သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမှာ မြေရှားသတ္တုတူးဖော်ခွင့်ရဖို့ သမ္မတထရမ့်လိုလား


ယူကရိန်းက မြေရှားသတ္တုတွေတူးဖော်ခွင့်ရဖို့ စိတ်ဝင်စားနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်
ယူကရိန်းက မြေရှားသတ္တုတွေတူးဖော်ခွင့်ရဖို့ စိတ်ဝင်စားနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

ရုရှားရဲ့ ကျူးကျော်စစ်ကိုခုခံနေတဲ့ယူကရိန်းကို အဓိကကူညီထောက်ပံ့နေတဲ့ အမေရိကန်အနေနဲ့ ယူကရိန်းကမြေရှားသတ္တုတွေကိုတူးဖေါ်ခွင့်ပေးမယ်ရင် အပြန်အလှန်အားဖြင့် အကူအညီတွေ ဆက်ပေးသွားဖို့ စိတ်ဝင်စားကောင်းစိတ်ဝင်စားနိုင်တယ်လို့ သမ္မတဒေါ်နယ်ထရန့်က တနင်္လာနေ့တုန်းက အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ သတင်း ထောက်တွေကိုပြောခဲ့ပါတယ်။

“အမေရိကန်အနေနဲ့ ယူကရိန်းကို ဘီလီယံဒေါ်လာရာနဲ့ချီထောက်ပံ့ပေးထားပါတယ်။ ယူကရိန်းမှာ မြေရှားသတ္တုအများ အပြားရှိပါတယ်။ အဲဒိမြေရှားသတ္တုတွေရဲ့ကိုလုံခြုံစေချင်တယ်။ ဒီအစီစဉ်ကိုလည်း သူတို့က စိတ်ဝင်စားပါတယ်။” လို့ သမ္မတ ထရန့်ကပြောခဲ့ပါတယ်။

ရုရှားနဲ့ယူကရိန်းကြား ဒီကနေ့မှာတော့ ဒရုန်းတွေ၊ မစ်ဇိုင်းဒုံးတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံးလေးဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေကပြောပါတယ်။

ရုရှားဒုံးလက်နက်တွေကြောင့် Kharkive (ကာကီဗ်) ဒေသတွင်းမှာ လေးဦးသေဆုံးပြီး ၂၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ Kharkive (ကာကီဗ်) ဒေသ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကပြောပါတယ်။

ယူကရိန်း မြို့တော် Kyiv (ကီဗ်) အပါအဝင်ဒေသငါးခုလောက်ကို ရုရှားက ဒရုန်းအစင်းပေါင်း ၆၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီအထဲက ၃၇ စင်းကိုပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။

ဒီကနေ့မှာပဲ ယူကရိန်းဘက်ကပစ်ခတ်ခဲ့တဲ့ ပဲ့ထိန်းမစ်ဇိုင်းဒုံးကိုတစင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG