သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔ဖလားေဘာလုံးၿပိဳင္ပြဲ တရက္ေစာက်င္းပမည္ 


ကမၻာ့ဖလားေဘာလံုးပြဲက်င္းပမယ့္ကာတာႏိုင္ငံ ျမင္ကြင္း။  

[[Zawgyi/Unicode]]

ဒီႏွစ္ Qatar ႏိုင္ငံမွာ က်င္းပမယ့္ ကမာၻ႔ဖလားေဘာလုံးပြဲကို မူလက စီစဥ္ထားထားထက္ တရက္ေစာၿပီး ႏို၀င္ဘာ ၂၀ ရက္ေန႔မွာ ဖြင့္ပြဲက်င္းပဖို႔ FIFA ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္က တညီတၫြတ္တည္း သေဘာတူလိုက္ပါတယ္။

ပထမဆုံး အဖြင့္ပဲြစဥ္အျဖစ္နဲ႔ အိမ္ရွင္ ကာတာနဲ႔ အီေကြေဒါအသင္းတို႔ ကစားၾကမွာျဖစ္ပါတယ္။

မူလအစီအစဥ္အရေတာ့ ႏိုဝင္ဘာ ၂၁ ရက္ေန႔က်ရင္ အိမ္ရွင္ ကာတာနဲ႔ အီေကြေဒါ ပဲြမတိုင္ခင္မွာ ဖြင့္ပဲြကို က်င္းပဖို႔ စီစဥ္ထားၿပီး အဲဒီမတိုင္ခင္မွာ Senegal နဲ႔ Netherlands ၊ အဂၤလန္နဲ႔ အီရန္တို႔ပဲြေတြကို ကစားဖို႔ စီစဥ္ထားတာပါ။

ပုံမွန္အားျဖင့္ ဖြင့္ပြဲအခမ္းအနားကို ပထမပြဲစဥ္မတိုင္ခင္မွာ က်င္းပေလ့ရွိၿပီး အခုလို ဖြင့္ပဲြမတိုင္ခင္မွာ ပဲြစဥ္ ၂ ခုကို ကစားဖို႔ စီစဥ္တာဟာ အရင္က တခါမွ မက်င္းပဖူးတဲ့ အစီအစဥ္ျဖစ္တာေၾကာင့္ ပဲြစဥ္ေတြကို ျပန္ျပင္ဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

အုပ္စု A ထဲက Senegal နဲ႔ Netherlands တို႔ရဲ႕ ပဲြကိုေတာ့ Qutar နဲ႔ Ecuador တို႔ လစ္လပ္သြားတဲ့ေနရာမွာ ကစားဖို႔ ေရႊ႕ဆိုင္းလိုက္ပါတယ္။ ပြဲစဥ္အေျခအေန သုံးသပ္ခ်က္၊ လက္ေတြ႔က်င္းပဖို႔စီစဥ္ရတဲ့အေနအထားနဲ႔ အိမ္ရွင္နဲ႔ သက္ဆိုင္ရာႏိုင္ငံေတြအၾကား ညွိႏႈိင္းၿပီး ဆုံးျဖတ္လိုက္တာလို႔ FIFA ေဘာလုံးအဖြဲ႔ခ်ဳပ္က ေျပာပါတယ္။

လက္မွတ္ဝယ္ထားတဲ့သူေတြကို သူတို႔ၾကည့္မယ့္ပြဲစဥ္ေတြ ေရႊ႕ဆိုင္းလိုက္တဲ့အေၾကာင္းနဲ႔ ပြဲစဥ္အခ်ိန္စာရင္းအသစ္မွာ ၾကည့္ဖို႔ အက်ဳံးဝင္တဲ့အေၾကာင္း FIFA ေဘာလုံးအဖြဲ႕ခ်ဳပ္က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ တရက်စောကျင်းပမည်

ဒီနှစ် Qatar နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပွဲကို မူလက စီစဉ်ထားထားထက် တရက်စောပြီး နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဖွင့်ပွဲကျင်းပဖို့ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က တညီတညွတ်တည်း သဘောတူလိုက်ပါတယ်။

ပထမဆုံး အဖွင့်ပွဲစဉ်အဖြစ်နဲ့ အိမ်ရှင် ကာတာနဲ့ အီကွေဒေါအသင်းတို့ ကစားကြမှာဖြစ်ပါတယ်။

မူလအစီအစဉ်အရတော့ နိုဝင်ဘာ ၂၁ ရက်နေ့ကျရင် အိမ်ရှင် ကာတာနဲ့ အီကွေဒေါ ပွဲမတိုင်ခင်မှာ ဖွင့်ပွဲကို ကျင်းပဖို့ စီစဉ်ထားပြီး အဲဒီမတိုင်ခင်မှာ Senegal နဲ့ Netherlands ၊ အင်္ဂလန်နဲ့ အီရန်တို့ပွဲတွေကို ကစားဖို့ စီစဉ်ထားတာပါ။

ပုံမှန်အားဖြင့် ဖွင့်ပွဲအခမ်းအနားကို ပထမပွဲစဉ်မတိုင်ခင်မှာ ကျင်းပလေ့ရှိပြီး အခုလို ဖွင့်ပွဲမတိုင်ခင်မှာ ပွဲစဉ် ၂ ခုကို ကစားဖို့ စီစဉ်တာဟာ အရင်က တခါမှ မကျင်းပဖူးတဲ့ အစီအစဉ်ဖြစ်တာကြောင့် ပွဲစဉ်တွေကို ပြန်ပြင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အုပ်စု A ထဲက Senegal နဲ့ Netherlands တို့ရဲ့ ပွဲကိုတော့ Qutar နဲ့ Ecuador တို့ လစ်လပ်သွားတဲ့နေရာမှာ ကစားဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ ပွဲစဉ်အခြေအနေ သုံးသပ်ချက်၊ လက်တွေ့ကျင်းပဖို့စီစဉ်ရတဲ့အနေအထားနဲ့ အိမ်ရှင်နဲ့ သက်ဆိုင်ရာနိုင်ငံတွေအကြား ညှိနှိုင်းပြီး ဆုံးဖြတ်လိုက်တာလို့ FIFA ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

လက်မှတ်ဝယ်ထားတဲ့သူတွေကို သူတို့ကြည့်မယ့်ပွဲစဉ်တွေ ရွှေ့ဆိုင်းလိုက်တဲ့အကြောင်းနဲ့ ပွဲစဉ်အချိန်စာရင်းအသစ်မှာ ကြည့်ဖို့ အကျုံးဝင်တဲ့အကြောင်း FIFA ဘောလုံးအဖွဲ့ချုပ်က ပြောဆိုထားပါတယ်။

XS
SM
MD
LG