သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပလက္ဝ ေဒသခံတခ်ဳိ႕ ေနရပ္ျပန္ခြင့္ရေပမယ့္ ျပန္ထူေထာင္ေရးအခက္ေတြ႔ေနဆဲ


ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္းက ေနရပ္ျပန္ႏိုင္ၿပီျဖစ္တဲ့ေက်းရြာမ်ား။ (MIMU/ေမ ၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ္ေရးတင္းမာေနတဲ့ကာလအတြင္း ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ေပၚစစ္ေဘးတိမ္းေရွာင္ေနၾကတဲ့ စစ္ေရွာင္ ေက်းရြာသားတခ်ိဳ႕ဟာ တိုက္ပြဲေတြျငိမ္သက္လာတာေၾကာင့္ စစ္ေကာင္စီရဲ႕ခြင့္ျပဳခ်က္နဲ႔ ေနရပ္ျပန္ၾကေၾကာင္း ဒုကၡသည္စခန္း ေကာ္မီတီဝင္ေတြကေျပာပါတယ္။ ဒါေပမယ့္ ေနရပ္ျပန္ေရာက္တ့ဲ စစ္ေရွာင္ရြာသားေတြ ျပန္လည္ထူေထာင္ေရးမွာ အခက္ေတြ႔ေနရတဲ့အေျခအေနေတြအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ ျမန္မာစစ္တပ္တို႔ၾကားတိုက္ပြဲေၾကာင့္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕ေပၚကို တိမ္းေရွာင္လာၾကတဲ့ စစ္ေဘးေရွာင္တခ်ိဳ႕ဟာ တိုက္ပြဲရပ္တန္႔ေန တာေၾကာင့္ ေနရပ္ျပန္ေနၾကေၾကာင္း ပလက္ဝၿမိဳ႕နယ္ တိုက္ပြဲေရွာင္နဲ႔ သဘာဝေဘးကူညီေရးအဖြဲ႔ဝင္တဦးကေျပာပါတယ္။

“အခု က်ေနာ္တို႔ ပလက္ဝနယ္ေျမအရေတာ့ လုံျခံဳမွဳရွိပါတယ္။ အိမ္ျပန္ခ်င္ပါတယ္။ အစိုးရအစီအစဥ္ေပါ့။ ၿမိဳ႕နယ္-အစိုးရအစီစဥ္နဲ႔ ျပန္ခိုင္းတာေပါ့။ စစ္ေရွာင္ေတြကေတာ့ ေနရပ္ျပန္တာက အိမ္ေထာင္စုက (၁၆၂) ေပါ့။ လူဦးေရက (၈၀၀) ေက်ာ္ေက်ာ္ေလာက္။ ရီးမဝ၊ တုံးမဝ၊ တန္းဆိပ္၊ ေအာက္မီးလက္ဝ အဲဒီ (၄) ရြာေပါ့။ မႏွစ္ကျပန္ခဲ့တာ (၉) ရြာဆိုေတာ့ (၂,၅၀၀) ေက်ာ္ ဟုတ္တယ္။ မျပန္တဲ့အထဲမွာ အိမ္ေထာင္စုက (၈၀၀) ပတ္ဝန္းက်င္ေတာ့က်န္ခဲ့မယ္။ လူ (၂,၀၀၀) ပတ္ဝန္း က်င္ေပါ့။ အဲဒီေလာက္ေတာ့က်န္မယ္။”

ဒီ စစ္ေဘးေရွာင္ေတြေနရပ္ျပန္နိုင္ေရးအတြက္ စစ္ေကာင္စီကေန စီစဥ္ေဆာင္ရြက္ေပးေနတယ္ လို႔ ၿမိဳ႕နယ္စစ္ေဘးေရွာင္ ကူညီေရးအဖြဲ႔တာဝန္ရွိသူတဦးက ဆိုပါတယ္။

ပလက္ဝၿမိဳ႕ေပၚစခန္းရွိ တိမ္းေရွာင္ေနၾကတဲ့ စိမ္းစင္း၊ ငပြီ၊ ဆီးဖေလာင္း၊ ေဘာင္ဝ၊ ေအာက္သဲမဝ၊ ေအာက္မီးလက္ဝ၊ တန္းဆိပ္၊ တုံးမဝ၊ ရီးမဝ စတဲ့ေက်းရြာက ရြာသားေတြဟာဒီႏွစ္ ေမလနဲ႔ ၂၀၂၁ ခုႏွစ္-ေအာက္တိုဘာလအတြင္း ေနရပ္ျပန္သူ ၂၅,၀၀၀ ေက်ာ္ ရွိေနၿပီးျဖစ္ပါတယ္။

ေနရပ္ျပန္သူေတြအေနနဲ႔ ဒီႏွစ္မွာ ေတာင္ယာလုပ္ကိုင္ဖို႔ အခက္ခဲရွိမယ္လို႔ ပလက္ဝၿမိဳ႕နယ္ တိုက္ ပြဲေရွာင္နဲ႔ သဘာဝေဘးကူညီေရးအဖြဲ႔ဝင္တဦးက ေျပာပါတယ္။

“ေလာေလာဆယ္ကေတာ့ သူတို႔ ေတာင္ယာလုပ္ဖို႔ေတာ့ ဒီႏွစ္က်ေတာ့အခက္ခဲရွိမွာေပါ့။ ဒီႏွစ္က်ေတာ့ အခက္ခဲရွိနိုင္တယ္။”

ဒီစစ္ေဘးေရွာင္ေတြဟာ ၂၀၁၅ ခုႏွစ္-၂၀၂၀ ခုႏွစ္ၾကား ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ နဲ႔ ျမန္မာစစ္တပ္တို႔ၾကား ႏွစ္ဖက္တိုက္ပြဲေတြေၾကာင့္ တိမ္းေရွာင္ထြက္ေျပးေနရသူေတြျဖစ္ၾကပါတယ္။ ၂၀၂၁ ခုႏွစ္ေတြမွာ ႏွစ္ဖက္တိုက္ပြဲ ရပ္တန္႔ေနတဲ့ အေျခအနေၾကာင့္ ေနရပ္ျပန္ၾကတာျဖစ္ပါတယ္။

တိုက္ပြဲေၾကာင့္ ႏွစ္ႏွစ္ေက်ာ္အၾကာ ရြာကေနတိမ္းေရွာင္ေနတဲ့ ေနရပ္ျပန္ စိမ္းစင္း ေက်းရြာသားတဦးကေတာ့ ျပန္လည္ထူေထာင္ေရးမွာ အခက္ေတြ႔ေနတယ္လို႔ ေျပာပါတယ္။

“တခ်ိဳ႕ျပန္တဲ့သူေတြက ပလက္ဝအေနာက္က လူေတြေလ။ မီးလက္ဝလူေတြရွိတယ္။ စိမ္းစင္းတို႔ရွိတယ္။ တခ်ိဳ႕ျပန္ ၾကတဲ့သူေတြရွိတယ္။ ရြာျပန္တဲ့အခါကေတာ့ အိမ္ျပင္လိုက္ရတယ္။ ေနာက္ၿပီး စားေရးေသာက္ေရး စားဝတ္ေနေရး မေျပလည္ၾကဘူး။ လုပ္ကိုင္ဖို႔ကလည္း ႏြားလည္း မရွိ။ သူတို႔မွာ ႏြားေတြလည္း ကုန္ၿပီ။ ႏြားေတြ ဝက္ေတြ၊ ၾကက္တို႔ဘာတို႔ ေနာက္ေတာ့ သူတို႔အမ်ိဳးသားေတြ အလုပ္မရွိေတာ့ဘူး။ စားဝတ္ေနေရးကေတာ့ ခက္ခဲတာေပါ့။”

ပလက္ဝၿမိဳ႕နယ္က စစ္ေရွာင္တခ်ိဳ႕ ေနရပ္ျပန္ၾကေပမယ့္ ပလက္ဝၿမိဳ႕နဲ႔ ဆမီးၿမိဳ႕ေတြမွာ စစ္ေရွာင္ေထာင္ခ်ီ က်န္ရွိေနပါေသးတယ္။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ စစ္ေရးပဋိပကၡအတြင္းမွာ ရခိုင္ျပည္နယ္နဲ႕ဆက္စပ္ေနတဲ့ ပလက္ဝၿမိဳ႕နယ္မွာ စစ္ေရးတင္းမာမွဳေတြရွိေနခဲ့ပါတယ္။ အထူးသျဖင့္ AA တပ္ဖြဲ႔ေတြလွဳပ္ရွားေနတဲ့ေနရာေတြမွာ စစ္တပ္ဘက္က စစ္ဆင္ေရးလုပ္ေဆာင္ရင္း အရပ္သားေတြအေပၚ ပစ္မွတ္ထားတိုက္ခိုက္ခဲ့မွဳေတြရွိေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ မတ္လေလာက္မွာ ပလက္ဝၿမိဳ႕နယ္္ ၿပိန္တိန္နဲ႔ မိတ္စာဝေက်းရြာမွာ ျမန္မာစစ္တပ္ကေန ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္ခဲ့လို႕ စာသင္ေက်ာင္းမီးေလာင္ခဲ့သလို အရပ္သားေတြ ေသေၾကထိခိုက္ မွဳရွိခဲ့ပါတယ္။

ပလက္ဝၿမိဳ႕နယ္၊ ေက်းရြာ ၃ ခုမွာ ေလေၾကာင္းတုိက္ခိုက္မႈအတြင္း ခ်င္းတုိင္းရင္းသား ၁၁ ဦး ေသဆုံးမႈနဲ႔ပတ္သက္ျပီး ခူမီးခ်င္းမ်ဳိးႏြယ္စုမ်ားေရးရာေပါင္းစပ္ညွိႏႈိင္းေရးေကာင္စီက ကန္႔ကြက္ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္တရပ္ ထုတ္ျပန္ထားပါတယ္။

အခုလို ႏွစ္ဖက္တိုက္ပြဲအတြင္း ေဒသခံရြာသားေတြအေပၚပစ္မွတ္ထားတိုက္ခိုက္လာတာေၾကာင့္ ရြာသာဒအမ်ားအျပား ပလက္ဝၿမိဳ႕ေပၚ စစ္ေဘးတိမ္းေရွာင္ေနၾကရပါတယ္။

ဒီစစ္ေဘးေရွာင္သူေတြကို ကမၻာ့စားနပ္ရိကၡာအဖြဲ႔ WFP ကေန လိုအပ္တဲ့ ဆန္၊ဆီ၊ဆား၊ ပဲ၊ အဟာရမုန္႔ေတြကို လစဥ္ ပုံမွန္ ေထာက္ပံ့ေပးေနတယ္လို႔ ကူညီေရးအဖြဲ႔ တာဝန္ရွိသူေတြကေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္မွာ တိုက္ပြဲျငိမ္သက္ေနေပမယ့္ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္ဘက္မွာေတာ့ တိုက္ပြဲျဖစ္ပြါးေနပါတယ္။

ေမလ (၈) ရက္ေန႔မွာ မင္းတပ္ၿမိဳ႕နယ္ မိုင္တိုင္ (၂၇-၂၈) မွာ စစ္ေကာင္စီစစ္ယာဥ္တန္းနဲ႔ စစ္သည္တခ်ိဳ႕ မိုင္းနင္းမိလို႔ ေသဆုံးမွဳရွိသလို ေမလ (၇) ရက္ေန႔မွာ မိုင္တိုင္ (၃၂) ေနရာမွာ မင္းတပ္ CDF အဖြဲ႔နဲ႔ စစ္ေကာင္စီတပ္တို႔ ပစ္ခတ္ တိုက္ခိုက္မွဳျဖစ္ပြါးခဲ့ေၾကာင္း CDF-MINDAT (သတင္းႏွင့္ျပန္ၾကားေရးဌာန) က ထုတ္ျပန္ထားပါတယ္။

ေမလ(၇) ရက္ေန႔ မနက္ပိုင္းမွာ စစ္ေကာင္စီယာဥ္တန္းကို CDF - Mindat က တိုက္ခိုက္ခဲ့ၿပီး မင္းတပ္ - မတူပီလမ္း မိုင္တိုင္မိုင္ (၄၀) က်းရြာက ေနအိမ္တခ်ိဳ႕ကို စစ္ေကာင္စီတပ္ဖြဲ႔ေတြက မီးရွို႔ဖ်က္စီးခဲ့တယ္လို႔ CDF - Mindat ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]


ပလက်ဝ ဒေသခံတချို့ နေရပ်ပြန်ခွင့်ရပေမယ့် ပြန်ထူထောင်ရေးအခက်တွေ့နေဆဲ

စစ်ရေးတင်းမာနေတဲ့ကာလအတွင်း ချင်းပြည်နယ် ပလက်ဝမြို့ပေါ်စစ်ဘေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင် ကျေးရွာသားတချို့ဟာ တိုက်ပွဲတွေငြိမ်သက်လာတာကြောင့် စစ်ကောင်စီရဲ့ခွင့်ပြုချက်နဲ့ နေရပ်ပြန်ကြကြောင်း ဒုက္ခသည်စခန်း ကော်မီတီဝင်တွေကပြောပါတယ်။ ဒါပေမယ့် နေရပ်ပြန်ရောက်တဲ့ စစ်ရှောင်ရွာသားတွေ ပြန်လည်ထူထောင်ရေးမှာ အခက်တွေ့နေရတဲ့အခြေအနေတွေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ကြားတိုက်ပွဲကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ကို တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တချို့ဟာ တိုက်ပွဲရပ်တန့်နေ တာကြောင့် နေရပ်ပြန်နေကြကြောင်း ပလက်ဝမြို့နယ် တိုက်ပွဲရှောင်နဲ့ သဘာဝဘေးကူညီရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

“အခု ကျနော်တို့ ပလက်ဝနယ်မြေအရတော့ လုံခြုံမှုရှိပါတယ်။ အိမ်ပြန်ချင်ပါတယ်။ အစိုးရအစီအစဉ်ပေါ့။ မြို့နယ်-အစိုးရအစီစဉ်နဲ့ ပြန်ခိုင်းတာပေါ့။ စစ်ရှောင်တွေကတော့ နေရပ်ပြန်တာက အိမ်ထောင်စုက (၁၆၂) ပေါ့။ လူဦးရေက (၈၀၀) ကျော်ကျော်လောက်။ ရီးမဝ၊ တုံးမဝ၊ တန်းဆိပ်၊ အောက်မီးလက်ဝ အဲဒီ (၄) ရွာပေါ့။ မနှစ်ကပြန်ခဲ့တာ (၉) ရွာဆိုတော့ (၂,၅၀၀) ကျော် ဟုတ်တယ်။ မပြန်တဲ့အထဲမှာ အိမ်ထောင်စုက (၈၀၀) ပတ်ဝန်းကျင်တော့ကျန်ခဲ့မယ်။ လူ (၂,၀၀၀) ပတ်ဝန်း ကျင်ပေါ့။ အဲဒီလောက်တော့ကျန်မယ်။”

ဒီ စစ်ဘေးရှောင်တွေနေရပ်ပြန်နိုင်ရေးအတွက် စစ်ကောင်စီကနေ စီစဉ်ဆောင်ရွက်ပေးနေတယ် လို့ မြို့နယ်စစ်ဘေးရှောင် ကူညီရေးအဖွဲ့တာဝန်ရှိသူတဦးက ဆိုပါတယ်။

ပလက်ဝမြို့ပေါ်စခန်းရှိ တိမ်းရှောင်နေကြတဲ့ စိမ်းစင်း၊ ငပွီ၊ ဆီးဖလောင်း၊ ဘောင်ဝ၊ အောက်သဲမဝ၊ အောက်မီးလက်ဝ၊ တန်းဆိပ်၊ တုံးမဝ၊ ရီးမဝ စတဲ့ကျေးရွာက ရွာသားတွေဟာဒီနှစ် မေလနဲ့ ၂၀၂၁ ခုနှစ်-အောက်တိုဘာလအတွင်း နေရပ်ပြန်သူ ၂၅,၀၀၀ ကျော် ရှိနေပြီးဖြစ်ပါတယ်။

နေရပ်ပြန်သူတွေအနေနဲ့ ဒီနှစ်မှာ တောင်ယာလုပ်ကိုင်ဖို့ အခက်ခဲရှိမယ်လို့ ပလက်ဝမြို့နယ် တိုက် ပွဲရှောင်နဲ့ သဘာဝဘေးကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“လောလောဆယ်ကတော့ သူတို့ တောင်ယာလုပ်ဖို့တော့ ဒီနှစ်ကျတော့အခက်ခဲရှိမှာပေါ့။ ဒီနှစ်ကျတော့ အခက်ခဲရှိနိုင်တယ်။”

ဒီစစ်ဘေးရှောင်တွေဟာ ၂၀၁၅ ခုနှစ်-၂၀၂၀ ခုနှစ်ကြား ရခိုင်လက်နက်ကိုင် AA အဖွဲ့ နဲ့ မြန်မာစစ်တပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် တိမ်းရှောင်ထွက်ပြေးနေရသူတွေဖြစ်ကြပါတယ်။ ၂၀၂၁ ခုနှစ်တွေမှာ နှစ်ဖက်တိုက်ပွဲ ရပ်တန့်နေတဲ့ အခြေအနကြောင့် နေရပ်ပြန်ကြတာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် နှစ်နှစ်ကျော်အကြာ ရွာကနေတိမ်းရှောင်နေတဲ့ နေရပ်ပြန် စိမ်းစင်း ကျေးရွာသားတဦးကတော့ ပြန်လည်ထူထောင်ရေးမှာ အခက်တွေ့နေတယ်လို့ ပြောပါတယ်။

“တချို့ပြန်တဲ့သူတွေက ပလက်ဝအနောက်က လူတွေလေ။ မီးလက်ဝလူတွေရှိတယ်။ စိမ်းစင်းတို့ရှိတယ်။ တချို့ပြန် ကြတဲ့သူတွေရှိတယ်။ ရွာပြန်တဲ့အခါကတော့ အိမ်ပြင်လိုက်ရတယ်။ နောက်ပြီး စားရေးသောက်ရေး စားဝတ်နေရေး မပြေလည်ကြဘူး။ လုပ်ကိုင်ဖို့ကလည်း နွားလည်း မရှိ။ သူတို့မှာ နွားတွေလည်း ကုန်ပြီ။ နွားတွေ ဝက်တွေ၊ ကြက်တို့ဘာတို့ နောက်တော့ သူတို့အမျိုးသားတွေ အလုပ်မရှိတော့ဘူး။ စားဝတ်နေရေးကတော့ ခက်ခဲတာပေါ့။”

ပလက်ဝမြို့နယ်က စစ်ရှောင်တချို့ နေရပ်ပြန်ကြပေမယ့် ပလက်ဝမြို့နဲ့ ဆမီးမြို့တွေမှာ စစ်ရှောင်ထောင်ချီ ကျန်ရှိနေပါသေးတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးပဋိပက္ခအတွင်းမှာ ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ပလက်ဝမြို့နယ်မှာ စစ်ရေးတင်းမာမှုတွေရှိနေခဲ့ပါတယ်။ အထူးသဖြင့် AA တပ်ဖွဲ့တွေလှုပ်ရှားနေတဲ့နေရာတွေမှာ စစ်တပ်ဘက်က စစ်ဆင်ရေးလုပ်ဆောင်ရင်း အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုတွေရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လလောက်မှာ ပလက်ဝမြို့နယ် ပြိန်တိန်နဲ့ မိတ်စာဝကျေးရွာမှာ မြန်မာစစ်တပ်ကနေ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းမီးလောင်ခဲ့သလို အရပ်သားတွေ သေကြေထိခိုက် မှုရှိခဲ့ပါတယ်။

ပလက်ဝမြို့နယ်၊ ကျေးရွာ ၃ ခုမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ချင်းတိုင်းရင်းသား ၁၁ ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်တရပ် ထုတ်ပြန်ထားပါတယ်။

အခုလို နှစ်ဖက်တိုက်ပွဲအတွင်း ဒေသခံရွာသားတွေအပေါ်ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် ရွာသာဒအများအပြား ပလက်ဝမြို့ပေါ် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

ဒီစစ်ဘေးရှောင်သူတွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကနေ လိုအပ်တဲ့ ဆန်၊ဆီ၊ဆား၊ ပဲ၊ အဟာရမုန့်တွေကို လစဉ် ပုံမှန် ထောက်ပံ့ပေးနေတယ်လို့ ကူညီရေးအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

ပလက်ဝမြို့နယ်မှာ တိုက်ပွဲငြိမ်သက်နေပေမယ့် ချင်းပြည်နယ် မင်းတပ်မြို့နယ်ဘက်မှာတော့ တိုက်ပွဲဖြစ်ပွါးနေပါတယ်။

မေလ (၈) ရက်နေ့မှာ မင်းတပ်မြို့နယ် မိုင်တိုင် (၂၇-၂၈) မှာ စစ်ကောင်စီစစ်ယာဉ်တန်းနဲ့ စစ်သည်တချို့ မိုင်းနင်းမိလို့ သေဆုံးမှုရှိသလို မေလ (၇) ရက်နေ့မှာ မိုင်တိုင် (၃၂) နေရာမှာ မင်းတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွါးခဲ့ကြောင်း CDF-MINDAT (သတင်းနှင့်ပြန်ကြားရေးဌာန) က ထုတ်ပြန်ထားပါတယ်။

မေလ(၇) ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို CDF - Mindat က တိုက်ခိုက်ခဲ့ပြီး မင်းတပ် - မတူပီလမ်း မိုင်တိုင်မိုင် (၄၀) ကျးရွာက နေအိမ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်စီးခဲ့တယ်လို့ CDF - Mindat ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

==============

XS
SM
MD
LG