သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ကမာၻမွာ သတင္းသမား သတ္ျဖတ္ခံရမႈတိုး


၂၀၂၂ ခု၊ ဇူလိုင္ ၃၀ မနက္ ၂ နာရီမွာ စစ္ကိုင္းၿမိဳ႕ေနအိမ္ကေန ဖမ္းဆီးေခၚေဆာင္ခံခဲ့ရၿပီး အဲဒီေန႔ေႏွာင္းပိုင္းမွာ အခ်ဳပ္ခန္းတြင္း ေသဆံုးခဲ့တဲ့ ဓာတ္ပံုသတင္းေထာက္ ကိုေအးေက်ာ္ (Photo Crd to CPJ)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံကသတင္းေထာက္ ၂ ဦး အပါအဝင္ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္အတြင္း ကမာၻတဝန္း သတ္ျဖတ္ခံရတဲ့ သတင္းသမားအေရအတြက္ ၅၀ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ပါတယ္။

၂၀၂၂ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံတြင္း သတ္ျဖတ္ခံရတဲ့သတင္းသမား ၂ ဦး ရွိၿပီး ေခါႏုသုမ္ခ်င္းသတင္းဌာနက Pu Tuidim နဲ႔ အထက္ျမန္မာျပည္ ဓါတ္ပုံအသင္းရဲ႕ အဖြဲ႔ဝင္တဦးျဖစ္တဲ့ စစ္ကိုင္းက ကိုေအးေက်ာ္ ျဖစ္တယ္လို႔ သတင္းသမားမ်ား ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕ CPJ ရဲ႕ မွတ္တမ္းက ေဖာ္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စု နယူးေယာက္အေျခစိုက္ သတင္းသမားမ်ား ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕ CPJ ရဲ႕ အဂၤါေန႔ထုတ္ အစီရင္ခံစာထဲမွာ ၂၀၂၂ ခုႏွစ္အတြင္း ကမာၻတလႊားမွာ သတင္းမီဒီယာ သမားအနည္းဆုံး ၆၇ ဦး သတ္ျဖတ္ခံရၿပီး ၂၀၁၈ ခုႏွစ္ ေနာက္ပိုင္း အျမင့္ဆုံးအေရအတြက္ ျဖစ္ေၾကာင္း ေဖာ္ျပပါတယ္။ ယူကရိန္း၊ မကၠဆီကိုနဲ႔ ေဟတီတို႔က တိုက္ခိုက္မႈေတြေၾကာင့္ အမ်ားဆုံး ျဖစ္ရေၾကာင္း၊ သတ္ျဖတ္ခံရတဲ့ ၆၇ ဦးထဲက ထက္ဝက္ေက်ာ္ျဖစ္တဲ့ ၃၅ ဦးတို႔ကေတာ့ ယူကရိန္း၊ မကၠဆီကိုနဲ႔ ေဟတီႏိုင္ငံတို႔မွာ ျဖစ္ေၾကာင္းလည္း CPJ က ေဖာ္ျပပါတယ္။

ယူကရိန္းစစ္ပြဲသတင္းရယူၾကတဲ့ သတင္းေထာက္ေတြအတြက္လည္း အႏၲရာယ္ႀကီးလွေၾကာင္း ေဖာ္ျပပါတယ္။ လူဦးေရ ၁၂ သန္းေလာက္ပဲရွိတဲ့ ကြၽန္းႏိုင္ငံငယ္ေဟတီမွာ ၂၀၂၂ ခုႏွစ္အတြင္း သတင္းေထာက္ ၇ ဦး သတ္ျဖတ္ခံရပါတယ္။ မကၠဆီကိုမွာေတာ့ ၿပီးခဲ့တဲ့ႏွစ္အတြင္း သတင္းသမား ၁၃ ဦး သတ္ျဖတ္ခံရေၾကာင္း CPJ က ေျပာဆိုထားပါတယ္။ တျခား မီဒီယာအဖြဲ႔ေတြကေတာ့ ၁၅ ဦး သတ္ျဖတ္ခံရေၾကာင္း ေဖာ္ျပၾကၿပီး ၂၀၂၂ ခုႏွစ္ဟာဆိုရင္ မကၠဆီကိုက သတင္းသမားေတြအတြက္ေတာ့ ဆယ္စုႏွစ္ သုံးခုအတြင္း အေသအေပ်ာက္အမ်ားဆုံးႏွစ္ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

မြန်မာနဲ့ကမ္ဘာမှာ သတင်းသမား သတ်ဖြတ်ခံရမှုတိုး

မြန်မာနိုင်ငံကသတင်းထောက် ၂ ဦး အပါအဝင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတဝန်း သတ်ဖြတ်ခံရတဲ့ သတင်းသမားအရေအတွက် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်း သတ်ဖြတ်ခံရတဲ့သတင်းသမား ၂ ဦး ရှိပြီး ခေါနုသုမ်ချင်းသတင်းဌာနက Pu Tuidim နဲ့ အထက်မြန်မာပြည် ဓါတ်ပုံအသင်းရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ စစ်ကိုင်းက ကိုအေးကျော် ဖြစ်တယ်လို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ ရဲ့ မှတ်တမ်းက ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ ရဲ့ အင်္ဂါနေ့ထုတ် အစီရင်ခံစာထဲမှာ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတလွှားမှာ သတင်းမီဒီယာ သမားအနည်းဆုံး ၆၇ ဦး သတ်ဖြတ်ခံရပြီး ၂၀၁၈ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးအရေအတွက် ဖြစ်ကြောင်း ဖော်ပြပါတယ်။ ယူကရိန်း၊ မက္ကဆီကိုနဲ့ ဟေတီတို့က တိုက်ခိုက်မှုတွေကြောင့် အများဆုံး ဖြစ်ရကြောင်း၊ သတ်ဖြတ်ခံရတဲ့ ၆၇ ဦးထဲက ထက်ဝက်ကျော်ဖြစ်တဲ့ ၃၅ ဦးတို့ကတော့ ယူကရိန်း၊ မက္ကဆီကိုနဲ့ ဟေတီနိုင်ငံတို့မှာ ဖြစ်ကြောင်းလည်း CPJ က ဖော်ပြပါတယ်။

ယူကရိန်းစစ်ပွဲသတင်းရယူကြတဲ့ သတင်းထောက်တွေအတွက်လည်း အန္တရာယ်ကြီးလှကြောင်း ဖော်ပြပါတယ်။ လူဦးရေ ၁၂ သန်းလောက်ပဲရှိတဲ့ ကျွန်းနိုင်ငံငယ်ဟေတီမှာ ၂၀၂၂ ခုနှစ်အတွင်း သတင်းထောက် ၇ ဦး သတ်ဖြတ်ခံရပါတယ်။ မက္ကဆီကိုမှာတော့ ပြီးခဲ့တဲ့နှစ်အတွင်း သတင်းသမား ၁၃ ဦး သတ်ဖြတ်ခံရကြောင်း CPJ က ပြောဆိုထားပါတယ်။ တခြား မီဒီယာအဖွဲ့တွေကတော့ ၁၅ ဦး သတ်ဖြတ်ခံရကြောင်း ဖော်ပြကြပြီး ၂၀၂၂ ခုနှစ်ဟာဆိုရင် မက္ကဆီကိုက သတင်းသမားတွေအတွက်တော့ ဆယ်စုနှစ် သုံးခုအတွင်း အသေအပျောက်အများဆုံးနှစ် ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG