သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္မွာ Omicron ကိုဗစ္မ်ိဳးကြဲ ကူးစက္ခံ သူ ၉ ဦးအတည္ျပဳ


စစ္ေတြၿမိဳ႕မွာ ကိုဗစ္-၁၉  ကာကြယ္ေရးအတြက္ ႏွာေခါင္းစည္းတပ္ၿပီး သြားလာေနသူမ်ား။ (ၾသဂုတ္ ၂၇၊ ၂၀၂၀) 

[[Zawgyi/Unicode]]

ကိုဗစ္အတည္ျပဳလူနာမ်ားလာတဲ့ ရခိုင္ျပည္နယ္မွာ Omicron ကိုဗစ္မ်ိဳးကြဲကူးစက္ခံရသူ ၉ ဦး ဒီေန႔ ေတြ႔ရွိခဲ့တယ္လို႔ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနေျပာခြင့္ရ ေဒါက္တာစိုးဝင္ပိုင္က ေျပာပါတယ္။ စစ္ေတြတကၠသိုလ္က ပညာေရးဝန္ထမ္း ၅၀ ေက်ာ္နဲ႔ ေလယာဥ္နဲ႔ခရီးသြားမယ့္သူ ၂၀ ေက်ာ္မွာ ကိုဗစ္ေရာဂါ ေဆးစစ္ေတြ႔ခဲ့ၿပီးေနာက္ သူတို႔ထဲကနမူနာတခ်ိဳ႕ကိုဓါတ္ခြဲစစ္ေဆးဖို႔ ရန္ကုန္ကို ပို႔ေဆာင္ စစ္ေဆးခဲ့တာျဖစ္ပါတယ္။ က်န္းမာေရးဌာနက ကိုဗစ္စည္းကမ္းေတြ လိုက္နာဖို႔ တိုက္တြန္းေနေပမယ့္ ရခိုင္ျပည္သူေတြၾကားမွာ စည္းကမ္းလိုက္နာမႈအား နည္းေနဆဲအေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကိုရန္ႏိုင္ကတင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ စစ္ေတြတကၠသိုလ္က ပညာေရးဝန္ထမ္း ၅၀ ေက်ာ္နဲ႔ ေလယာဥ္နဲ႔ ခရီးသြားမယ့္သူ ၂၀ ေက်ာ္မွာ ကိုဗစ္ေရာဂါ အခုရက္ပိုင္း စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ အဲဒီအတည္ျပဳလူနာေတြထဲက ၉ ဦးရဲ႕ နမူနာကို ရန္ကုန္ကိုပို႔ၿပီး လက္ရွိကူးစက္ေနတဲ့ ကိုဗစ္မ်ိဳးကြဲသစ္ Omicron ဟုတ္မဟုတ္ စစ္ေဆးခဲ့ပါတယ္။ စစ္ေဆးမႈေတြအရ နမူနာ ၉ ခုလုံး Omicron ကိုဗစ္ပိုးကူးစက္ေနၾကသူေတြျဖစ္တယ္လို႔ ရခိုင္ျပည္ နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ေျပာခြင့္ရ ေဒါက္တာစိုးဝင္ပိုင္က ဗြီအိုေအကို အတည္ျပဳ ေျပာပါတယ္။ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔က စၿပီး ဒီကေန႔ထိ ကူးစက္ခံရသူ အစုလိုက္အၿပဳံလိုက္ေတြ႔ရွိတဲ့အေၾကာင္း သူကခုလိုေျပာျပပါတယ္။

“၇၀ ဆိုတာကေတာ့ က်ေနာ္တို႔ စစ္ေတြတကၠသလိုလ္မွာ အမ်ားျဖစ္လိုက္တာကို အဲဒီတကၠသိုလ္ကေန ၅၀ ေလာက္ထြက္တာေပါ့။ တျခား ေလယာဥ္စီးခရီးသည္ေတြ ဘာေတြနဲ႔ဆိုရင္ ၇၀ ေက်ာ္သြားတာေပါ့၊ ေနာက္ေန႔မွာေတာ့ ၂၀။ မေန႔ကဆိုရင္ ၄၂ ေယာက္ေတြ႔တာတို႔။ ေတြ႔တယ္ဆိုတာက ဘာေၾကာင့္လဲဆိုေတာ့ စစ္တာမ်ားလာလို႔လည္း ေတြ႔တာ မ်ားလာတာေပါ့ေနာ္၊ က်ေနာ္တို႔က တေယာက္ positive ေတြ႔ရင္ သူ႔နဲ႔ထိေတြ႔သူေတြကို စစ္ပါတယ္။ ဆိုေတာ့ သူ႔ပတ္ဝန္းက်င္မွာ positive ေတြပါလာတာေပါ့၊ တေယာက္စစ္လို႔ positive ထြက္ရင္ အဲဒီလူနဲ႔ ထိေတြ႔သူေတြကို ထပ္စစ္တယ္။ အဲလိုနဲ႔ မ်ားမ်ားျဖစ္တာေၾကာင့္ မ်ားမ်ား ေတြ႔တာလည္းျဖစ္ႏိုင္ပါတယ္။”

အခုလို ပညာေရးဝန္ထမ္းအမ်ားအျပား ကိုဗစ္ကူးစက္မႈေတြ ရွိလာေနတာေၾကာင့္ စာသင္ေက်ာင္းေတြမွာ ကိုဗစ္စည္းကမ္းေတြ တင္းၾကပ္ထားတယ္လို႔ ေဒါက္တာ စိုးဝင္းပိုင္က ေျပာပါတယ္။

“စာသင္တဲ့အခ်ိန္မွာလည္း ေက်ာင္းမွာ ဆရာေတြ လိုက္နာရမယ့္စည္းကမ္းေတြ ေက်ာင္းသူ ေက်ာင္းသားေတြ လိုက္နာရမယ့္စည္းကမ္းေတြ၊ ေက်ာင္းကိုလိုက္ပို႔တဲ့အခါ မိဘအုပ္ထိန္းသူေတြ လိုက္နာရမယ့္ စည္းကမ္းေတြ၊ ဒါေတြနဲ႔ က်န္းမာေရး အသိပညာေပးၿပီးေတာ့ ေဆာင္႐ြက္ေနပါတယ္။ ျပည္သူတဦးတေယာက္စီကလည္း မိမိကိုယ္ကို မကူးစက္ေအာင္ ေနထိုင္ဖို႔ အေရးႀကီးတာေပါ့ေနာ္၊ က်န္းမာေရး အသိပညာေပးတာေတြကေတာ့ က်ေနာ္တို႔ ပုံမွန္လုပ္ေနပါတယ္။ ဆိုင္းဘုတ္ေထာင္တာ ေတြရွိတယ္၊ မိုက္နဲ႔ ေအာ္တာေတြရွိတယ္၊ တျခား မီးသတ္တို၊႔ ေထြအုပ္တို႔၊ ျပန္/ဆက္တို႔က ေဆာင္႐ြက္ေနတာ ေတြလည္း ရွိပါတယ္။”

ရခိုင္ျပည္နယ္မွာ ကိုဗစ္ကူးစက္မႈေတြ တိုးလာေနေပမယ့္ ပြင့္လင့္ရာသီျဖစ္တာေၾကာင့္ ပြဲလမ္းသဘင္ေတြလည္း မ်ားျပားေနသလို ျပည္သူေတြအေနနဲ႔လည္း ကိုဗစ္စည္းကမ္း လိုက္နာမႈ မရွိသေလာက္နည္းပါးေနတယ္လို႔ စစ္ေတြေဒသခံ မခိုင္ခိုင္ဦးက ေျပာပါတယ္။

“ကိုဗစ္နဲ႔ပတ္သက္ၿပီး စိုးရိမ္မႈ နည္းနည္းေတာ့ ရွိတာေပါ့။ ဘာလို႔လဲဆိုေတာ့ ကိုဗစ္က လုံးဝေပ်ာက္ သြားတဲ့ အေျခအေနမ်ိဳးမဟုတ္ဘဲနဲ႔ တိုးလာတိုက္ ေပ်ာက္သြားလိုက္ အဲလိုမ်ိဳးျဖစ္ေနတာေပါ့ေနာ္၊ ေနာက္ၿပီးေတာ့ ရခိုင္မွာက ပြဲေတာ္ေတြ အရမ္းလုပ္ေနတာကို ေတြ႔ရတယ္။ ေဈးေတြမွာဆိုရင္လည္း လူေတြတိုးေဝွ႔သြားေနၾကတာပဲ။ maskေတြ တပ္တာ မေတြ႔ရဘူး။ ညီမတို႔ကေတာ့ ဘယ္သြား mask တပ္ တာေပါ့ေနာ္၊ တျခားလူမတပ္ရင္လည္း ညီမတို႔တပ္တယ္။ အခုက ပြဲေတြလည္း လုပ္တယ္။ ကိုဗစ္စည္းကမ္းေတြလည္း လိုက္နာမႈမရွိဘူး။ အဲလိုမ်ိဳး mask လည္းမတပ္ဘဲ ေဈးသြားေနၾကတာလည္း အမ်ားႀကီးေတြ႔ရတယ္။”

ရခိုင္ျပည္နယ္မွာ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလေလာက္ကစတင္ၿပီး ကိုဗစ္ကူးစက္မႈေတြ မရွိသေလာက္နည္းပါးခဲ့ရာကေန ဒီလအတြင္းမွာ တဖန္ျပန္ၿပီ ကူးစက္မႈေတြ ျမင့္တက္လာတာေၾကာင့္ ျပည္သူေတြအေနနဲ႔ က်န္းမာေရးဝန္ႀကီးဌာနာက ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြကိုလိုက္နာဖို႔လည္း က်န္းမာေရးတာဝန္ရွိသူေတြက တိုက္တြန္း ထားပါတယ္။ ေဖေဖာ္ဝါရီလ ၁၇ ရက္ၾကာသပေတးေန႔အထိ ရခိုင္ျပည္နယ္မွာ ကိုဗစ္အတည္ျပဳလူနာ ၅၃၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၅၀၀ ေက်ာ္နဲ႔ လက္ရွိ ေဆးကုသမႈခံယူေနရသူ ၁၇၆ ဦးအထိရွိေနတယ္လို႔ ရခိုင္ျပည္နယ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာနရဲ႕ စာရင္းအရ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]


ရခိုင်ပြည်နယ်မှာ Omicron ကိုဗစ်မျိုးကွဲ ကူးစက်ခံ သူ ၉ ဦးအတည်ပြု

ကိုဗစ်အတည်ပြုလူနာများလာတဲ့ ရခိုင်ပြည်နယ်မှာ Omicron ကိုဗစ်မျိုးကွဲကူးစက်ခံရသူ ၉ ဦး ဒီနေ့ တွေ့ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနပြောခွင့်ရ ဒေါက်တာစိုးဝင်ပိုင်က ပြောပါတယ်။ စစ်တွေတက္ကသိုလ်က ပညာရေးဝန်ထမ်း ၅၀ ကျော်နဲ့ လေယာဉ်နဲ့ခရီးသွားမယ့်သူ ၂၀ ကျော်မှာ ကိုဗစ်ရောဂါ ဆေးစစ်တွေ့ခဲ့ပြီးနောက် သူတို့ထဲကနမူနာတချို့ကိုဓါတ်ခွဲစစ်ဆေးဖို့ ရန်ကုန်ကို ပို့ဆောင် စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ကျန်းမာရေးဌာနက ကိုဗစ်စည်းကမ်းတွေ လိုက်နာဖို့ တိုက်တွန်းနေပေမယ့် ရခိုင်ပြည်သူတွေကြားမှာ စည်းကမ်းလိုက်နာမှုအား နည်းနေဆဲအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရန်နိုင်ကတင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်က ပညာရေးဝန်ထမ်း ၅၀ ကျော်နဲ့ လေယာဉ်နဲ့ ခရီးသွားမယ့်သူ ၂၀ ကျော်မှာ ကိုဗစ်ရောဂါ အခုရက်ပိုင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီအတည်ပြုလူနာတွေထဲက ၉ ဦးရဲ့ နမူနာကို ရန်ကုန်ကိုပို့ပြီး လက်ရှိကူးစက်နေတဲ့ ကိုဗစ်မျိုးကွဲသစ် Omicron ဟုတ်မဟုတ် စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးမှုတွေအရ နမူနာ ၉ ခုလုံး Omicron ကိုဗစ်ပိုးကူးစက်နေကြသူတွေဖြစ်တယ်လို့ ရခိုင်ပြည် နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောခွင့်ရ ဒေါက်တာစိုးဝင်ပိုင်က ဗွီအိုအေကို အတည်ပြု ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စပြီး ဒီကနေ့ထိ ကူးစက်ခံရသူ အစုလိုက်အပြုံလိုက်တွေ့ရှိတဲ့အကြောင်း သူကခုလိုပြောပြပါတယ်။

“၇၀ ဆိုတာကတော့ ကျနော်တို့ စစ်တွေတက္ကသလိုလ်မှာ အများဖြစ်လိုက်တာကို အဲဒီတက္ကသိုလ်ကနေ ၅၀ လောက်ထွက်တာပေါ့။ တခြား လေယာဉ်စီးခရီးသည်တွေ ဘာတွေနဲ့ဆိုရင် ၇၀ ကျော်သွားတာပေါ့၊ နောက်နေ့မှာတော့ ၂၀။ မနေ့ကဆိုရင် ၄၂ ယောက်တွေ့တာတို့။ တွေ့တယ်ဆိုတာက ဘာကြောင့်လဲဆိုတော့ စစ်တာများလာလို့လည်း တွေ့တာ များလာတာပေါ့နော်၊ ကျနော်တို့က တယောက် positive တွေ့ရင် သူ့နဲ့ထိတွေ့သူတွေကို စစ်ပါတယ်။ ဆိုတော့ သူ့ပတ်ဝန်းကျင်မှာ positive တွေပါလာတာပေါ့၊ တယောက်စစ်လို့ positive ထွက်ရင် အဲဒီလူနဲ့ ထိတွေ့သူတွေကို ထပ်စစ်တယ်။ အဲလိုနဲ့ များများဖြစ်တာကြောင့် များများ တွေ့တာလည်းဖြစ်နိုင်ပါတယ်။”

အခုလို ပညာရေးဝန်ထမ်းအများအပြား ကိုဗစ်ကူးစက်မှုတွေ ရှိလာနေတာကြောင့် စာသင်ကျောင်းတွေမှာ ကိုဗစ်စည်းကမ်းတွေ တင်းကြပ်ထားတယ်လို့ ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

“စာသင်တဲ့အချိန်မှာလည်း ကျောင်းမှာ ဆရာတွေ လိုက်နာရမယ့်စည်းကမ်းတွေ ကျောင်းသူ ကျောင်းသားတွေ လိုက်နာရမယ့်စည်းကမ်းတွေ၊ ကျောင်းကိုလိုက်ပို့တဲ့အခါ မိဘအုပ်ထိန်းသူတွေ လိုက်နာရမယ့် စည်းကမ်းတွေ၊ ဒါတွေနဲ့ ကျန်းမာရေး အသိပညာပေးပြီးတော့ ဆောင်ရွက်နေပါတယ်။ ပြည်သူတဦးတယောက်စီကလည်း မိမိကိုယ်ကို မကူးစက်အောင် နေထိုင်ဖို့ အရေးကြီးတာပေါ့နော်၊ ကျန်းမာရေး အသိပညာပေးတာတွေကတော့ ကျနော်တို့ ပုံမှန်လုပ်နေပါတယ်။ ဆိုင်းဘုတ်ထောင်တာ တွေရှိတယ်၊ မိုက်နဲ့ အော်တာတွေရှိတယ်၊ တခြား မီးသတ်တို၊့ ထွေအုပ်တို့၊ ပြန်/ဆက်တို့က ဆောင်ရွက်နေတာ တွေလည်း ရှိပါတယ်။”

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေ တိုးလာနေပေမယ့် ပွင့်လင့်ရာသီဖြစ်တာကြောင့် ပွဲလမ်းသဘင်တွေလည်း များပြားနေသလို ပြည်သူတွေအနေနဲ့လည်း ကိုဗစ်စည်းကမ်း လိုက်နာမှု မရှိသလောက်နည်းပါးနေတယ်လို့ စစ်တွေဒေသခံ မခိုင်ခိုင်ဦးက ပြောပါတယ်။

“ကိုဗစ်နဲ့ပတ်သက်ပြီး စိုးရိမ်မှု နည်းနည်းတော့ ရှိတာပေါ့။ ဘာလို့လဲဆိုတော့ ကိုဗစ်က လုံးဝပျောက် သွားတဲ့ အခြေအနေမျိုးမဟုတ်ဘဲနဲ့ တိုးလာတိုက် ပျောက်သွားလိုက် အဲလိုမျိုးဖြစ်နေတာပေါ့နော်၊ နောက်ပြီးတော့ ရခိုင်မှာက ပွဲတော်တွေ အရမ်းလုပ်နေတာကို တွေ့ရတယ်။ ဈေးတွေမှာဆိုရင်လည်း လူတွေတိုးဝှေ့သွားနေကြတာပဲ။ maskတွေ တပ်တာ မတွေ့ရဘူး။ ညီမတို့ကတော့ ဘယ်သွား mask တပ် တာပေါ့နော်၊ တခြားလူမတပ်ရင်လည်း ညီမတို့တပ်တယ်။ အခုက ပွဲတွေလည်း လုပ်တယ်။ ကိုဗစ်စည်းကမ်းတွေလည်း လိုက်နာမှုမရှိဘူး။ အဲလိုမျိုး mask လည်းမတပ်ဘဲ ဈေးသွားနေကြတာလည်း အများကြီးတွေ့ရတယ်။”

ရခိုင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလလောက်ကစတင်ပြီး ကိုဗစ်ကူးစက်မှုတွေ မရှိသလောက်နည်းပါးခဲ့ရာကနေ ဒီလအတွင်းမှာ တဖန်ပြန်ပြီ ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနာက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကိုလိုက်နာဖို့လည်း ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်း ထားပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်ကြာသပတေးနေ့အထိ ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၅၃၀၀ ကျော်ရှိပြီး သေဆုံးသူ ၅၀၀ ကျော်နဲ့ လက်ရှိ ဆေးကုသမှုခံယူနေရသူ ၁၇၆ ဦးအထိရှိနေတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

===========

XS
SM
MD
LG