သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

NLD နာယကႀကီး ဦးတင္ဦး ကိုဗစ္‌ေၾကာင့္ ေဆး႐ုံတက္ေနရေပမယ့္ သက္သာလာ 


Myanmar Armed Forces

[[Zawgyi/Unicode]]

အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ NLD ပူးတြဲထူေထာင္သူ နာယကႀကီး ဦးတင္ဦး ကိုဗစ္နဲ႔ ရန္ကုန္ေဆးရံုႀကီးေရာက္ေနေပမယ့္ သက္သာလာၿပီလို႔ ဇနီးျဖစ္သူကေျပာပါတယ္။

အသက္ ၉၄ ႏွစ္အရြယ္ ေလျဖတ္ထားတဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္း ဦးတင္ဦး မေန႔က အဖ်ားရွိခဲ့ေပမယ့္ ကိုဗစ္ပိုးစစ္ရလဒ္က ဒီေန႔မွ ထြက္လာတာပါ။ အခု ဂ်ပန္ေဆးရံုလို႔ လူသိမ်ားတဲ့ ရန္ကုန္အေထြေထြေရာဂါကုေဆးရံုႀကီးကို ေရာက္ေနတယ္လို႔ ဇနီးျဖစ္သူ ေဒါက္တာ ေဒၚတင္မိုးေဝက ဆိုပါတယ္။

“အခုဟာကေတာ့ ေနေကာင္းေနၿပီးေတာ့ ဘာျဖစ္လို႔လဲမသိပါဘူး။ သူတို႔လာစစ္ေတာ့ သန္႔ဇင္ဦး (သားျဖစ္သူ) ရဲ႕သူငယ္ခ်င္း ပေရာ္ဖက္ဆာတေယာက္က လာစစ္တယ္ေလ။ အဲဒီေတာ့ positive တဲ့။ အဲဒါနဲ႔ တပ္ကလည္းပဲ အဆင့္သင့္လုပ္ထားတယ္တဲ့၊ သူတို႔ဆီမွာတက္ဖို႔ကို။ ဗိုလ္ခ်ဳပ္ (မႉးႀကီး) မင္းေအာင္လိႈင္ကမွာခဲ့လို႔ေလ။ ဒါေပမယ့္ ဒီက RGH ကလည္းပဲ သူတို႔လုပ္ေပးမယ္ဆိုေတာ့ စဥ္းစားၿပီးေတာ့ RGH က လက္ဦးတခါ၊ သံုးႏွစ္ေလာက္၊ ေလးႏွစ္ေလာက္က တက္ဖူးတယ္မို႔လား။ အဲဒါ ေဒၚႏြယ္ႏြယ္တို႔၊ ဘာတို႔ ေျပာလို႔ သူတို႔အဆင္သင့္လုပ္ထားၿပီဆိုတာနဲ႔ RGH ကိုေရာက္လာတာ။ တပ္ကို ျပန္အေၾကာင္းၾကားရတာေပါ့-ဒီမွာ အဆင္သင့္ျဖစ္သြားလို႔..လို႔၊ ဒီမွာပဲ တက္ေတာ့မယ္...လို႔။”

ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးတင္ဦးဟာ မေန႔က အဖ်ား ၁၀၀ ေက်ာ္ေလာက္ေတာ့ရွိခဲ့ေပမဲ့ ဒီေန႔အဖ်ားမရွိေတာ့ဘဲ ေသြးေပါင္နဲနဲက်တာေတာ့ရွိတယ္၊ တျခား ေခ်ာင္းဆိုး ႏွာေစး လကၡဏာေတြလည္းမရွိဘဲ အေျခအေနထိန္းထားႏိုင္ပါတယ္လို႔ အနီးကပ္ျပဳစုေနတဲ့ ေဒါက္တာတင္မိုးေဝက ဆက္ေျပာပါတယ္။ ဇနီးသည္ ေဒါက္တာ ေဒၚတင္မိုးေဝအေနနဲ႔ေတာ့ ကိုဗစ္လကၡဏာ သိသိသာသာ မေပၚေသးေပမယ့္ ကသိကေအာက္ျဖစ္သလို ခံစားေနရတယ္လို႔ ေျပာပါတယ္။

ဦးတင္ဦးအေနနဲ႔ အသက္ႀကီးတာအျပင္ ကိုဗစ္ကာကြယ္ေဆးလည္း မထိုးရေသးတာမို႔ ျဖစ္တာသိသိခ်င္း စိုးရိမ္ခဲ့ေပမယ့္ အခုေတာ့ အေျခအေနက တည္ၿငိမ္ေနပါတယ္လို႔ အနီးကပ္ျပဳစုေပးေနတဲ့ ကိုယ္ေရးအရာရွိ ကိုျမင့္ဦးက ဆိုပါတယ္။

အရင္ကာကြယ္ေရးဦစီးခ်ဳပ္ေဟာင္းျဖစ္ခဲ့တဲ့ နာယကႀကီး ဦးတင္ဦးကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလဆန္းတုန္းက လက္ရွိကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က ေနအိမ္မွာ လာေတြ႔ဆံုခဲ့ရာမွာ တိုင္းျပည္ၿငိမ္းခ်မ္းေစလိုေၾကာင္း မွာခဲ့ပါေသးတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

===========
[[Unicode]]

NLD နာယကကြီး ဦးတင်ဦး ကိုဗစ်‌ကြောင့် ဆေးရုံတက်နေရပေမဲ့ သက်သာလာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပူးတွဲထူထောင်သူ နာယကကြီး ဦးတင်ဦး ကိုဗစ်နဲ့ ရန်ကုန်ဆေးရုံကြီးရောက်နေပေမယ့် သက်သာလာပြီလို့ ဇနီးဖြစ်သူကပြောပါတယ်။

အသက် ၉၄ နှစ်အရွယ် လေဖြတ်ထားတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦး မနေ့က အဖျားရှိခဲ့ပေမယ့် ကိုဗစ်ပိုးစစ်ရလဒ်က ဒီနေ့မှ ထွက်လာတာပါ။ အခု ဂျပန်ဆေးရုံလို့ လူသိများတဲ့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးကို ရောက်နေတယ်လို့ ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်တင်မိုးဝေက ဆိုပါတယ်။

“အခုဟာကတော့ နေကောင်းနေပြီးတော့ ဘာဖြစ်လို့လဲမသိပါဘူး။ သူတို့လာစစ်တော့ သန့်ဇင်ဦး (သားဖြစ်သူ) ရဲ့သူငယ်ချင်း ပရော်ဖက်ဆာတယောက်က လာစစ်တယ်လေ။ အဲဒီတော့ positive တဲ့။ အဲဒါနဲ့ တပ်ကလည်းပဲ အဆင့်သင့်လုပ်ထားတယ်တဲ့၊ သူတို့ဆီမှာတက်ဖို့ကို။ ဗိုလ်ချုပ် (မှူးကြီး) မင်းအောင်လှိုင်ကမှာခဲ့လို့လေ။ ဒါပေမယ့် ဒီက RGH ကလည်းပဲ သူတို့လုပ်ပေးမယ်ဆိုတော့ စဉ်းစားပြီးတော့ RGH က လက်ဦးတခါ၊ သုံးနှစ်လောက်၊ လေးနှစ်လောက်က တက်ဖူးတယ်မို့လား။ အဲဒါ ဒေါ်နွယ်နွယ်တို့၊ ဘာတို့ ပြောလို့ သူတို့အဆင်သင့်လုပ်ထားပြီဆိုတာနဲ့ RGH ကိုရောက်လာတာ။ တပ်ကို ပြန်အကြောင်းကြားရတာပေါ့-ဒီမှာ အဆင်သင့်ဖြစ်သွားလို့..လို့၊ ဒီမှာပဲ တက်တော့မယ်...လို့။”

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးဟာ မနေ့က အဖျား ၁၀၀ ကျော်လောက်တော့ရှိခဲ့ပေမဲ့ ဒီနေ့အဖျားမရှိတော့ဘဲ သွေးပေါင်နဲနဲကျတာတော့ရှိတယ်၊ တခြား ချောင်းဆိုး နှာစေး လက္ခဏာတွေလည်းမရှိဘဲ အခြေအနေထိန်းထားနိုင်ပါတယ်လို့ အနီးကပ်ပြုစုနေတဲ့ ဒေါက်တာတင်မိုးဝေက ဆက်ပြောပါတယ်။ ဇနီးသည် ဒေါက်တာ ဒေါ်တင်မိုးဝေအနေနဲ့တော့ ကိုဗစ်လက္ခဏာ သိသိသာသာ မပေါ်သေးပေမယ့် ကသိကအောက်ဖြစ်သလို ခံစားနေရတယ်လို့ ပြောပါတယ်။

ဦးတင်ဦးအနေနဲ့ အသက်ကြီးတာအပြင် ကိုဗစ်ကာကွယ်ဆေးလည်း မထိုးရသေးတာမို့ ဖြစ်တာသိသိချင်း စိုးရိမ်ခဲ့ပေမယ့် အခုတော့ အခြေအနေက တည်ငြိမ်နေပါတယ်လို့ အနီးကပ်ပြုစုပေးနေတဲ့ ကိုယ်ရေးအရာရှိ ကိုမြင့်ဦးက ဆိုပါတယ်။

အရင်ကာကွယ်ရေးဦစီးချုပ်ဟောင်းဖြစ်ခဲ့တဲ့ နာယကကြီး ဦးတင်ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းတုန်းက လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေအိမ်မှာ လာတွေ့ဆုံခဲ့ရာမှာ တိုင်းပြည်ငြိမ်းချမ်းစေလိုကြောင်း မှာခဲ့ပါသေးတယ်ခင်ဗျာ။
#Covid-19 #UTinOo #ဦးတင်ဦး#ကိုဗစ်-၁၉ #ဗွီအိုအေ
===========

XS
SM
MD
LG