြီးတော့လဲ လက်ရှိအစိုးရ ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူမှာ ပြောသွားတဲ့ မိန့်ခွန်းမှာလည်း ပြောသွားပါတယ်။ အဲဒီတော့ တကယ်ပဲ အောင်မြင်မှု ရတယ်လို့ ယုံကြည်သလား။ ကျေနပ်အားရ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ တယောက်အနေနဲ့ ဒီဖြစ်စဉ်ကြီးပေါ်မှာ ကျေနပ်အားရမှု ရှိပါရဲ့လား။

ဦးစိုးသိန်း ။ ။ ကျနော်သဘောကတော့ မထိတွေ့တာနဲ့စာရင် ထိတွေ့နေတာတော့ ကောင်းတယ်။ ပင်လုံပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် တွေ့ဆုံနေပြီးတော့ ဒီအဖွဲ့အစည်းတွေ Institution တွေ တည်ဆောက်ပြီးတော့ ကြိုးပမ်းနေတာတွေ ကောင်းတယ်။ သို့သော်လဲ သိပ်ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း အများကြီး … လောကမှာ အခက်အခဲရှိတာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းကိစ္စ။ အဲဒါ လိုတာထက် ကြီးသွားလို့ မရဘူး။ အဲဒါ ပုံမှန်လေး စဉ်းစားသုံးသပ်ဖို့ လိုတယ်။ တခါတလေကျရင် ကိုယ့်ကိုယ်ကို ပို၍ criticize လုပ်နိုင်ရင် ပိုတိုးတက်ဖို့ နီးစပ်တယ်။ ကိုယ့်ကိုယ်ကို criticize လုပ်တာနည်းရင် ခင်များ ပျက်စီးဖို့ နီးစပ်တယ်။ ဒါက မြန်မာ့သမိုင်းကိုကြည့်ရင် တွေ့လိမ့်မယ်။ မြန်မာ့သမိုင်းမှာ အဲဒီလိုနဲ့ ဒုက္ခဖြစ်သွားတဲ့လူတွေ တပုံကြီး။ ကိုယ့်ကိုယ်ကို criticize လုပ်ဖို့ လိုတယ်။ ပထမအဆင့်က သူများကို criticize လုပ်တာထက် Criticism မှာ Self-criticism က ပိုအရေးကြီးတယ်။ After that organizational criticism လုပ်ရမယ်။ Government ကို criticize လုပ်ရမယ်။ အဲဒီလို criticize လုပ်တာကို Happy ဖြစ်ရမယ်။ ကျနော်တို့ကို ပြောနေကြပါတယ် .. အခုနလဲ ခင်များကို ပြောတယ် .. ကျနော်တို့ ငြိမ်းချမ်းရေးလုပ်တာ ဘာမှမတတ်ပါဘူး။ ဒါပေမဲ့ သူများကို အားကိုးပြီး criticizeလုပ်ရင်လဲ လက်ခံတယ်။ လက်ခံရမယ်။ ကျနော်တို့ ပြောတဲ့စကား ခါးတဲ့စကားကို နားထောင်တတ်ရမယ်။ အဲဒါ နိုင်ငံရေးသမားပဲ။ ချိုတာကြီးပဲ နားထောင်ရင် Power will spoil you .. Absolute power ကို သိတယ်မဟုတ်လား။

ဦးသိန်းထိုက်ဦး ။ ။ ဒီလို အချိန်ပေးတာကို ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG