သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ရာဇဝတ္မႈက်ဴးလြန္သူေတြ တာဝန္ခံမႈတာဝန္ယူမႈရွိဖို႔ EU ႀကိဳးပမ္း 


ယူကရိန္းႏိုင္ငံအေနာက္ဘက္ျခမ္းက Lviv ၿမိဳ႕မွာ သံုးရက္ၾကာ က်င္းပေနတဲ့ စစ္ရာဇဝတ္မႈဆုိင္ရာညီလာခံကိုတက္ေရာက္လာတဲ့ ဥေရာပသမဂၢလႊတ္ေတာ္ဥကၠ႒ Roberta Metsola နဲ႔ယူကရိန္းသမၼတ Zelenskiy (မတ္လ ၄၊ ၂၀၂၃)

{{Zawgyi/Unicode}}

ယူကရိန္းအေနာက္ဘက္ၿမိဳ႕ႀကီးျဖစ္တဲ့ Lviv ၿမိဳ႕မွာ ၃ ရက္ၾကာက်င္းပတဲ့ စစ္ရာဇဝတ္မႈဆိုင္ရာညီလာခံကိုတက္ေရာက္ေနတဲ့ ဥေရာပသမဂၢလႊတ္ေတာ္ဥကၠ႒ Roberta Metsola က စစ္ရာဇဝတ္မႈက်ဴးလြန္သူေတြ တာဝန္ခံတာဝန္ယူမႈရွိေစဖို႔ အေရးႀကီးေၾကာင္း ေျပာလိုက္ပါတယ္။

“ၿငိမ္းခ်မ္းေရးအတြက္ေျပာဆိုၾကမယ္ဆိုရင္ တာဝန္ခံမႈတာဝန္ယူမႈကိစၥကို ေျပာရပါမယ္။ စစ္ရာဇဝတ္မႈက်ဴးလြန္တာေတြအတြက္ တာဝန္ရွိတဲ့ဘယ္သူမဆို ဒီကိစၥအတြက္ ျပန္လည္ေပးဆပ္ရပါမယ္။”- လို႔ ဥေရာပသမဂၢ လႊတ္ေတာ္ဥကၠ႒ ႐ိုဗက္တာ မက္ဆိုလာက သတင္းေထာက္ေတြကိုေျပာခဲ့ပါတယ္။

“ဒီစစ္ရာဇဝတ္မႈေတြကို ဘယ္လိုက်ဴးလြန္ခဲ့တယ္ဆိုတာက ျပႆနာမဟုတ္ပါဘူး။ အဓိက-က ဘယ္တုန္းကက်ဴးလြန္ခဲ့သလဲဆိုတာပါပဲ။ သမၼတ ဗလာဒီမာ ပူတင္ အပါအဝင္ အဲဒိက်ဴးလြန္သူေတြကို တရားဥပေဒအရ အေရးယူရမွာျဖစ္ပါတယ္။ အဲဒီလိုမွမလုပ္ႏိုင္ရင္ ၿငိမ္းခ်မ္းေရးဆိုတာ မရႏိုင္ပါဘူး”- လို႔လည္း သူကေျပာပါတယ္။

ယူကရိန္းဟာ တရားမွ်တေရးအတြက္ စုစည္းညီၫြတ္မႈဆိုတဲ့ေခါင္းစဥ္နဲ႔ စစ္ရာဇဝတ္မႈဆိုင္ရာညီလာခံတခုကို က်င္းပေနပါတယ္။

႐ုရွားေခါင္းေဆာင္ေတြအပါအဝင္ စစ္ရာဇဝတ္မႈက်ဴးလြန္သူေတြကို အေရးယူႏိုင္ဖို႔ ႏိုင္ငံတကာမဟာမိတ္ေတြစုစည္းၿပီး ဒီညီလာခံကို က်င္းပေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

{{Unicode}}

စစ်ရာဇဝတ်မှုကျူးလွန်သူတွေ တာဝန်ခံမှုတာဝန်ယူမှုရှိဖို့ EU ကြိုးပမ်း

ယူကရိန်းအနောက်ဘက်မြို့ကြီးဖြစ်တဲ့ Lviv မြို့မှာ ၃ ရက်ကြာကျင်းပတဲ့ စစ်ရာဇဝတ်မှုဆိုင်ရာညီလာခံကိုတက်ရောက်နေတဲ့ ဥရောပသမဂ္ဂလွှတ်တော်ဥက္ကဋ္ဌ Roberta Metsola က စစ်ရာဇဝတ်မှုကျူးလွန်သူတွေ တာဝန်ခံတာဝန်ယူမှုရှိစေဖို့ အရေးကြီးကြောင်း ပြောလိုက်ပါတယ်။

“ငြိမ်းချမ်းရေးအတွက်ပြောဆိုကြမယ်ဆိုရင် တာဝန်ခံမှုတာဝန်ယူမှုကိစ္စကို ပြောရပါမယ်။ စစ်ရာဇဝတ်မှုကျူးလွန်တာတွေအတွက် တာဝန်ရှိတဲ့ဘယ်သူမဆို ဒီကိစ္စအတွက် ပြန်လည်ပေးဆပ်ရပါမယ်။”- လို့ ဥရောပသမဂ္ဂ လွှတ်တော်ဥက္ကဋ္ဌ ရိုဗက်တာ မက်ဆိုလာက သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

“ဒီစစ်ရာဇဝတ်မှုတွေကို ဘယ်လိုကျူးလွန်ခဲ့တယ်ဆိုတာက ပြဿနာမဟုတ်ပါဘူး။ အဓိက-က ဘယ်တုန်းကကျူးလွန်ခဲ့သလဲဆိုတာပါပဲ။ သမ္မတ ဗလာဒီမာ ပူတင် အပါအဝင် အဲဒိကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူရမှာဖြစ်ပါတယ်။ အဲဒီလိုမှမလုပ်နိုင်ရင် ငြိမ်းချမ်းရေးဆိုတာ မရနိုင်ပါဘူး”- လို့လည်း သူကပြောပါတယ်။

ယူကရိန်းဟာ တရားမျှတရေးအတွက် စုစည်းညီညွတ်မှုဆိုတဲ့ခေါင်းစဉ်နဲ့ စစ်ရာဇဝတ်မှုဆိုင်ရာညီလာခံတခုကို ကျင်းပနေပါတယ်။

ရုရှားခေါင်းဆောင်တွေအပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာမဟာမိတ်တွေစုစည်းပြီး ဒီညီလာခံကို ကျင်းပနေတာဖြစ်ပါတယ်။

XS
SM
MD
LG