သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူးတွဲစစ်လေ့ကျင့်မယ့် ကန်စစ်သားတွေ ထိုင်းလက်ဝှေ့သင်တန်းတက် 


Cobra Gold စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်းမွေထိုင်းလက်ဝှေ့ချန်ပီယံ Sombat Banchamek ဆီက သင်ယူနေတဲ့ အမေရိကန်စစ်သားများ
Cobra Gold စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်းမွေထိုင်းလက်ဝှေ့ချန်ပီယံ Sombat Banchamek ဆီက သင်ယူနေတဲ့ အမေရိကန်စစ်သားများ

နှစ်စဉ် ထိုင်းနိုင်ငံမှာပြုလုပ်နေကျ Cobra Gold လို့အမည်ပေးထားတဲ့ "ရွှေမြွေဟောက်" နိုင်ငံစုံ ပူးတွဲစစ်ရေးလေ့ကျင့်ပွဲမှာ ပါဝင်ကြတဲ့ အမေရိကန်စစ်သားတွေကို ထိုင်းရိုးရာနာမည်ကြီးလက်ဝှေ့သမားက မွေထိုင်းလက်ဝှေ့သင်တန်းပေးနေပါတယ်။

ထိုင်းနိုင်ငံ Lopburi ဒေသမှာ Buakaw လို့နာမည်ကြီးတဲ့ ထိုင်း မွေထိုင်းလက်ဝှေ့ကျော် Sombat Banchamek က သင်တန်းပေးတာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၃ဝ က စစ်သားတွေပါဝင်ကြတဲ့ အဲဒီ ၄၂ နှစ်မြောက် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်ပွဲမှာ မွေထိုင်းလေ့ကျင်ရေးဟာလည်း အစီအစဉ်တခုအနေနဲ့ ပါဝင်ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်ပွဲရဲ့ နောက်ဆုံးပိုင်းမှာ အမေရိကန်နဲ့ ထိုင်းစစ်သားတွေရဲ့ကြံ့ခိုင်မှုတွေကို အဲဒီ မွေထိုင်းလက်ဝှေ့ကျော် Buakaw က စမ်းသပ်ခဲ့ပါတယ်။

အမေရိကန်စစ်သားတဦးဖြစ်တဲ့ Adam Castle ကလည်း “ဒီလို လက်ဝှေ့ပညာတွေဟာ ကျနော်တို့ စစ်သားဘဝတွေနဲ့ အလွန်ကို ဆက်စပ်ပတ်သက်ပါတယ်”လို့ ပြောပါတယ်။ အဲဒီ Cobra Gold အမည်ရှိတဲ့ စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံမှာ နှစ်စဉ် ပြုလုပ်လေ့ရှိပြီး ဒီနှစ်မှာတော့ နိုင်ငံပေါင်း ၃ဝ ကျော်က စစ်သားပေါင်း ၇,၄၀၀ နီးပါး ပါဝင်ကြပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ ဒီလ မတ်လ ၁၀ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}





ဆက်စပ်သတင်းများ ...

XS
SM
MD
LG