[[Zawgyi/Unicode]]
ရခိုင္ျပည္နယ္မွာ ဒီေန႔ မတ္လ ၁၈ ရက္ေန႔ကစၿပီး တေန႔ကိုလွ်ပ္စစ္မီး ၃ ႀကိမ္ ျဖတ္ေတာက္မွာျဖစ္ၿပီး တႀကိမ္ျဖတ္ရင္ အနည္းဆံုးအခ်ိန္ ၂ နာရီ ၾကာႏုိင္တယ္လို႔ ရခိုင္ျပည္နယ္ လွ်ပ္စစ္ျဖန္႔ျဖဴးေရးဌာနက တာဝန္ရွိသူတဦးက ဗီြအိုေအကို ေျပာပါတယ္။ လွ်ပ္စစ္မီး အခုလိုျပတ္ေတာက္ေနတဲ့အတြက္ လွ်ပ္စစ္မီး အသံုးျပဳေနရတဲ့ လုပ္ငန္းေတြ ထိခိုက္ေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစံုကို ကိုရန္ႏိုင္က တင္ျပေပးထားပါတယ္။
ရခိုင္ျပည္နယ္ကလွ်ပ္စစ္ျဖန္႔ျဖဴးေရးကို ျပည္နယ္လွ်ပ္စစ္ျဖန္႔ျဖဴးေရးဌာနက တိုက္႐ိုက္ေဆာင္႐ြက္ေတာ့မယ္ လို႔ ရခိုင္ျပည္နယ္ လွ်ပ္စစ္ျဖန္႔ျဖဴးေရးဌာနက တာဝန္ရွိသူတဦးက ဗီြအိုေအကို ေျပာပါတယ္။ ဒါေၾကာင့္ ဒီေန႔ မတ္လ ၁၈ ရက္၊ ေသာၾကာေန႔ကစၿပီး တေန႔ကိုလွ်ပ္စစ္မီး ၃ ႀကိမ္ ျဖတ္ေတာက္မွာျဖစ္ၿပီး တႀကိမ္ျဖတ္ရင္ အနည္းဆံုး ၂ နာရီ ၾကာႏုိင္တယ္လို႔ သူကေျပာပါတယ္။ အရင္တုန္းကေတာ့ ရခိုင္ျပည္နယ္အတြက္ လွ်ပ္စစ္ျဖန္႔ျဖဴးေရးကို ရန္ကုန္ကေန တႏိုင္ငံလံုးအတိုင္းအတာနဲ႔ စီမံခန္႔ခြဲတာျဖစ္ၿပီး အခုေတာ့ ရခိုင္ျပည္နယ္နဲ႔ဆိုင္တဲ့ လွ်ပ္စစ္ျဖန္႔ျဖဴေရးလုပ္ငန္းေတြကို ျပည္နယ္ လွ်ပ္စစ္ျဖန္႔ျဖဴးေရးဌာနက စီမံခန္႔ခဲြေနတာျဖစ္ပါတယ္။
“တေန႔ကို သံုးႀကိမ္ျဖတ္မယ္ဆိုတာက အရင္ကေတာ့ ရန္ကုန္ကေန အဖြင့္အပိတ္ လုပ္တာေပါ့။အခုက်ေတာ့ ဒီဘက္က ကိုယ့္ဖြင့္ရံုကပဲ ထိန္းခ်ုပ္မယ္ေပါ့ေနာ္။ ရခိုင္ျပည္နယ္ကပဲ ထိန္းခ်ဳပ္ၿပီးေတာ့ အဖြင့္အပိတ္ လုပ္မယ္၊ အဲဒီမွာ တေန႔ကုိ နွစ္နာရီ သံုးခါေလာက္ ပိတ္ရမွာေပါ့။ ပိတ္ဖို႔လုိအပ္တဲ့ အခ်ိန္ကုိ ျပၿပီးေတာ့ ပိတ္ေပးရမွာ။ က်န္တဲ့အခ်ိန္ကေတာ့ လႊတ္ေပးထားမယ္ေပါ့ေနာ္၊ အဲဒါက အစမ္းသေဘာနဲ႔ ဒီေန႔စတာ။ တကယ္လို႔ လိုအပ္လို႔ ရန္ကုန္ကေနၿပီးေတာ့ လွမ္းပိတ္ခိုင္းရင္လည္း ၄ ႀကိမ္ေလာက္ ျဖစ္ရင္လည္း ျဖစ္သြားမယ္ေပါ့ေနာ္။ အေရးေပၚဆိုရင္ေပါ့။ ပံုမွန္ကေတာ့ ၂ နာရီ သံုးႀကိမ္ေလာက္ေတာ့ ပိတ္သြားမယ္ ေလာေလာဆယ္။”
ရခိုင္ျပည္နယ္အပါအဝင္ ျမန္မာႏိုင္ငံ ေနရာအႏွံ လွ်ပ္စစ္မီးေတြ ပိုၿပီး ျပတ္ေတာက္လာတာနဲ႔ပတ္သက္လို႔ေတာ့ ခုလိုဆိုပါတယ္။
“ဝန္အားေလ်ာ့ရတာကေတာ့ ေလာပိတဘက္က ဓာတ္အားေပးစက္ရံုေတြရွိတယ္ေလ။ အဲဒီဘက္က ဆက္သြယ္ထားတဲ့ ဓာတ္အားလိုင္းေတြ ဖ်က္ဆီးခံရေတာ့ အဲဒီဘက္ကစက္ရံုက ဒီဘက္ကို ဓာတ္အားမပို႔ႏိုင္ဘူး။ အဲဒါေၾကာင့္ ဓာတ္အားစနစ္ေလ်ာ့သြားတာေပါ့၊ ေရအား လ်ွပ္စစ္ကလည္း အရင္ကေလာက္ေတာ့ မရွိေတာ့ဘူး။ Levelေလ်ာ့လာတာေတာ့ စြမ္းအားျမင့္ သိပ္မထုတ္ႏိုင္ဘူးေပါ့ေနာ္၊ အရင္ထုတ္ႏိုင္တဲ့ ပမာဏထက္ ေလ်ာ့လာရတယ္ေပါ့။”
လွ်ပ္စစ္မီးေတြ အခုလို ျဖတ္ေတာက္ခံေနရတာေၾကာင့္ ျပည္သူေတြမွာ နိစၥဓူဝလုပ္ငန္းေတြ လုပ္ႏိုင္ဖုိ႔ အေတာ္ေလး အခက္ႀကံဳေနရပါတယ္။ စီးပြားေရးလုပ္ငန္းေတြမွာ ထိခိုက္မႈမ်ားလာပါတယ္။ လ်ွပ္စစ္မီးပံုမွန္ မရတာေၾကာင့္ ဖံြ႔ၿဖိဳးတိုးတက္မႈကို ထိခိုက္ေစသလို တိုင္းျပည္ရဲ႕ဝင္ေငြကို တိုက္ရိုက္ထိခိုက္ေစတယ္လို႔ ရခိုင္ႏိုင္ငံေရး ေလ့လာ သံုးသပ္သူတဦးျဖစ္တဲ့ ကိုထြန္းၾကည္က ေျပာပါတယ္။
“ဒီဘက္ ဒီမိုကေရစီသက္တန္း ဆယ္စုနွစ္တခုမွာ အသက္ေမြးဝမ္းေၾကာင္း အလုပ္အကိုင္ပံုစံေတြ ေတာ္ေတာ္တိုးတက္လာတယ္လို႔ေျပာလို႔ရတယ္။ အခုဆိုရင္လည္း ၿမိဳ႕ေပၚလူအမ်ားစုဟာ လွ်ပ္စစ္မီးကို အေျခခံၿပီးေတာ့ လုပ္ငန္းေတြ လည္ပတ္ၾကတာကို ေတြ႔ရတယ္။ ...ဆိုေတာ့ ဒီအခ်ိန္မွာ လ်ွပ္စစ္မီးသာ ဆက္ၿပီးေတာ့ ျပတ္ေနမယ္၊ ဒီလိုပဲ အခ်ိန္ပိုင္းနဲ႔ ေပးေနမယ္ဆိုရင္ေတာ့ ႏုိင္ငံရဲ႕ဝင္ေငြကို တိုက္ရိုက္ထိခိုက္မွုေတြ ရွိႏိုင္တယ္။ ေနာက္ ၿပီးေတာ့ လူေတြရဲ႕ ဆင္းရဲမြဲေတမွုက ပိုၿပီးေတာ့ ဆုိုးဆုိးရြားရြား ျဖစ္သြားႏုိ္င္တယ္။ ဘာလို႔လဲဆိုေတာ့ လုပ္ငန္းေတြက တိုက္ရိုက္မလည္ပတ္ႏိုင္ေတာ့ဘူး။ ေနာက္ၿပီးေတာ့ တပိုင္တႏိုင္ လွ်ပ္စစ္ ကို အေျခခံၿပီးေတာ့ လုပ္စားေနတဲ့သူေတြအေနနဲ႔လည္း ဘယ္လိုမွ အဆင္မေျပဘူး။ မီးလာမယ့္အခ်ိန္ကို ထိုင္ေစာင့္ေနရတာနဲ႔ပဲ အခ်ိန္ကုန္ေနေတာ့ အလုပ္သမားကုန္က်စရုိတ္ရယ္၊ ထြက္လာမယ့္ထုတ္ကုန္ေတြရယ္၊ အဲဒီထိခိုက္မွုေတြ အမ်ားႀကီးရွိလာတဲ့အတြက္ လ်ွပ္စစ္မီးျဖတ္ေတာက္ခံေနရတာဟာ ျမန္မာႏိုင္ငံရဲ႕ ဆင္းရဲမြဲေတမွုကို ပိုၿပီးေတာ့ ဆုိးဆိုးရြားရြားျဖစ္သြားႏိုင္တယ္လို႔လည္း က်ေနာ္ျမင္ပါတယ္။”
ဘီလူးေခ်ာင္း ေလာပိတေရအားလွ်ပ္စစ္စက္႐ံုက ပို႔လႊတ္ေပးတ့ဲ လွ်ပ္စစ္ဓာတ္အားလိုင္းတခ်ိဳ႕ ေဖာက္ခြဲခံရတာ၊ ေ႐ႊသဘာဝဓာတ္ေငြ႔ ကမ္းလြန္လုပ္ကြက္က ေရေအာက္ပိုက္လိုင္း ျပဳျပင္ေနနဲ႔ LNG ဓာတ္ေငြ႔သုံး ဓာတ္အားေပးစက္႐ုံကို ပိတ္လိုက္ရတာေတြေၾကာင့္ မတ္လ ၁၂ ရက္ကေန ၁၈ ရက္အထိ တခ်ိဳ႕ေဒသေတြကို ၂၄ နာရီ ဝန္အားေလွ်ာ့ခ်သြားမယ္လို႔ လွ်ပ္စစ္နဲ႔စြမ္းအင္ဌာနက ထုတ္ျပန္ခဲ့ပါတယ္။ လက္႐ွိမွာေတာ့ လွ်ပ္စစ္မီးျပတ္တဲ့ ဒုကၡ၊ စက္သံုးဆီ ေစ်းႏႈန္းေတြ ႀကီးျမင့္ဒုကၡေတြကို ႏုိင္ငံတဝန္းက ျပည္သူေတြ ခံစားေနၾကရပါတယ္။
=================
[[Unicode]]
ရခိုင်ပြည်နယ် မတ်လ ၁၈ ရက်နေ့ကစ တရက် လျှပ်စစ်မီး ၃ ကြိမ် ဖြတ်မည်
ရခိုင်ပြည်နယ်မှာ ဒီနေ့ မတ်လ ၁၈ ရက်နေ့ကစပြီး တနေ့ကိုလျှပ်စစ်မီး ၃ ကြိမ် ဖြတ်တောက်မှာဖြစ်ပြီး တကြိမ်ဖြတ်ရင် အနည်းဆုံးအချိန် ၂ နာရီ ကြာနိုင်တယ်လို့ ရခိုင်ပြည်နယ် လျှပ်စစ်ဖြန့်ဖြူးရေးဌာနက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ လျှပ်စစ်မီး အခုလိုပြတ်တောက်နေတဲ့အတွက် လျှပ်စစ်မီး အသုံးပြုနေရတဲ့ လုပ်ငန်းတွေ ထိခိုက်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်ကလျှပ်စစ်ဖြန့်ဖြူးရေးကို ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနက တိုက်ရိုက်ဆောင်ရွက်တော့မယ် လို့ ရခိုင်ပြည်နယ် လျှပ်စစ်ဖြန့်ဖြူးရေးဌာနက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် ဒီနေ့ မတ်လ ၁၈ ရက်၊ သောကြာနေ့ကစပြီး တနေ့ကိုလျှပ်စစ်မီး ၃ ကြိမ် ဖြတ်တောက်မှာဖြစ်ပြီး တကြိမ်ဖြတ်ရင် အနည်းဆုံး ၂ နာရီ ကြာနိုင်တယ်လို့ သူကပြောပါတယ်။ အရင်တုန်းကတော့ ရခိုင်ပြည်နယ်အတွက် လျှပ်စစ်ဖြန့်ဖြူးရေးကို ရန်ကုန်ကနေ တနိုင်ငံလုံးအတိုင်းအတာနဲ့ စီမံခန့်ခွဲတာဖြစ်ပြီး အခုတော့ ရခိုင်ပြည်နယ်နဲ့ဆိုင်တဲ့ လျှပ်စစ်ဖြန့်ဖြူရေးလုပ်ငန်းတွေကို ပြည်နယ် လျှပ်စစ်ဖြန့်ဖြူးရေးဌာနက စီမံခန့်ခွဲနေတာဖြစ်ပါတယ်။
“တနေ့ကို သုံးကြိမ်ဖြတ်မယ်ဆိုတာက အရင်ကတော့ ရန်ကုန်ကနေ အဖွင့်အပိတ် လုပ်တာပေါ့။အခုကျတော့ ဒီဘက်က ကိုယ့်ဖွင့်ရုံကပဲ ထိန်းချုပ်မယ်ပေါ့နော်။ ရခိုင်ပြည်နယ်ကပဲ ထိန်းချုပ်ပြီးတော့ အဖွင့်အပိတ် လုပ်မယ်၊ အဲဒီမှာ တနေ့ကို နှစ်နာရီ သုံးခါလောက် ပိတ်ရမှာပေါ့။ ပိတ်ဖို့လိုအပ်တဲ့ အချိန်ကို ပြပြီးတော့ ပိတ်ပေးရမှာ။ ကျန်တဲ့အချိန်ကတော့ လွှတ်ပေးထားမယ်ပေါ့နော်၊ အဲဒါက အစမ်းသဘောနဲ့ ဒီနေ့စတာ။ တကယ်လို့ လိုအပ်လို့ ရန်ကုန်ကနေပြီးတော့ လှမ်းပိတ်ခိုင်းရင်လည်း ၄ ကြိမ်လောက် ဖြစ်ရင်လည်း ဖြစ်သွားမယ်ပေါ့နော်။ အရေးပေါ်ဆိုရင်ပေါ့။ ပုံမှန်ကတော့ ၂ နာရီ သုံးကြိမ်လောက်တော့ ပိတ်သွားမယ် လောလောဆယ်။”
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ လျှပ်စစ်မီးတွေ ပိုပြီး ပြတ်တောက်လာတာနဲ့ပတ်သက်လို့တော့ ခုလိုဆိုပါတယ်။
“ဝန်အားလျော့ရတာကတော့ လောပိတဘက်က ဓာတ်အားပေးစက်ရုံတွေရှိတယ်လေ။ အဲဒီဘက်က ဆက်သွယ်ထားတဲ့ ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံရတော့ အဲဒီဘက်ကစက်ရုံက ဒီဘက်ကို ဓာတ်အားမပို့နိုင်ဘူး။ အဲဒါကြောင့် ဓာတ်အားစနစ်လျော့သွားတာပေါ့၊ ရေအား လျှပ်စစ်ကလည်း အရင်ကလောက်တော့ မရှိတော့ဘူး။ Levelလျော့လာတာတော့ စွမ်းအားမြင့် သိပ်မထုတ်နိုင်ဘူးပေါ့နော်၊ အရင်ထုတ်နိုင်တဲ့ ပမာဏထက် လျော့လာရတယ်ပေါ့။”
လျှပ်စစ်မီးတွေ အခုလို ဖြတ်တောက်ခံနေရတာကြောင့် ပြည်သူတွေမှာ နိစ္စဓူဝလုပ်ငန်းတွေ လုပ်နိုင်ဖို့ အတော်လေး အခက်ကြုံနေရပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှုများလာပါတယ်။ လျှပ်စစ်မီးပုံမှန် မရတာကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသလို တိုင်းပြည်ရဲ့ဝင်ငွေကို တိုက်ရိုက်ထိခိုက်စေတယ်လို့ ရခိုင်နိုင်ငံရေး လေ့လာ သုံးသပ်သူတဦးဖြစ်တဲ့ ကိုထွန်းကြည်က ပြောပါတယ်။
“ဒီဘက် ဒီမိုကရေစီသက်တန်း ဆယ်စုနှစ်တခုမှာ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ပုံစံတွေ တော်တော်တိုးတက်လာတယ်လို့ပြောလို့ရတယ်။ အခုဆိုရင်လည်း မြို့ပေါ်လူအများစုဟာ လျှပ်စစ်မီးကို အခြေခံပြီးတော့ လုပ်ငန်းတွေ လည်ပတ်ကြတာကို တွေ့ရတယ်။ ...ဆိုတော့ ဒီအချိန်မှာ လျှပ်စစ်မီးသာ ဆက်ပြီးတော့ ပြတ်နေမယ်၊ ဒီလိုပဲ အချိန်ပိုင်းနဲ့ ပေးနေမယ်ဆိုရင်တော့ နိုင်ငံရဲ့ဝင်ငွေကို တိုက်ရိုက်ထိခိုက်မှုတွေ ရှိနိုင်တယ်။ နောက် ပြီးတော့ လူတွေရဲ့ ဆင်းရဲမွဲတေမှုက ပိုပြီးတော့ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ လုပ်ငန်းတွေက တိုက်ရိုက်မလည်ပတ်နိုင်တော့ဘူး။ နောက်ပြီးတော့ တပိုင်တနိုင် လျှပ်စစ် ကို အခြေခံပြီးတော့ လုပ်စားနေတဲ့သူတွေအနေနဲ့လည်း ဘယ်လိုမှ အဆင်မပြေဘူး။ မီးလာမယ့်အချိန်ကို ထိုင်စောင့်နေရတာနဲ့ပဲ အချိန်ကုန်နေတော့ အလုပ်သမားကုန်ကျစရိုတ်ရယ်၊ ထွက်လာမယ့်ထုတ်ကုန်တွေရယ်၊ အဲဒီထိခိုက်မှုတွေ အများကြီးရှိလာတဲ့အတွက် လျှပ်စစ်မီးဖြတ်တောက်ခံနေရတာဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ပိုပြီးတော့ ဆိုးဆိုးရွားရွားဖြစ်သွားနိုင်တယ်လို့လည်း ကျနော်မြင်ပါတယ်။”
ဘီလူးချောင်း လောပိတရေအားလျှပ်စစ်စက်ရုံက ပို့လွှတ်ပေးတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတချို့ ဖောက်ခွဲခံရတာ၊ ရွှေသဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်က ရေအောက်ပိုက်လိုင်း ပြုပြင်နေနဲ့ LNG ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ပိတ်လိုက်ရတာတွေကြောင့် မတ်လ ၁၂ ရက်ကနေ ၁၈ ရက်အထိ တချို့ဒေသတွေကို ၂၄ နာရီ ဝန်အားလျှော့ချသွားမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာတော့ လျှပ်စစ်မီးပြတ်တဲ့ ဒုက္ခ၊ စက်သုံးဆီ ဈေးနှုန်းတွေ ကြီးမြင့်ဒုက္ခတွေကို နိုင်ငံတဝန်းက ပြည်သူတွေ ခံစားနေကြရပါတယ်။
=================